spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

“ကရင်နီပြည်သူ့ရင်ခွင်” တာဝန်ခံ ကိုယုန်လေးနဲ့ ဆက်သွယ်မေးမြန်းခြင်း။

CDM စစ်သားတွေ ခိုလှုံရာနေရာတစ်ခုဖြစ်တဲ့ “ကရင်နီပြည်သူ့ရင်ခွင်” တာဝန်ခံ ကိုယုန်လေးနဲ့ ဆက်သွယ်မေးမြန်းခြင်း။

မေး ။     ။ အရင်ဆုံး ဆရာ့နာမယ်နဲ့ CDM ဌာနမှာ တာဝန်ယူမှုအပိုင်းလေး မိတ်ဆက်ပေးပါ။

ဖြေ။     ။ ဟုတ်ကဲ့ ကျနော်ယုန်လေးပါ။ အခန်းကဏ္ဍတော့ ပထမနံပါတ် ၁ တစ်ချက်က ကရင်နီပြည် ပြည်သူ့ရင်ခွင်အစီစဉ်မှာက အဓိကတာဝန်ခံဖြစ်တယ်ပေါ့နော။ ပြီးတော့ ကရင်နီပြည် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ CDM စစ်သားတွေကို အကုန်လုံးစုဆောင်းပြီးတော့ ကျနော်တို့ ဒါ CDMဌာနပေါ့နော။  အဓိက ဌာနမှူးအဖြစ် တာဝန်ယူထားတယ်ပေါ့နော်။

မေး။     ။ CDM ဌာနရဲ့ လည်ပတ်မှု၊ အဓိက ဘာတွေဆောင်ရွက်တာတွေရှိလဲ။

ဖြေ။     ။ ဒီဌာနကကျနော်တို့ အဓိကလည်ပတ်တာတော့ ဒီကျနော်တို့KNDFရဲ့ ညွန်ကြားမှုအောက်မှာ အဓိကသွားတယ်။ လည်ပတ်တာလည်း ဒီပုံမှန်က ကျနော်တို့KNDFရဲ့ စစ်ဆေးရေးပဲဖြစ်ဖြစ်ပေါ့ ပြည်သူ့ရင်ခွင်ခိုလှုံ လာတဲ့လူပဲဖြစ်ဖြစ်ပေါ့ ကျနော်တို့ ခေါ်တာလုပ်တယ်။ သွားပြီးတော့ စစ်ကူသွားတာမျိုးတွေလုပ်တယ်။ နောက် ဒီ ကျန်တဲ့အပိုင်းကတော့ ကျနော်တို့ ရိုးရိုး KNDFတပ်ရင်းလူလိုပဲပေါ့နော။ ကျန်တာ ဒီထွေထွေထူးထူးတော့မရှိသေးဘူးပေါ့နော။

 မေး။     ။ အဓိက စိန်ခေါ်မှုဘာရှိမလဲ။

ဖြေ။     ။ CDMစစ်သားတွေကို စုဆောင်းတဲ့အခါမှာ အဓိက စိန်ခေါ်မှုလို့ပြောရင် ကျနော်တို့နံပါတ် ၁ တစ်ချက်က ခေါ်ယူရေးအစီစဉ်မှာကတော့ ဒီလုံခြုံရေးပိုင်းဆိုင်ရာတော့ ဒါကျနော်တို့အတွက်စိန်ခေါ်မှုပေါ့နော။ အများကြီးပေးဆပ်ရတယ်။ အချိန်ပေးရတယ်။ တခါတလေကျနော်တို့သွားပြီးတော့ ခေါ်လိုက်တယ်။ မထွက်လာတဲ့ဟာတွေဖြစ်တယ်ပေါ့နော။ ပြီးတော့ အကယ်၍ဒီမှာရောက်လာရင်တောင်မှ ကျနော်တို့လုံခြုံရေး ပိုင်းဆိုင်ရာကို သေချာစီစစ်ရတယ်။ သေချာအောင်စောင့်ကြည့်ရတယ်။ ပြီတော့ စည်းကမ်းတွေကိုလည်း သေချာချရတယ်။ ဘာလို့ဆိုတော့ ကျနော်တို့အတွက်အများကြီး ဒါအန္တာရာယ်ဖြစ်တဲ့ဟာလည်း ဖြစ်တယ်ပေါ့နော။ အဲ့ဒါတွေလည်းစဉ်းစားရတယ်။ သူတို့ကိုစုဆောင်းရတဲ့ဟာတွေလည်း ဘယ်လိုပြောရမလဲ ဒီစားဝတ်နေရေးတို့ သွားရေးလာရေးတွေကတော့ ဒါလောလောဆယ်ကျနော်တို့တွက် စိန်ခေါ်မှုလို့ပြောရမှာပေါ့။

