spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ၂၀၂၂ခုနှစ်အတွင်း ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းချက်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ရဲ့ ၂၀၂၂ခုနှစ်အတွင်း ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး KNPP အတွင်းရေးမှူး( ၂ ) ဦးအောင်ဆန်းမြင့်ကို ကန္တာရဝတီတိုင်း( မ် ) က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဆရာတို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ဒီလက်ရှိမှာ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ အခုအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပေါ့နော။ ပိုပြီးတော့မှ ကျနော်တို့ ဒီလက်နက်ကိုင်တော်လှန်ရေးကို ဒီဒေသခံလူငယ်လူရွယ်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာ ရှိပါတယ်။ ဆိုတော့ ယခင်တုန်းကတော့ ကျနော်တို့ KNPP အနေနဲ့ပဲပေါ့နော်။ ကျနော်တို့က စဉ်းစားဆောင်ရွက်တာဖြစ်တယ်။ ဒါပေမယ့်လည်း ကျနော်တို့အနေနဲ့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ KSCC ဆိုတဲ့ဟာကို ကျနော်တို့ ဖွဲ့စည်းပြီးတော့မှ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကိုယ်စားပြုနိုင်အောင် ဆိုပြီးတော့မှ ကျနော်တို့ ကြိုးစားဆောင်ရွက်တာ ရှိပါတယ်။ ဆိုတော့ အဲ့ထဲမှာလည်း ကျနော်တို့ ကိုယ်စားလှယ်တွေ ပါတယ်ပေါ့။ ဒါကလည်း နိုင်ငံရေးအရပေါ့နော် ကျနော်တို့ ပူးပေါင်းဆောင်ရွက်တယ်။ ဒါ့အပြင်ကို NUG, NUCC မှာလည်း ကျနော်တို့ KNPP ကိုယ်စားလှယ်တွေတိုက်ရိုက်ပါဝင်တယ်။ ဒါကလည်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ ဒါ့အပြင်ကို ကျနော်တို့ လက်နက်ကိုင် မဟာမိတ် အဖွဲ့အစည်းတွေနဲ့ပေါ့။ ကျနော်တို့က အနာဂတ်ဖက်ဒရယ်ရေးရာအတွက်ပေါ့။ ဒီလိုအပ်တဲ့ အခြေခံမူတွေကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်တာရှိတယ်။ ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာရှိတယ်။ နိုင်ငံရေး စစ်ရေးကတော့ ကျနော်တို့ ထဲထဲဝင်ဝင် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေလည်းရှိပါတယ်။ ဒါတွေက ဘာကြောင့်လဲဆို ဒီနေ့ တော်လှန်ရေးမှာဆို လက်နက်ကိုင်မှာ ပါဝင်လာကြတဲ့ ကျနော်တို့ ကချင်၊ ကရင်၊ ကရင်နီ ၊ချင်း တွေပေါ့နော် ဒီအဖွဲ့တွေက ကျနော်တို့နိုင်ငံရေး အရကော စစ်ရေးအရကော ပူးပေါင်းပြီးတော့ ကျနော်တို့ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ ပြည်တွင်းနိုင်ငံရေးအနေအထား ပေါ့နော်။

မေး။ ။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ဘာတွေ ထူးခြားပြောင်းလဲအောင် လုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရနိုင်လဲ။

ဖြေ။ ။ ကျနော်တို့အဖွဲ့အစည်းက အခုဆိုလို့ရှိရင် ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ အာဏာမသိမ်းခင်နဲ့တော့ မတူတော့ဘူး။ အဲဒီခါကတော့ ကျနော်တို့ရဲ့ Structure ( ဖွဲ့စည်းပုံ )ကို ဒီထက် ပိုပြီးတော့ ပိုကောင်းအောင်ပေါ့။ Development လုပ်တာတွေရှိတယ်။ Organization Development ပေါ့နော် ဒါတွေကိုလည်း ကျနော်တို့ လုပ်တယ်။ ဒါ့အပြင်ကို အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်‌ဆောက်ရေးအတွက် ကျနော်တို့ မဟာဗျူဟာချ တာတွေ မူဝါဒတွေ ရေးဆွဲတာတွေ ဒါတွေကိုလည်း ကျနော်တို့ လုပ်ပါတယ်။

