spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား ဖြစ်တဲ့ အန်တိုနီယာနဲ့ ဆက်သွယ်မေးမြန်းခြင်း

Author

Date

Category

MMA ကစားသမား Bozhena Antoniyar ကိုတွေ့ရစဉ် (Photo Credit – Bozhena Antoniyar Facebook)

“မနေ့ကမှ လွိုင်ကော်က ပရိသတ်တစ်ယောက်က အဲ့ဆိုင်းဘုတ်ပြလာပြီးမေးလို့သိရတာ။ ညီမကိုလာပြီးဆက်သွယ်တာမရှိဘူး။ ရန်ကုန်မှာညီမရဲ့မန်နေဂျာမ မထွယ်ဆိုတာရှိတယ်။ သူ့ကိုလည်းဆက်သွယ်တာမရှိဘူး။ လွိုင်ကော်မှာအဖေနဲ့အမေလည်းရှိတယ်။ သူတို့ကိုဆက်သွယ်တာလဲမရှိဘူး။ အဲ့လိုလုပ်ချလိုက်တော့လန့်သွားတယ်”

ဒီလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့မှာ မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။

ပြည်နယ်ပွဲတော်နေ့ဖြစ်တဲ့ ၁၅ ရက်နေ့မှာ ကျင်းပမဲ့ မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို နာမည်ကျော်ရိုးရာလက်ဝှေ့ကစားသမား ဘယ်ရောနီကာနဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ (Mixed Martial Art – MMA) ကစားသမား ဖြစ်တဲ့ တိုတို လို့ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ဘိုဇ်ဟီးနာ အန်တိုနီယာ (Bozhena Antoniyar) တို့ကို အဓိကထိုးမဲ့ တွဲဆိုင်းဖြစ်သယောင်ဖော်ပြထား တာအပြင် အန်တိုနီယာ (ခ) တိုတိုက ပါဝင်ပြီး သရုပ်ပြကစားသွားမယ်လို့ပွဲစီစဉ်သူတွေက ကြော်ငြာထားပါတယ်။

ဒီကိစ္စကို ကာယကံရှင်ဖြစ်တဲ့ အန်တိုနီယာ အနေနဲ့ မသိရှိရကြောင်းနဲ့ အခုလို ကြော်ငြာလိုက်တာဟာ ပရိသတ်တွေအနေနဲ့သူ့အပေါ် အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ အန်တိုနီယာကပြောဆိုလိုက်ပါတယ်။

အန်တိုနီယာဟာ အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းကို ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလကတည်းက ရောက်ရှိနေတာဖြစ်ပြီး MMA နောက်တစ်ပွဲထိုးသတ်ဖို့ ဘာလီကျွန်းမှာ သွားရောက်လေ့ကျင့်နေတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ရောက်ရှိနေတဲ့ ဘိုဇ်ဟီးနာ အန်တိုနီယာ (ခ) တိုတို ကို က န္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားပါတယ်။

KT – MMA နဲ့ပတ်သက်ပြီးလက်ရှိအချိန်ဘာတွေ လှုပ်ရှားနေလဲ။

အန်တိုနီယာ – အခုလက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ထရိန်နင်(Training) လေ့ကျင့်နေတယ်။ နောက်ထိုးမဲ့ပွဲအတွက်ပေါ့နော်။

KT – ကယားပြည် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့မှာကျင်းပမဲ့ လက်ဝှေ့ပြိုင်ပွဲမှာ အန်တိုနီယာနဲ့ ဘယ်ရောနီကာတို့ကို အဓိကတွဲဆိုင်းအနေနဲ့ထိုးသတ်ကြမယ့်သယောင် ကြော်ငြာထားတာအပြင် အန်တိုနီယာကပါဝင်ပြီး သရုပ်ပြ ကစားသွားမယ်လို့ကြော်ငြာထားတာကိုတွေ့ရတယ်။ အဲ့ဒီကိစ္စကို ညီမဘက်က ဘာမှ မသိရဘူးလို့ပြောထားတယ်ဆိုတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများပြောချင်လဲ။