 မေး။     ။  ကရင်နီပြည်သူ့ရင်ခွင်ရဲ့ လုပ်ဆောင်ချက်အောင်မြင်မှု ဘယ်အတိုင်းအတာထိ ရောက်နေပြီလို့ ပြောလို့ရလဲ။

ဖြေ။     ။ ကျနော်တို့တွေ ဒီCDMဌာနရယ် ကရင်နီပြည်သူ့ရင်ခွင်ရဲ့ လုပ်ဆောင်ချက်က ခရီးတော့ရောက်သွားပြီလို့ ခရီးတစ်ခုရောက်သွားပြီလို့ပဲ ပြောလို့ရတယ်ပေါ့နော။ အတိုင်းတာကိုတော့ ကျနော်တို့ပြောလို့မရသေး ပေမယ့်လည်း ခရီးတစ်ခုရောက်သွားပြီ။ ပြီးတော့ တစ်ချက်ကြည့်ရမှာက ကျနော်တို့ဒီဘယ်နားမှာမှမရှိသေးတဲ့ ကျနော်တို့ စစ်သား ဒီ CDMစစ်သားဌာနဆိုတာက ဒါကမြန်မာနိုင်ငံမှာက မရှိသလောက်ဖြစ်နေတယ်ပေါ့နော။ ကျနော်တို့သိသလောက်ကတော့ ဒါကျနော်တို့ဒါပထမဆုံးပဲဖြစ်တယ်ပေါ့နော။ ပြီးတော့ ဒါကျနော်တို့ ဘယ်လိုဖြစ်ဖြစ်နိုင်ငံရေးအရ ဒါကျနော်တို့ ခရီးတစ်ခုထိရောက်ပြီလို့ပဲ ကျနော်တို့ပြောလို့ရတယ်ပေါ့နော။

 မေး။     ။ CDM ပြုလုပ်လာတဲ့ စစ်သားတွေကို ဘယ်လိုအစီအစဉ်နဲ့ အုပ်ချုပ်တာတွေ ဆောင်ရွက်ပေးတာတွေရှိလဲ။

ဖြေ။     ။ CDMကို အုပ်ချုပ်တာက ကျနော်တို့ဒီ KNDFရဲ့ အက်ဥကဒေ ထွက်တယ်ပေါ့နော။ အဲ့ဥပဒေကို အခြေခံပြီး ကျနော်တို့အုပ်ချုပ်သွားတာဖြစ်တယ်။ ပြီးတော့ဒါအကုန်လုံးကို ဒီအဆင့်ဆင့်လိုက် ကျနော်တို့အုပ်ချုပ်မှုတွေ သွားတယ်။ ဆင့်ကဲဆင့်ကဲပေါ့နော။ ပြီးတော့ ကဏ္ဍအသီးသီးကတာဝန်ယူရတယ်။ ဒါပေမယ့် ဒါကျနော်တို့အကုန်လုံးချပြလို့ အဆင်မပြေတဲ့အနေထားမျိုးတွေဆို လောလောဆယ်က ဒီလောက်ပဲပြောလို့ရတယ်ပေါ့နော။

 မေး။     ။ ကရင်နီပြည်သူ့ရင်ခွင်ထဲကို စစ်သားတွေ ဘာကြောင့် CDM ပြုလုပ်လာကြတယ်လို့ မြင်လဲ။

