spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ မေလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၀၀) ရှိခဲ့ပြီး အာဏာသိမ်းကာလအတွင်း အများဆုံးတိုက်ခိုက်ခဲ့

Author

Date

Category

ဖိလစ်မြတ်အောင် (MMTI)

ကရင်နီပြည်မှာ မေလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ် ၁၀၀ ရှိခဲ့ပြီး ၎င်းထက်လည်း များနိုင်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

PKPF ကကောက်ယူထားတဲ့ အချက်အလက်အရ , အာဏာသိမ်းကာလ တစ်လျှောက်လုံးမှာ ၂၀၂၃ မေလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေအများဆုံးရှိခဲ့တယ်လို့ (PKPF) တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

” မေလအများဆုံးရှိတယ်။မေလမှာအများဆုံးဖြစ်ပြီးတော့ မတ်လမှာက ၉၈ ကြိမ်ရှိခဲ့တယ်ပေါ့နော။မတ်လက ဒုတိယအများဆုံးပေါ့ “

တိုက်ပွဲတွင်းမဟုတ်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၆ ဦး၊ အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၎င်းတို့အနက် ၁၈ နှစ်အောက်ကလေးငယ် ၂ ဦးပါ၀င်တယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ စစ်ရှောင်ပြည်သူရှိရာနေရာ ၊ တော်လှန်ရေးရဲဘော်တွေရဲ့ စခန်းမှာ လေ​ယာဥ်ဗုံးကျဲ ပြီး လက်နက်ကြီးတွေနဲ့ အမြဲ ပစ်ခတ်နေတာလို့ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

မေလလယ်မှာ လေကြောင်းသုံး ပစ်ခတ်မှုအကြိမ်ရေများလာတယ်လို့ သူက အခုလိုပြောပါတယ်။

” တွေ့ရသလောက်ဆိုရင်တော့ မေလရဲ့လလယ် အကုန်နားလေးမှာပေါ့ အဲ့မှာတော့တော်တော်လေး တောက်လျှောက်တွေ့နေရတယ်။ အများအားဖြင့်လာတဲ့ချိန်က ည ၁၂နာရီနောက်ပိုင်း မနက် ၅နာရီအထိပေါ့ အဲဒီချိန်။ အိပ်တဲ့ချိန်မှာတော်တော်လေးတော့ ပိုသွားတာတော့တွေ့ရတယ်ပေါ့နော “

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဘာသာရေးအဆောက်အဦး ၂ လုံး ၊လူနေအိမ် ၆၂ လုံး ပျက်စီးခဲ့ရတယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကရင်နီပြည်နယ်မှာ အာဏာသိမ်းစ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ မေလအထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၄၆၃) ကြိမ်ရှိခဲ့တယ်လို့ PKPF ကထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်မှာ ယနေ့ထိတိုက်ပွဲပြင်းထန်လျက်ရှိ​နေပြီး လူဦးရေ ၃သိန်း၀န်းကျင်ရှိသည့်အနက် ၂သိန်းကျော်ခန့်စစ်ရှောင်နေရဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts