spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်က စစ်ကောင်စီတပ်ရင်းတွေကို ပူးပေါင်းဖို့ ဖိတ်ခေါ်တာ နောက်ဆုံးအကြိမ်ဖြစ်နိုင်ကြောင်း KNDFဆို

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ အချိန်နောက်မကျခင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDFနဲ့ အမြန်ဆုံး လာရောက်ပူးပေါင်းပေးဖို့ ဖိတ်ခေါ်တဲ့စာကို စက်တင်ဘာ(၈)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ဖိတ်ခေါ်တာ နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်တယ်လို့ KNDFပြောဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

” အဓိက ဒါက နောက်ဆုံးဖိတ်ခေါ်တဲ့ စာလည်း ဖြစ်နိုင်တယ်။ ရေးထားတဲ့အတိုင်းမျိုးပေါ့။ ကျနော်တို့ နယ်မြေခံတွေ အခုကျနော်တို့ ပြည်နယ်ကို ရောက်နေတဲ့ ရဲတွေ စစ်တပ်တွေ လူထုနဲ့ ပူးပေါင်းဖို့ အချိန် နောက်မကျသေးဘူး။ အဲ့တာကြောင့် အမြန်ဆုံး ပြန်လာပူးပေါင်းဖို့ ကျနော်တို့ ကနေ ကြိုဆိုတဲ့စာကိုလေ ကျနော်တို့ အထဲမှာ ရေးထားတဲ့အတိုင်းပါပဲ။ ပူးပေါင်းခဲ့ရင်တော့ ကျနော်တို့ ထိုက်သင့်လျောက်ပတ်တဲ့ ဆုကြေးငွေ လုံခြုံတဲ့နေရာထားပေးဖို့ ကျနော်တို့ အားလုံးစီစဥ်ပြီးသား စီစဥ်ပြီးပြီဖြစ်တယ်ပေါ့။ “

ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲဖြစ်နေတာ ၃ လကျော်ရှိလာပြီဖြစ်ပြီး စစ်သားတွေ၊ရဲတွေ မုန်းလို့ တိုက်နေတာ မဟုတ်သလို NLDအတွက်၊ တိုင်းရင်းသားပါတီတွေအာဏာရရေးအတွက် တိုက်နေတာ မဟုတ်ကြောင်းပါရှိပါတယ်။ တိုင်းပြည်အပေါ် နှစ်ပေါင်း ၆၀ ကျော် လက်နက် အားကိုး ဗိုလ်ကျပြီး ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစား လုပ်နေတဲ့ စစ်ဗိုလ်တစ်စုနဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်နိုင်ဖို့အတွက် တော်လှန်နေကြချိန်မှာ အမြန်ဆုံး ပြီးမြောက်အောင် မြင်ဖို့အတွက် အဖိနှိပ်ခံ ပြည်သူတွေဖက် ရပ်တည်ပေးဖို့ လည်း ပါရှိပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်ဖို့ရှိပြီး အခုရက်ပိုင်းအတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

spot_img
spot_img