ဖြေ။     ။ CDMစစ်သားတွေရောက်လာတဲ့အပေါ်မှာကတော့ နံပါတ် ၁ တစ်ချက် နိုင်ငံရေးအရပြောမယ်ဆိုရင် ဒါ ဒီမတရားအာဏာသိမ်းတဲ့စစ်ကောင်စီကို လက်မခံတာ လက်မခံနိုင်တဲ့ ခံစားချက်တွေ ဖြစ်လာတယ်ပေါ့နော။ ဒုတိယချက်က ဘာလဲဆိုတော့ အဲ့စစ်သားရဲ့လက်ရှိ သူတို့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေစဉ် အခက်ခဲတွေအများရှိတယ်ပေါ့နော။ လုံးဝဘယ်လိုပြောရမှာလဲ မိသားစုနဲ့ပြန်တွေ့လို့မရတဲ့အနေထားမျိုးရယ်၊ ပြီးတော့စစ်မြေပြင်မှာတစ်ချိန်လုံးပဲ ထိုးကျွေးခံရပြီး သေနေတယ်။ အနေအထားမျိုးတွေရှိတယ်ပေါ့နော။ အဲ့အဖြစ်ပျက်မျိုးကို သူတို့တွေလည်း မခံချင်လို့ထွက်လာတယ်လို့မြင်တယ်ပေါ့နော။ တတိယတစ်ချက်အနေကဘာလဲဆိုတော့ တချို့စစ်မြေပြင်မှာ တော်တော်လေးစဉ်းစားစရာလေး ဘာလဲဆိုတော့ သူတို့ဒဏ်ရာရသွားတာ ဒဏ်ရာရသွားလို့ ခေါ်လို့မရ ဆွဲလို့မရရင် အကုန်ပစ်သတ်လိုက်တဲ့အနေထားမျိုးရှိတယ်ပေါ့နော။ ဒါမျိုးတွေလည်းတွေ့ကြုံရတယ်။ အဲ့ဟာကိုတွေ့ကြုံရတဲ့လူတွေလည်း ဒါသူတို့အလှည့်ဖြစ်သွားခဲ့ရင် သူတို့လည်း ဒါရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဒါမရင်ဆိုင်ခင်မှာ သူတို့ရုန်းထွက်ကြတယ်။ မရင်ဆိုင်ရခင်မှာ ဒါကစစ်သားတွေထွက်ပြေးလာကြတယ်လို့ပဲ မြင်တယ်ပေါ့နော်။ ဒါကျနော်တို့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဒီတော်လှန်ရေးထဲမှာသွားတော့ PDFတွေKNDFတွေထဲမှာ ရောက်တော့ ကျနော်တို့အနည်းဆုံးတော့ အသက်ရှင်အုံးမှာပဲဆိုတဲ့‌ မျော်လင့်ချက်နဲ့ထွက်လာတဲ့ဟာတွေရှိတယ်ပေါ့နော။ ဒါကတော့ သူတို့ပုံစံအမျိုးမျိုးနဲ့ ထွက်လာကြတယ်လို့ပဲ ကျနော်မြင်တယ်ဟုတ်။

မေး။     ။ CDM မလုပ်ရသေးတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေကို ဘာပြောချင်တာရှိလဲ။

