spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကလေးသူခိုး ဂယက်

Author

Date

Category

နော်ဒွေးအယ်ခူ

ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလအတွင်းက ရွာတွေမှာ ကလေးခိုးတယ်ဆိုတဲ့ကိစ္စက ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ဂယက်ထခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အွန်းလိုင်းမီဒီယာသုံးသူတွေသာမက ကလေးရှိတဲ့အိမ်က မိသားစုပါ စိတ်ပူပန်ခဲ့ရပါတယ်။

အဲဒါကြောင့် ရွာတွေမှာဆိုရင် ကလေးခိုးမှုကနေ ကာကွယ်ဖို့အတွက်ဆိုပြီး ရွာအဝင်မှာ လုံခြုံရေးဂိတ်တွေပြုလုပ်ပြီး လူစိမ်းတွေက ရွာထဲဝင်လာရင် သက်ဆိုင်ရာ ကျေးရွာထဲက ဥက္ကဌတို့ကို အကြောင်းကြားထားတာတွေ မရှိရင် ဝင်ခွင့်မပြုတဲ့ ရွာတွေလည်း ရှိလာပါတယ်။

ဒီမော့ဆိုမြို့နယ်ထဲက ဝမ့်လထွားရွာမှာဆိုရင် ရွာအဝင်မှာ လုံခြုံရေးဂိတ်တွေထားဖို့အတွက် အုပ်စုဥက္ကဥရဲ့ခွင့်ပြုမှုနဲ့အတူ ကျေးရွာရပ်မိရပ်ဖတွေနဲ့တိုင်ပင်ပြီး အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီလိုလုပ်တာကတော့ အဓိက ကလေးသူငယ်တွေအတွက်ပေါ့။ တိုင်းရင်းသားတွေဆိုတာမျိုးကမိဘတွေအလုပ်သွားတော့ ကလေးသူငယ်တွေပဲ ကျန်ခဲ့တဲ့ အခါမှာ ကလေးသူငယ်တွေအတွက် လုံခြုံမှုတစ်ခု၊ အဟန့်အတားလေးတစ်ခုအနေနဲ့ ကြိုတင်ကာကွယ်ထားတာပါ” လို့ ဝမ့်လထွားရွာရဲ ဥက္ကဌ မျိုးမင်းဦးက ပြောပါတယ်။

အိမ်ခြေစုစုပေါင်း ၆၅အိမ်ရှိပြီး လူဦးရေက ၂၉၀နီးပါးရှိပါးရှိတဲ့ ဝမ့်လထွားရွာမှာဆိုရင် ခုလက်ရှိမှာတော့ ရွာထဲ ဈေးရောင်းဖို့အတွက် ဈေးသည် ၄ ယောက်ကိုသာ ဝင်ခွင့်ပြုထားပြီး အဲဒီ ၄ယောက်က ရွာသားတွေနဲ့ရင်းနှီးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ကျေးရွာတွင်းဝင်ခွင့်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူတို့ရဲ့ မှတ်ပုံတင်နံပါတ်တွေကိုလည်း ယူထားတယ်လို့ မျိုးမင်ဦးက ဆက်ပြောပါတယ်။ ခုနောက်ပိုင်း ဈေးလာရောင်းတဲ့သူတွေကိုလည်း ရွာဝင်ဖို့ လက်မခံတော့ပါဘူး။

ကလေးခိုးတာတွေ ကလေးပျောက်တာတွေနဲ့ပတ်သက်ပြီး မျိုးမင်းဦးက “ကျတော်တို ဒီနား တစ်ဝိုက်မှာကတော့ ကလေးတွေအဖမ်းခံရတာတော့ မကြားသေးဘူး။ ဒါပေမယ့် ဒီမော့ဆိုဘက်၊ ဖရူဆိုဘက်တွေမှာတော့ကြားနေရပါတယ်။ ကိုယ့်ရပ်ရွာကလဲ စည်းကမ်းလိုက်နာဖို့ လိုတယ်ပေါ့။ အများပြည်သူတွေအဝင်အထွက်ကိုလဲ သတင်းပေးဖို့လည်း လိုတယ်ပေါ့” လို့ ပြောဆိုထားပါတယ်။

