spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ကျေးရွာမှ ရေးဆွဲထားသည့် စီမံကိန်းများ အစိုးရဌာနဆိုင်ရာများနှင့်လွှတ်တော် ဘတ်ဂျက်များဖြင့် ဆက်လက်ဆောင်ရွက်မည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ ကျေးရွာအုပ်စုအလိုက် ရေးဆွဲထားသည့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းများကို သက်ဆိုင်ရာအစိုးရဌာဆိုင်ရာများနှင့် လွှတ်တော်ဘတ်ဂျက်များဖြင့် ဆောင်ရွက်သွားမည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူက ပြောပါသည်။

လူထုဗဟိုပြုစီမံကိန်း(CDD) မှ ကျေးရွာအားလုံ၏ VDP ဟုခေါ်သည့် Village development plan များကို ရေးဆွဲခဲ့ပြီး CDDနှင့် သက်ဆိုင်သည့် တည်ဆောက်ရေးအပိုင်းများကို ၄ နှစ်သာ အဓိကဆောင်ရွက်သွားခဲ့ရာ ကျေးရွာတွင် လိုအပ်ချက်များကျန်ရှိနေပါသေးသည့်အတွက် ဒေါ်ရှားမူက ယခုလို ပြောကြားသွားခြင်းဖြစ်သည်။

“အခုသူတို့လက်ကျန်ဆိုတော့ CDD(လူထုဗဟုပြု) ပရောဂျက်ကကုန်သွားပြီ လေးနှစ်စီမံကိန်းပဲရှိတယ် ကုန်သွားပြီဆိုတော့ အန်တီတို့ဘက်မှာ ကျေးလက်လည်းရှိတယ်လေ။ လွှတ်တော်ဘတ်ဂျက်လည်းရှိတယ် နတလလည်းရှိတယ်။” ဟု ဒေါ်ရှားမူက ပြောပါသည်။

လွှတ်တော်ဘတ်ဂျက်အနေဖြင့် တစ်နှစ်လျှင် တစ်မြို့နယ် သိန်းတစ်ထောင်ကျပ်သာရသည့်အတွက် လိုအပ်သည့်အသေးစား ဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ ဆောင်ရွက်နိုင်သည်ဟုဆိုပါသည်။

၎င်းတို့ ရေးဆွဲထားခဲ့သည့် VDPတွင် ကျေးရွာများ၏ လိုအပ်ချက်များကျန်ရှိနေသေးသည့်အတွက် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ၊ လွှတ်တော်များက ဆက်လက်အကောင်အထည်ဖော်ရန် အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြပြီးဖြစ်သည်ဟု ဖရူဆိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးမောင်ကို ကပြောပါသည်။

၎င်းက “ကျန်တဲ့ဟာတွေကိုတော့ ကျတော်တို့ပြီးခဲ့တဲ့ခြောက်ရက်နေ့ ကိုးလပိုင်းက ကျတော်တို့ဒီမှာ VDP ဝပ်ရှော့ဆွဲတယ်။ ဆွဲတဲ့အခါကျတော့ ကျတော်တိုဌာနဆိုင်ရာတွေကော ကျေးရွာမှာကော တွေ့ပြီးတော့မှာဌာနဆိုင်ရာတွေရဲ့ အစိုးရထောက်ပံ့ငွေတွေ လွတ်တော်ရဲ့ထောက်ပံ့ငွေတွေနဲ့ လုပ်ကိုင်ဖို့ကျတော်တို့တွေ့ဆုံပွဲတွေလုပ်ခဲ့ပြီးပါပြီ။ အစိုးရဌာနတွေကလညး်နှစ်စဉ်နှစ်တိုင်းသူတို့ရတဲ့ ရန်ပုံငွေတွေအပေါ်မှာမူတည်ပြီးတော့ ဆက်လက်ပြီးအကောင်အထည်ဖော်ကြမှာဖြစ်တယ်။” ဟု ပြောပါသည်။

ကျေးရွာအုပ်စုများ၏ လိုအပ်ချက်များရေးဆွဲရာတွင်သည် အုပ်စုအလိုက် အရေးကြီးတကြီးလိုအပ်သည့်အကြောင်းအရာများ က မတူညီကြကြောင်း သိရသည်။ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ဝေးလံခေါင်ဖျားသည့်အတွက် အဓိက လမ်းပန်းဆက်သွယ်ရေးကို ရေးဆွဲထားကြပြီး၊ မြို့နှင့်နီးစပ်သည့်အုပ်စုများတွင် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်ချက်များရေးနှင့် ရေရရှိရေးအတွက် ရေးဆွဲထားကြသည်ဟု သိရသည်။

spot_img
spot_img

Recent posts