ဖြေ။    ။ CDM မလုပ်သေးတဲ့စစ်သားတွေကိုတော့ အဓိကပြောချင်တယ်။ ဒီလောက် စစ်ကောင်စီတွေကျဆင်းနေတယ်ပေါ့နော။ စစ်ကောင်စီတွေ မြေပြင်မှာလည်းရှုံးနေတယ်။ လေပေါ်မှာလည်းရှုံးနေတယ်ပေါ့နော။ လက်ရှိကဏ္ဍအသီးသီးက ရှုံးနေတယ်။ စီးပွားရေးအရကြည့်ရင်လည်း ရှုံးနေတယ်ပေါ့နော။ အဲ့ကဏ္ဍအသီးသီးကြည့်တာကို ကျနော်တို့အဲ့တာကြည့်ပြီးတော့ အခြေခံရမှာဖြစ်တယ်ပေါ့နော။ ကျနော်တို့ရွေးချယ်မှုမှန်ဖို့လိုတယ်။ လူထုနဲ့ရပ်တည်ပြီး လူထုနဲ့အတူတူ ကျနော်တို့ဒီအာဏာရှင်စနစ်ကို အတူတွန်းလှန်ဖို့ ပြောချင်တယ်။ စစ်ကောင်စီအောက်မှာ အခုလက်ရှိထိ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေကိုလည်းပြောချင်တယ်။ ခင်ဗျားတို့လည်းဒီအာဏာရှင်ကိုကြိုက်မှာမဟုတ်ဘူးပေါ့နော။ အာဏာရှင်စနစ်ကိုကြိုက်မှာမဟုတ်ဘူးဆိုတာလည်း ကျနော်တို့ ယုံကြည်တယ်။ အဲ့တော့ ဘာပဲပြောပြောပါ ရုန်းထွက်လာပေးဖို့ ပြောချင်တယ်။ လူထုနဲ့တစ်သားတည်းလာပြီးတော့ ပူးပေါင်းပြီး ကျနော်တို့ ဒီစနစ်သစ်တစ်ခုပေါ်ပေါက်ထိ တိုက်ပွဲဝင်သွားဖို့ ပြောချင်တယ်။ ပြီးတော့ အကယ်၍ထွက်လာချင်တယ် ကျနော်တို့လူထုနဲ့ တူတူပူးပေါင်းချင်တယ်ဆိုရင် ကျနော်တို့ကရင်နီပြည်ပြည်သူ့ရင်ခွင် pageကို လာပြီးဆက်သွယ်လို့ရတယ်။ ကရင်နီပြည်ပြည်သူ့ရင်ခွင် pageမှာလည်းကျနော်တို့ ဖုန်းနံပါတ်တွေ တင်ထားပေးတာ ရှိတယ်ပေါ့နော။ အဲ့ဒါအဲ့ကနေလာပြီးတော့ ချိတ်ဆက်ပေးပါ။ ကျနော်တို့အတတ်နိုင်ဆုံးကြိုဆိုပေးတယ်။ သွားပြီးတော့ ခေါ်ယူပေးတယ်။ လုံခြုံတဲ့အသက်အန္တာရာယ်ကို အားမခံချက်ပေးတယ်ပေါ့နော။ ကျနော်တို့ လုံခြုံအောင်ထားပေးတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောချင်တယ်ပေါ့နော။

မေး။     ။ နောက်ထပ် CDM ပြုလုပ်လိုတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေကို ဘယ်လိုအသိပေး ပြောဆိုချင်လဲ။ တိုက်တွန်းချင်တာရှိလဲ။

ဖြေ။     ။ ကျနော်တို့ CDMဌာနကိုက ကျနော်တို့က ကရင်နီပြည်သူ့ရင်ခွင် Pageကိုပဲ အဓိကသုံးလာတာ ဖြစ်တယ်ပေါ့နော။ အဲ့တော့အကယ်၍ဆက်သွယ်ချင်တယ် ဟိုလာပြီးတော့ Join ချင်တယ်ဆိုရင် ကျနော်တို့ဒီ ကရင်နီပြည် ပြည်သူ့ရင်ခွင်ကနေ လှမ်းပြီးတော့ချိတ်လို့ရပါတယ်။ ကျနော်တို့အဲ့မှာလည်းအမြဲတမ်းရှိတယ်ပေါ့နော်။ ကျနော်တို့အရေးတော်ပုံအောင်ပြီးတဲ့ခါမှာ ကျနော်တို့သမိုင်းမရိုင်းဖို့ အခုကတည်းကရုန်းထွက်လာပေးဖို့ပြောချင်တယ်။ကျနော်တို့ခု အနေသာတယ်ဆိုပြီး ဆက်မနေပဲနဲ့ ဒီအချိန်မှာ ကျနော်တို့တစ်ချိန်ချိန်ကြရင် အထူးကျွေးခံရမယ်။ အဲ့ချိန်ကြရင် ကျနော်တို့ သူတို့ခိုင်းတာပဲ လုပ်နေရတာဆိုတာ သိထားဖို့လိုတယ်။ အဲ့တော့ အများဆုံးထွက်ပြီးတော့ ဒီသူတို့ရဲ့ လက်အောက်မှာတာဝန်မထမ်းဆောင်ပြီးဖို့ ပြီးတော့ အမြန်ဆုံးရုန်းထွက်ဖို့ ပြောချင်တယ်။

spot_img
spot_img