ဆိုရှယ်မီဒီယာပေါ်က ကလေးခိုးမှု သတင်းကြောင့် ပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းအချို့က အဲဒီသတင်းကို နားစွင့်နေပြီး လက်ပူးလက်ကြပ်မိတာတွေမရှိသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ အမှတ်(၁) ခရိုင်အုပ်ချုပ်ရေးမှူးဖိုးရယ်က ပြောပါတယ်။

“လက်ပူးလက်ကြပ်တစ်ယောက်မှလည်းမရှိသေးဘူး ကိုယ်ကလည်း မတွေ့ဖူးသေးဘူးဆိုတော့ အတည်ပြုလို့တော့မရဘူးပေါ့ ဒါပေမယ့် အကြောက်တရားနဲ့နေရတာပေါ့။ မိဘတွေအနေနဲ့ကတော့ စိတ်ပူမှာပေါ့နော ကိုယ့်ကလေးကို ကိုယ်စောင့်ရှောက်ကြပေါ့။ မသေချာဘူးပြောလို့လည်းမရဘူး မဟုတ်ဘူးပြောလု့ိလည်းမရဘူး ဟုတ်တယ်လို့လည်း ပြောလို့မရသေးဘူးလေ။ ကျတော်တို့တပ်ဖွဲ့အနေနဲ့ကတော့ တချို့ရဲဘော်တွေက ရွာမှာတော့ အမှုရှိခဲ့ရင်အကြောင်းကြားပါဆိုတဲ့ဟာလေးပေါ့ ညမိုးချုပ် အသွားအလာသတိထားပေါ့ ရဲဘော်တွေလည်းပြောထားတယ်” လို့ ၎င်းကပြောပါတယ်။

၎င်းကိစ္စရပ်တွေနဲ့ပတ်သက်လို အခလို အဲလိုဆိုရှယ်မီဒီယာပေါ်က သတင်းတွေကြောင့် လက်တွေ့မှာ ကလေးခိုးမှု ကလေးပျောက်မှုကို ကယားပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ တစ်စုံတစ်ရာမေးမြန်းကြည့်လိုက်တဲ့အခါမှာ ထူးခြားမှုမရှိဘူးလို့ပဲ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းအောင်က ဆိုပါတယ်။

၎င်းက “ လက်တွေ့တော့မကြုံသေးဘူး။ အွန်လိုင်းမှာတော့ တစ်ချို့တော့ ဆွေမျိုးတွေခေါ်သွားတာဖြစ်လိမ့်မယ် တစ်ချိုကလည်း တစ်စိတ်ကိုတစ်အိတ်လုပ်ပြီး ပြောတာရှိမယ် လက်တွေ့ကျတော့ အဘတို့ဆီမှာ မကြုံသေးပါဘူး။ ဖြစ်လာရင်လည်း ထိထိရောက်ရောက်အရေးယူသွားမှာပါ။ အခုက တို့ဆေးတွေ ဘာညာတွေလည်းရှိတယ်လို့ပြောကြတယ် ဒါပေမယ့် လက်တွေ့တော့ တခြားတိုင်းနဲ့ပြည်နယ်တော့မသိဘူး ဒီမှာတော့ အားလုံးအေးအေးချမ်းချမ်းပါပဲလို့ ကယားပြည်နယ်က” လို့ ပြောပါတယ်။

ကလေးခိုးမှု ပျောက်မှု ဟာ လက်တွေ့မှာ မရှိသေးပေမယ့် ရပ်ရွာတော်တော်များများကတော့ ရွာအဝင်မှာ လုံခြုံရေးဂိတ်တွေထားရှိပြီး အလှည့်ကျ တာဝန်ယူကင်းစောင့်နေကြပါပြီ။ မဖြစ်လာသေးတဲ့ ပြဿနာကို ကြိုတင်ကာကွယ်တဲ့သဘောတဲ့အနေနဲ့ ဆောင်ရွက်နေကြပါတယ်။

spot_img
spot_img

Recent posts