မေး။ ။ ၂၀၂၃မှာကော ဘယ်လိုတွေ ဆက်လုပ်ဆောင်သွားဖို့ရှိမလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ ပြည်တွင်းနိုင်ငံရေးကို အဲသလိုပေါ့နော် ဒီပြည်တွင်းမှာရှိတဲ့ State Holder နဲ့ ပူးပေါင်းဆောင်ရွက်သလို NUG , NUCC နောက် တိုင်းရင်းသားမဟာမိတ်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိသလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ က ပူးပေါင်းဆောင်ရွက်တာရှိပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းချိတ်ဆက်တာကတော့ တော်တော်ကြာပါြပီ။ ကျနော်တို့ KNPP ကတော့ အခုမှ မဟုတ်ပါဘူး။ ကျနော်တို့ တည်ဆောက်ထားတာတော့ တော်တော်ကြာပါပြီ။ ဒါကိုလည်း ကျနော်တို့ အရှိန်ပေါ့နော် ဒီထက်ပိုပြီးတော့မှ မြှင့်ပြီးတော့မှ ကျနော်တို့ လုပ်ဆောင်နေတာ ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ဒီနေ့ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေ အတွက်ပေါ့နော် ဒီလူသားချင်းစာနာမှု အထောက်ပံ့တွေကို ကျနော်တို့ မြန်မြန်ဆန်ဆန်နဲ့ လုံလုံလောက်လောက်ရရှိအောင် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေတာရှိတယ်။ ဒါကတော့ နိုင်ငံတကာဆက်ဆံရေးပေါ့နော်။ နောက်တခုက ကျနော်တို့ စစ်ရေးမှာပေါ့ စစ်ရေးမှာလည်း ကျနော်တို့ကတော့ ပူးပေါင်းဆောင်ရွက်နေတာရှိတယ်။ အဓိကကတော့ အဓိကတော့ KNDF နဲ့ KNPP ပေါ့နော် KA ကတော့ အဓိကပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ အတူတူ တိုက်ပွဲဝင်နေတယ် တခြား Local PDF တွေနဲ့လည်း ပူပေါင်းဆောင်ရွက်တာလည်းရှိပါတယ်။ ဆိုလိုတာက‌တော့ တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် မှန်သမျှနဲ့တော ကျနော်တို့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေတာတွေ ရှိတာပေါ့နော်။ ဆိုတော့ ဒါလေးတွေကတော့ ကျနော်တို့ လက်တွေ့လုပ်နေတဲ့ ပြီးခဲ့တဲ့အပိုင်းမှာ လုပ်သွားတဲ့ဟာတွေရှိတယ်။

မေး။ ။ တခြားဘာတွေထပ်ဖြည့်စွက်ပြောကြားချင်သေးလဲ။

ဖြေ။ ။ အရင်တုန်းကလို ကျနော်တို့ပုံမှန် ဌာနဆိုင်ရာတွေက လုပ်လို့မရတော့ မရတဲ့အတွက်ကြောင့်မို့လို့ ဒီနေ့ဒီအချိန်ကာလမှာ ကျနော်တို့က ပြည်နယ်အတွင်းမှာရှိတဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ လူထုအုပ်ချုပ်ရေး တွေက ကျနော်တို့ ဒါက အသစ်ပေါ့နော် ပြည်လည်ပြီးတော့မှ စဉ်းစားနေတာတွေ ရှိတယ်။ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်နိုင်မလဲ State Holder တွေနဲ့ပေါ့နော်။ တခြားအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ KNPP က ရှိပြီးသား အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး တွေကိုပေါ့နော် ကျတော်တို့ ဒါတွေကိုလည်း စဉ်းစားနေတာရှိပါတယ်။ ဆိုတော့ အဓိက ကျနော်တို့ ကြားထဲမှာ တစ်ဖက်နဲ့တစ်ဖက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတွေ လည်ဆောက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်တွေ ရှိဖို့ပဲလိုပါတယ်။ အဲလိုဆိုရင်တော့ ကျနော်တို့ အမြန်ဆုံးပေါ့ တော်လှန်ရေး ပြီးနိုင်မှာပေါ့။ အဲဒါပါပဲ။

spot_img
spot_img

Recent posts