spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ရေးချုပ် ခူးရီးဒူနှင့် တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေဆဲ ဒီးမော့ဆိုမြို့နယ် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းနယ်စပ် စစ်ရေးအခြေအနေအပြင် ကရင်နီပြည်ရဲ့စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ။ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ခုခံတော်လှန်ရေးအင်အားစုတွေရဲ့ စိန်ခေါ်ချက်၊ မြေပြင် အခက်အခဲတွေက ဘယ်လိုရှိနေလဲ ဆိုတာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)စစ်ရေးချုပ် ဖြစ်သလို အတွင်းရေးမှူး(၃)လည်း ဖြစ်တဲ့ ခူးရီးဒူနဲ့ ကန္တာရဝတီတိုင်း(မ်) ကတွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

“ မြန်မာ့တပ်မတော် လို့ပြောတဲ့ လက်ရှိ စစ်ကောင်စီ တောင်မှ လက်ရှိကျနော်တို့ မြန်မာနိုင်ငံထဲမှာ အသေးဆုံးသော ကရင်နီပြည်နယ် အသေးဆုံးသော လူဦးရေတွေကို သူတို့တောင်မှ မြေပြင်မှာတိုက်နေတယ်။ သူတို့(စစ်ကောင်စီ)ကို တန်ပြန်တစ်ခါတည်း အမြစ်ပြတ်တိုက်နိုင်ဖို့ ဆိုတဲ့ ဥစ္စာတွေကတော့ တချို့ အလုပ်မလုပ်ပဲနဲ့ လေပေါ်မှာ လျောက်ပြောနေတဲ့လူတွေရှိတယ်။ မြေပြင်ရဲ့ အနေအထားကို မသိပဲနဲ့။ သေးသေးမွှားမွှားသော ကရင်နီတောင်မှ သူတို့ရှိသမျှထုတ်သုံး တိုက်နေတဲ့အချိန်တောင်မှ မနိုင်တဲ့အချိန် ကျနော်တို့က သူတို့ကို တစ်နှစ်အတွင်း အမြစ်ပြုတ်တိုက်မယ်ဆိုတဲ့ ဟာက ဖြစ်နိုင်ချေနည်းတယ်။ ဒီလူ ဒီပုဂ္ဂိုလ်သည် တကယ်ရောတိုက်ရဲ့လားဆိုတဲ့ မေးခွန်းမေးချင်တဲ့ သူတွေလည်း ရှိလိမ့်မယ်။ ဒါပေမယ့် လာကြည့်ပါ မြေပြင်မှာ။ မြေပြင်ရဲ့ အနေအထားကို ကျနော်တို့ သိပြီးတော့မှ ပြည်သူကို အမှန်ကန်သော သတင်းစကားပဲ ကျနော်တို့ ပေးလိုတယ်။ အဲဒီအတွက်ကြောင့်မလို့ ပြည်သူတွေ အနေနဲ့လည်း ဒီတစ်နှစ်၊ နှစ်နှစ် အတွင်း ပြောတဲ့ ဥစ္စာတွေကို မယုံကြည်ဖို့ ကျနော့်အနေနဲ့ ပြောကြားလိုတယ်။ အနည်းဆုံး လေး၊ ငါးနှစ် စာလောက် ကျနော်တို့ ပြင်ဆင်ဖို့လိုတယ်။ “

အင်တာဗျူးအပြည့်အစုံကို ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

spot_img
spot_img