spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကုန်တင်ယာဉ်ရပ်နားစခန်းကိုအထက(ခွဲ) ဝါရီကောခူကျောင်းဝန်းမှာ ပြောင်းရွှေ့တဲ့အပေါ် ဒေသခံတွေစိုးရိမ်

Author

Date

Category

ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းကို ယခင်က လွိုင်ကော်မြို့ အထက(၆)ကျောင်းမှာ ဖွင့်လှစ်ခဲ့ပေမဲ့ အောက်တိုဘာလ ၉ ရက်နေ့ကစပြီး လွိုင်ကော်မြို့အဝင် ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းဝန်းအတွင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်တာကို အနီးအနားရွာက ဒေသခံတွေက လက်မခံကြဘဲ စိုးရိမ်ပူပန်မှုရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကျေးရွာမှာ ထမင်းဆိုင်၊ စားသောက်ဆိုင်မရှိတာကြောင့် ကားသမားတွေ၊ ယာဉ်နောက်လိုက်အဖွဲ့တွေ စားသောက်ဖို့အတွက် ခက်ခဲနေသလို ကျေးရွာက တချို့ကုန်စုံဆိုင်မှာဆိုရင် ကားသမားတွေကို ဈေးမရောင်းတာကြောင့် ယာဉ်မောင်းတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ကုန်တင်ယာဉ်တွေရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးတာကို သုံးရက်တစ်ကြိမ် စစ်ဆေးသွားမှာဖြစ်ပြီး စစ်ဆေးခကို တစ်ဦးကို နှစ်သောင်းကျပ် ပေးဆောင်ရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts