spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကျွန်းတောကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၄ဦးသေဆုံးပြီး တင့်ကားတစ်စီးပျက်စီးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မတ်လ ၁ရက်နေ့က ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာအုပ်စု ကျွန်းတောကျေးရွာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂၄ဦး သေဆုံးခဲ့ပြီး တင့်ကားတစ်စီးပျက်စီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို ( DMO-PDF ) က ဒီကနေ့ ( မတ်လ ၂ရက်နေ့)မှာ ထုတ်ပြန်ထားပါတယ်။

လူအင်အား(၁၀၀) အပြင် တင့်ကားနှစ်စီးနဲ့ စစ်ကောင်စီတပ်သားတွေ ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့ DMO-PDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ဟုတ်ကဲ့။ စစ်ကောင်စီက နန်းမယ်ခုံမှာတို့၊ ကျွန်းတောမှာတို့၊ သူတို့ ထိုင်ထားတာတွေရှိတယ်လေ။ ထိုင်တယ်။ နောက်တစ်ဖွဲ့က ထိုးစစ်ဆင်တယ်ပေါ့နော။ အဲ့ဒီ အမြောက်ကားနဲ့ပေါ့နော။ တင့်ကားနှစ်စီးနဲ့ ထိုးစစ်ဆင်လာတော့ ကျွန်းတောမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တာပေါ့နော။“ လို့ DMO-PDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

၃နာရီကြာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တင့်ကားတစ်စီးဟာ ကျွန်းတော လမ်းမကြီးပေါ်မှာ ပျက်စီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“ ကျနော်တို့ လက်နက်ကြီးနဲ့ ထုတာ။ လက်နက်အမျိုးအစားတော့ ကျနော်တို့ အတိအကျတော့ မပြောပြတော့ဘူး။ ပစ်လိုက်တဲ့အခါကျတော့ ပျက်သွားတယ်။ ဒီရက်ကြည့်တော့ ရွေ့လို့မရဘူးပြောတယ်။ သူ့တင့်ကားကတော့ မနေ့ကတော့ မီးခိုးထွက်တာပေါ့နော။ နောက်ပြီးတော့ ပြန်သွားလို့ရလားဆိုတော့ ဒီရက်ပြန်ထောက်ကြည့်တော့ သွားလို့မရသေးဘူး။ ထုတဲ့နေရာမှာပဲ ကျန်ခဲ့တယ်ပေါ့နော။ အဲ့ဒီတင့်ကားက။ “ လို့ DMO-PDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲအတွင်း တင့်ကားတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ဒေသခံနေအိမ်တချို့ လက်နက်ကြီးထိ ပျက်စီးတာတွေရှိနိုင်ပြီး အတိအကျကိုတော့ မသိရသေးပါဘူး။

ဒီကနေ့ ( မတ်လ ၂ရက်နေ့) မနက် ၁၀နာရီ ဝန်းကျင်အချိန်မှာကျွန်းတောကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေတာရှိပြီး တိုက်ပွဲဖြစ်ပွားနေတာရှိတယ်လို့လည်း ကနဦးသိရပါတယ်။

spot_img
spot_img

Recent posts