အန်တိုနီယာ – ညီမက နောက်ပွဲထိုးဖို့အတွက် အင်ဒိုနီးရှားကို ၂၀၁၉ ဒီဇင်ဘာလ ၂၆ ရက်နေ့ ကတည်းက ရောက်နေတာ။ မနေ့ကမှ လွိုင်ကော်က ပရိသတ်တစ်ယောက်က အဲ့ဆိုင်းဘုတ်ပြလာပြီးမေးလို့သိရတာ။ ညီမကိုလာပြီးဆက်သွယ်တာမရှိဘူး။ ရန်ကုန်မှာညီမရဲ့ မန်နေဂျာမမထွယ်ဆိုတာရှိတယ်။ သူ့ကိုလည်းဆက်သွယ်တာမရှိဘူး။ လွိုင်ကော်မှာအဖေနဲ့အမေလည်းရှိတယ်။ သူတို့ကိုဆက်သွယ်တာလဲမရှိဘူး။ အဲ့လိုလုပ်ချလိုက်တော့လန့်သွားတယ်။ လန့်သွားတယ်ဆိုတာက ကယားပြည်နယ်သူ/သား တစ်ယောက်အနေနဲ့ ကြော်ငြာထားပြီး မရောက်လာဘူးဆိုတော့ လူမျိုးစုနဲ့ပရိသတ်တွေက ညီမကိုအထင်လွဲမှာ စိုးရိမ်တာ။ အန်တိုနီယာက မာနကြီးတာလားပြည်နယ်နေ့ပွဲမှာတောင် အချိန်မပေးနိုင်ဘူးလားလို့ အထင်ခံရမှာကြောက်တာပါ။ ကြိုသိခဲ့ရင်လည်းတစ်မျိုးပေါ့။ ညီမလည်းကယားပြည်နယ်သူ/ သား တစ်ယောက်အနေနဲ့ကိုယ့်ပြည်နယ်နေ့ပွဲမှာ တစ်တပ်တအားအနေနဲ့ပါဝင်အားဖြည့်ချင်ပါတယ်။ ဒါပေမဲ့ ဒီရောက်နေပြီးမှ ချက်ခြင်းပြန်လာဖို့ကလည်း မလွယ်ဘူးလေ။

KT – ဒီလိုဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေက အန်တိုနီယာ ကို ဆက်သွယ်တာတွေမရှိခဲ့ဘူးပေါ့။

အန်တိုနီယာ – ဘယ်သူမှ မဆက်သွယ်ခဲ့ပါဘူး။

KT – ကယားပြည်နယ်မှာ အန်တိုနီယာရဲ့ပရိတ်သတ်တွေအများကြီးရှိတယ်လေ၊ အခုညီမလာမယ်ဆိုပြီး အားပေးဖို့စောင့်နေသူတွေအများကြီးဘဲ။ အခု… ဒီလိုလွဲမှားမှုဖြစ်သွားတဲ့အပေါ် ပရိသတ်ကိုဘာများပြောချင်လဲ။

အန်တိုနီယာ – အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ တောင်းပန်ပါတယ်လို့၊ ညီမလည်း လာမဲ့နောက်တစ်ပွဲမှာ အနိုင်ရဖို့ အခုအသေအကြေလေ့ကျင့်နေရလို့ ပြန်မလာနိုင်တာပါလို့။ နောက်တစ်ကြိမ်တော့ မြန်မာပြည်မှာ ရှိချိန်အတွင်းမှာ ပရိသတ်အတွက် တစ်ခုခုလုပ်ပေးနိုင်အောင်ကြိုးစားပါ့မယ်လို့ပြောချင်ပါတယ်။

