spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ကျန်းမာရေးဝန်ထမ်းအယောက်(၂၀) ရန်ကုန်တိုင်း ကိုဗစ်ကုသရေးစင်တာမှာ ဒုတိယအကြိမ် ထပ်မံ သွားရောက်ကူညီ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လက်ရှိ ကိုဗစ်ရောဂါအများဆုံးဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းရှိ သုဝဏ္ဏအားကစားရုံမှာပြုလုပ်ထားတဲ့ ကိုဗစ်ရောဂါသစောင့်ရှောက်ရေးစင်တာမှာ သွားရောက်ကူညီအားဖြည့်ဖို့အတွက် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း (၂၀) စေတနာ့ဝန်ထမ်းအဖြစ် ဒုတိယအကြိမ် ထပ်မံသွားရောက်သွားရောက်ကူညီ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့မှာ စတင်ထွက်ခွာသွားကြပါပြီ။

ကိုဗစ်ကူးစက်ခံရသူ တွေ့ရှိမှုကလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာသလို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဝန်ထမ်းအင်အားလိုအပ်နေတဲ့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုင်းနဲ့ပြည်နယ်အသီးသီးရှိ ကျန်းမာရေးဝန်ထမ်းကို ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားတဲ့အတွက် စေလွှတ်တာဖြစ်တယ်လို့ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

ဒေါက်တာဌေးလွင်က “ ဒုတိယအကြိမ်အနေနဲ့ ကယားပြည်နယ်မှာရှိတဲ့ သူနာပြုကို ရန်ကုန်တိုင်းမှာရှိတဲ့ ကိုဗစ်ကုသရေးရှိတဲ့ ရန်ကုန်တိုင်းမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန် ဆရာမအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဒုတိယအကြိမ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒုတိယအကြိမ်စေလွှတ်ရတဲ့အကြောင်းရင်းကလည်း ပထမအကြိမ်ကလည်း အခုဆိုရင် ၁၈ ရက်လောက်ရှိပါပြီ အရင်တစ်သုတ် ၂၀ဦးလွှတ်ထားပါတယ်။ အခုဒုတိယအကြိမ် ရန်ကုန်တိုင်းမှာ ကိုဗစ်ကုသရေးစင်တာအသစ်ထပ်ဖွင့်တယ် လူနာသစ်တွေလည်းအများကြီးထွက်လာတယ်။ ကိုဗစ်ဒုတိယလိုင်းဖြစ်တဲ့အချိန်မှာ အများဆုံးကိုဗစ် Positive ဖြစ်တဲ့ ရန်ကုန်တိုင်းဖြစ်ပါတယ်။ တစ်နေ့တစ်နေ့ကို ရန်ကုန်တိုင်းမှာ ကိုဗစ် Positive အနေနဲ့ ၅၀၀၊ ၆၀၀၊ ၇၀၀ ပေါ့နော ဒီပတ်ဝန်းကျင်မှာထွက်နေတဲ့ခါကျတော့ ဒီလူနာတွေကို ပြုစုစောင့်ရှောက်ပေးဖို့အတွက် သူနာပြုအင်အားတွေ တခြားဆရာဝန် ဆရာမ ကျန်းမာရေးဝန်ထမ်းတွေစောင့်ရှောက်မှုပေးနေတဲ့အင်အားတွေလိုအပ်တဲ့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ သူနာပြု ဆရာဝန် တခြား Facility Quarantine Center မှာစောင့်ရှောက်ဖို့ ကူညီဆောင်ရွက်ပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ လှမ်းပြီးတော့ခေါ်တဲ့အတွက်ကြောင့်မို့ သွားရောက်ဖို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်” လို့ ဒေါက်တာပြောပါတယ်။

သွားရောက်ကူညီမယ့် ကျန်းမာရေးဝန်ထမ်း သူနာပြုတွေက ကိုဗစ်ရောဂါမကူးစက်အောင် အဓိက မိမိကိုယ်ကိုယ် ကာကွယ်ဖို့၊ ကုသရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အကာအကွယ်ဝတ်စုံ (PPE) ကို ဝတ်နည်းကိုလည်း စနစ်တကျသင်ကြားပေးထားတယ်လို့ ဒေါက်တာကရှင်းပြပါတယ်။

သွားရောက်ကူညီကြတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးကို ကယားပြည်နယ်အစိုးရအဖွဲ့ကနေ တစ်ဦးလျှင် ငွေကျပ်တစ်သိန်း၊ ဦးဒယ်နီယယ်မှ တစ်ဦးလျှင် ငွေကျပ် ၅သောင်း၊ ကျန်းမာရေးဦးစီးဌာနနဲ့ သူနာပြုသားဖွားအသင်းကနေ ငွေထောက်ပံ့ပေးသလို ကျန်တဲ့ အလှူရှင်တွေက စားသောက်ဖို့အတွက် ထောက်ပံ့ပစ္စည်းတွေ ပေးခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းကို မယ်စဲ့မြို့နယ်မှ အထက်တန်းသူနာပြု ဆရာမကြီးတစ်ဦးက ဦးဆောင်ခေါ်သွားတာဖြစ်ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ မယ်စဲ့၊ ရှားတောမြို့နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းတွေက မိမိဆန္ဒဖြင့် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက် ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့ကလည်း ပထမအကြိမ် ကယားပြည်နယ်မှ သူနာပြုဝန်ထမ်း (၂၀)ခန့်က ရန်ကုန်တိုင်း ဖောင်ကြီးနဲ့ ဒဂုံဆိပ်ကမ်း ကိုဗစ်လူနာထားရှိကုသမယ့် ဆေးရုံတွေမှာ လိုက်ပါကူညီဆောင်ရွက်နေကြပါတယ်။

သွားရောက်အားဖြည့်ကူညီကြတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးက ရန်ကုန်တိုင်း ကိုဗစ်ကုသရေးစင်တာမှာ တစ်လတိတိ တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံ ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေမှာ အောက်တိုဘာလ တစ်ရက်နေ့အထိ ကိုဗစ်ရောဂါ စစ်ဆေးခဲ့တဲ့ ဓတ်ခွဲနမူနာ ပေါင်း သုံးသိန်းကျော်ရှိနေပြီး ကိုဗစ်ပိုးတွေ့ရှိသူ ၁၄၃၈၃ ဦး ဆေးရုံဆင်းခွင့်ရရှိသူ (၄၁၅၆)ဦး နဲ့ သေဆုံးသူ (၃၂၁)ဦး ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts