spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်အားလုံး တစ်လတိတိထပ်တိုး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးရေးနိုင်ရေးအတွက် စက်တင်ဘာ(၃၀)ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အားလုံးကို အောက်တိုဘာလ ၁ရက်နေ့မှ ၃၁ရက်နေ့အထိ တစ်လတိတိ ကယားပြည်နယ်အစိုးရအဖွဲ့က ထပ်မံတိုးမြှင့်လိုက်ပါတယ်။

ကယားပြည်နယ်အတွင်း ပြည်ပနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူအားလုံး၊ မြန်မာနိုင်ငံအတွင်း ဘယ်ဒေသမဆို ဝင်ရောက်လာသူအားလုံး စောင့်ကြည့်ကြပ်မတ်တဲ့နေရာမှာ (၁၄)ရက် နေထိုင်ရမှာဖြစ်ပြီး ဓါတ်ခွဲနမူနာ တစ်ကြိမ် စစ်ဆေးရမှာဖြစ်သလို နေအိမ်မှာ (၇) ရက် နေထိုင်ရမှာဖြစ်ပါတယ်။

ပြင်ပနိုင်ငံကနေ ပြန်ရောက်လာသူကလွဲပြီး စောင့်ကြည့်ကြပ်မတ်တဲ့နေရာမှာ ဝင်ရောက်သူအားလုံး မိမိအစီအစဉ်ဖြင့် စားသောက်ရမှာဖြစ်ပြီး စောင့်ကြည့်ကြပ်မတ်တဲ့နေရာမှာစားသောက်မယ်ဆိုရင် တစ်နေ့တာ စားသောက်စရိတ် (၂၈၀၀)ကျပ်နှုန်းနဲ့ (၁၄)ရက်စာ (၃၉၂၀၀)ကျပ်ကို စဝင်တဲ့ရက်က ပေးသွင်းရမှာဖြစ်ပါတယ်။

အထင်ကရ လည်ပတ်တဲ့နေရာဖြစ်တဲ့ ထီးစဲခါးရေတံခွန်၊ ကြတ်ဂူ၊ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ၊ ကွိုင်ငံ၊ ရေပြာအိုင်(နန်းမယ်ခုံ)၊ ထီးပရူနူဂူ၊ ဆင်ဖြူတောင် စတဲ့နေရာတွေကို လည်ပတ်ဖို့လည်း တားမြစ်ထားပါတယ်။

စည်ပင်သာယာရေးဈေးအားလုံးကိုလည်း အပတ်စဉ် တနလာၤနေ့၊ ဗုဒ္ဓဟူး၊ သောကြာနေ့ သုံးရက်သာဖွင့်လှစ်မှာဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့ ဈေးဝယ်သူ၊ အိမ်ဆိုင်၊ ဈေးဆိုင်၊ ဈေးနဲ့ ဈေးကြီးကြပ်ရေးကော်မတီတွေ လိုက်ရနာမယ့်အချက်တွေကို ပြည့်စုံအောင်ဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်ရောင်းချရမှာဖြစ်ပါတယ်။

ခရီးသည်သယ်ယူပို့ဆောင်တဲ့ အဝေးပြေးယာဉ်လိုင်းအားလုံးကို ယာယီရပ်ဆိုင်ရမှာဖြစ်ပြီး ပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ယာဉ်လိုင်းကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေနဲ့အညီ ပြေးဆွဲခွင့်ပြုမှာဖြစ်ပါတယ်။

ပြည်နယ်အတွင်း ရောက်ရှိလာတဲ့ကုန်တင်ယာဉ်တွေကို သက်ဆိုင်ရာနေရာကို တိုက်ရိုက်ပို့ဆောင်ခြင်းမပြုဘဲ ကုန်တင်ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အထက(၆) ယာဉ်ရပ်နားစခန်းမှာ သီးသန့်ထားရှိပြီး သက်ဆိုင်ရာ ကုန်သည်ကနေ လာရောက်သယ်ဆောင်ရမှာဖြစ်ပြီး ယာဉ်နဲ့အတူ လိုက်ပါလာတဲ့ခရီးသည်တွေ ပါရှိပါက စောင့်ကြည့်ကြပ်မတ်တဲ့နေရာမှာ ဝင်ရမှာဖြစ်တယ်လို့သိရပါတယ်။

ခရီးသည်တင်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ အဝေးပြေးယာဉ်လိုင်းအနေဖြင့် ကုန်စည်ပစ္စည်းတွေသာ သယ်ယူပို့ဆောင်ရမှာဖြစ်ပြီး မည်သည့်အကြောင်းပြချက်ဖြင့် ခရီးသည်တွေကို တင်ဆောင်ခွင့်ပြုမှာမဟုတ်ဘဲ စစ်ဆေးတွေ့ရှိပါက ခရီးသည်ယာဉ်လိုင်းကို ချက်ချင်းပိတ်သိမ်းသွားမှာဖြစ်ပါတယ်။

ကန့်သတ်ချိန်အတွင်းမှာ အရေးကြီးကုန်စည်တင်ယာဉ်နဲ့ အရေးပေါ်သွားလာရန် ကိစ္စရှိတဲ့ ယာဉ်အားလုံးက ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ခွင့်ပြုထောက်ခံစာ ယူရမှာဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်းဝင်ရောက်လာတဲ့ ကိုယ်ပိုင်မော်တော်ယာဉ်ငယ်နဲ့ ဌာနဆိုင်ရာမော်တော်ယာဉ် အနေဖြင့် ယာဉ်မောင်းပါ သုံးဦးအထိသာ တင်ဆောင်ရမှာဖြစ်ပြီး Quarantine ဝင်ရောက်ရမှာဖြစ်ပါတယ်။

အထက်ပါ ညွှန်ကြားချက်အားလုံးဟာ အောက်တိုဘာလ ၁ရက်နေ့ကနေ ၃၁ရက်နေ့အထိ လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts