spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ကိုယ်ထူကိုယ်ထကျောင်း ၆ ကျောင်းရှိသည့်အနက် ၃ ကျောင်းသာ ကရင်နီစာပေသင်ကြားနိုင်

CJ (ကန္တာရဝတီတိုင်း(မ်))

စစ်ကောင်စီအာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထကျောင်းများ ၆‌ ကျောင်းဖွင့်ထားပြီး ကရင်နီစာပေကို ၃ ကျောင်းသာ သင်ကြားနိုင်ပါတယ်။

 ကိုယ်ထူကိုယ်ထကျောင်းမှာ က‌လေးတွေကို စာသင်ကြား ပေးတဲ့ ဆရာမတစ်ဦးကတော့ ” ဟုတ်အဲ့ဒီ ဒီ အခြားကယားစာပေနဲ့ပတ်သက်ပြီးတော့ ဒီဆရာမတွေကတော့ အချိန်ပြည့် မပေးနိုင်ဘူး၊ အဲ့မျိုးဖြစ်နေတယ်ပေါ့နော ၊ စာသင်ခန်းလည်း မလုံလောက် ခါကျတော့ ၊ သူတို့အတွက်လည်းအဆင်မပြေဘူး။ နောက်ပြီး မှ သူတို့အတွက် ထောက်ပံ့ငွေလည်း မရှိခါကျတော့ သူတို့ အတွက် အခက်အခဲအများကြီးရှိတယ်၊ အဲ့မျိုးဖြစ်တယ်။ ဖြစ်လာတယ်ပေါနော။” လို့ပြောပါတယ်။

 ဒီစစ်ရှောင်စခန်းမှာ ရွာပေါင်း ၈ ရွာရှိပြီး ကိုယ်ထူကိုယ်ထ ကျောင်းများကိုဖွင့်လှစ်ကာ အဓိက မြန်မာစာ၊ အင်္ဂလိပ် နဲ့ သေချာ တို့ကို သင်ကြားပေးနိုင်ပေမယ့် ကရင်နီစာပေကို သင်ကြားမှု အားနည်းနေပါတယ်။

“ဒါကတော့ သူ့အစီအစဉ်နဲ့သူသင်နေကြမယ်ထင်တယ်။ ဘာဖြစ်လဲဆိုတော့ ဒါတွေက ဒီကာလမှာပေါနော ဒီကာလမှာ ကျနော်တို့က ဒီစာပေသင်ကြားဖို့က ကျနော်တို့ ဘာမှမလှုပ်ရှားနိုင်ဘူး။ ဘာဖြစ်လဲဆိုရင် ကျနော်တို့ ဟိုဟာပေါ့ ခေတ်အခြေအနေအရ ကျနော်တို့ လှုပ်ရှားမှုကို ကျနော်တို့ရပ်နားထားတာ‌ပေါနော။ ” လို့ဆိုပါတယ်။

ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ကတော့ စာပေမြင့်တင်ရေးအခန်းကဏ္ဌကို အဓိက လှုပ်ရှားနေတယ် လို့လည်းပြောပါတယ်။ ကရင်နီစာပေကို ၂၀၁၅ ခုနှစ် စာသင် ကျောင်းတွေမှာ စတင်သင်ကြားခွင့်ရတာဖြစ်ပါတယ်။

spot_img
spot_img