KT – ပွဲစီစဉ်သူတွေကိုရော၊ ကိုယ်မသိဘဲ အခုလိုလုပ်သွားတဲ့အပေါ်ဘာများပြောချင်လဲ။

အန်တိုနီယာ – ဘာမှတော့မပြောချင်ပါဘူး၊ သူတို့လည်းညီမကိုဆက်သွယ်ဖို့အခက်အခဲရှိသွားလို့နဲ့ တူပါတယ်၊ ညီမက ဒီဇင်ဘာလကတည်းက ဒီရောက်နေတာဆိုတော့လေ၊ နောက်ဆိုဘာဘဲရှိရှိ ညီမ မန်နေဂျာ ရန်ကုန်မှာရှိပါတယ်လို့၊ သူ့ဆီဆက်သွယ်လို့ရပါတယ်လို့ဘဲပြောချင်ပါတယ်။

KT – ကယားပြည်နယ်မှာ လက်ဝှေ့ပြန်လာထိုးဖို့အစီအစဉ်ရှိလား။

အန်တိုနီယာ – ညီမတစ်ခုပြောချင်တာပါ၊ ညီမကလက်ဝှေ့ထိုးတာမဟုတ်ပါဘူး။ အားလုံးက ညီမကိုလက်ဝှေ့ထိုးတယ်လို့ထင်နေကြတာ၊ ညီမထိုးတာက ကိုယ်ခံပညာသိုင်းပေါင်းစုံ(Mixed Martial Art – MMA) ပါ။ အမှတ်နဲ့ကစားတဲ့နည်းစနစ်ပါ။ One Championship က ကယားပြည်နယ်မှာ ပွဲလာလုပ်ရင် ညီမ MMA ထိုးဖြစ်မှာပါ။

KT – ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့မှာ ပရိသတ်တွေကို ဘယ်လိုလက်ဆောင်စကားပါးချင်လဲ။

အန်တိုနီယာ – ကယားပြည်နယ်က ပရိတ်သက်တွေကိုပြောချင်ပါတယ်။ ဒီတစ်ခေါက်ပြည်နယ်နေ့မှာ ဖြစ်သွားတဲ့ကိစ္စအတွက် ပြန်မလာနိုင်တဲ့ တိုတို ကဘဲတောင်းပန်ပါတယ်လို့။ ပြည်ပမှာလေ့ကျင့်နေရလို့ ဆက်သွယ်ရခက်ခဲလို့ မဆက်သွယ်နိုင်ခဲ့တဲ့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ကိုလည်းအပြစ်မတင်ပါနဲ့လို့။ နောက်တစ်ကြိမ်အခွင့်အရေးရှိရင် တိုတိုပရိသတ်တွေအတွက် ပါဝင်ပေးပါမယ်လို့ပြောချင်ပါတယ်။

စာကြွင်း – ဇန်နဝါရီလ ၁၂ နေ့ ည ၁၁ ခွဲလောက်မှာပဲ အန်တိုနီယာရဲ့ Facebook စာမျက်နှာ ဖြစ်တဲ့ Team To To မှာ ကယားပြည်နယ်နေ့ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရေး ကော်မတီနဲ့ ပြေလည်မှုရှိခဲ့ပြီဖြစ်တယ်လို့ ရေးသားထားပါတယ်။

လက်ဝှေ့ပြိုင်ပွဲ ကျင်းပရေးကော်မတီအနေနဲ့ အန်တိုနီယာဟာ နိုင်ငံခြားမှာ လေ့ကျင့်ရေးဆင်းနေတာကိုမသိပဲ၊ မဆက်သွယ်မိပဲ လက်ဝှေ့ပြိုင်ပွဲမှာ ပါဝင်သရုပ်ပြမယ့်သယောင် ဆိုင်းဘုတ်တင်ရေးသားခဲ့ခြင်းကိုအနူးညွတ်တောင်းပန်ကြောင်း Thein Tan အကောင့်ပိုင်ရှင်ရဲ့ ရေးသားထားချက်ကို ပြန်လည်မျှဝေထားတာကိုတွေ့ရပါတယ်။

spot_img
spot_img

Recent posts