spot_imgspot_imgspot_imgspot_img
Wednesday, April 17, 2024
spot_imgspot_imgspot_imgspot_img

ခရီးသွားများ လွိုင်ကော်-ဖယ်ခုံ လည်ပတ်နိုင်ဖို့ ရထားလမ်း ပြေးဆွဲရန်စီစဉ်နေ

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်သို့ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်တွေ လွိုင်ကော်- ဖယ်ခုံ မီးရထားလမ်း ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူက ပြောပါတယ်။

ဦးအောင်သူရက “မီးရထားနဲ့သွားချင်တဲ့သူရှိရင် မီးရထားလမ်းကြောင်းတစ်လျှောက် လွိုင်ကော်တစ်လျှောက် ဖယ်ခုံတစ်လျှောက်ကို မီးရထားနဲ့ ကယားပြည်နယ်ရဲ့အလှအပကို သေချာခံစားလို့ရမယ်ပေါ့နော” လို့ ပြောပါတယ်။

လွိုင်ကော်-ဖယ်ခုံ မီးရထားပြေးဆွဲမည့်လုပ်ငန်းကို စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေက ကွင်းဆင်းဆောင်ရွက်နေပြီး လုပ်ငန်းအဆင်ပြေပါက ပြည်နယ်အစိုးရနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန သို့ တင်ပြသွားမယ်လို့ သိရပါတယ်။

ကယားပြည်နယ်ကိုလာလည်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ ကျေးရွာ အခြေပြုခရီးသွားလုပ်ငန်း (Community Base Tourism) ကို အများဆုံးစိတ်ဝင်စားကြပြီး ဒေသအတွင်း သွားရောက်လည်ပတ်တဲ့အခါမှာလည်း လည်ပတ်တဲ့နေရာမှာ ပိုများလာအောင် အသစ်တိုးချဲ့ဖို့ ထပ်မံစီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ထို့ပြင် ခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ CBT လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ဖို့အတွက် ဒေသခံရွာသားတွေ၊ ခရီးသွားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ၊ ခရီးသွားဧည့်လမ်းညွန်တွေ၊ ဟိုတယ်တာဝန်ရှိသူတွေ၊ နားလည်တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ အစည်းအဝေးလုပ်ပြီး အဆင်ပြေတဲ့ ကျေးရွာ ၂ ရွာကို ရွေးချယ်သွားမယ်လို့ သိရပါတယ်။

လက်ရှိ ပန်းပက်၊ တနီးလာလဲ၊ ထေခို၊ ဒေါတမကြီး စသည့်ကျေးရွာများကို ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း (Community Base Tourism) အဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။

၂၀၁၈ခုနှစ်အတွင်း ပြည်နယ်တွင်းခရီးသွားဧည့်သည်ဝင်ရောက်မှု ခုနှစ်ထောင်ကျော်နှင့် ပြည်ပဧည့်သည် တစ်ထောင်ကျော်ရှိပြီး ၂၀၁၉ခုနှစ်စာရင်းအရ ပြည်တွင်းခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်သိန်းကျော်နှင့် ပြည်ပခရီးသွားဧည့်သည်အရေအတွက် တစ်သောင်းကျော် အထိရှိသောကြောင့် ၃၀ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ သိရပါတယ်။

နိုင်ငံခြားသား ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုတွင် အီတလီနိုင်ငံမှ လာရောက်လည်ပတ်သူ အများဆုံးဖြစ်ပြီး ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်၊ စပိန်၊ ထိုင်း၊ ဂျပန်၊ ဆွစ်ဇလန်၊ သြစတေးလျ၊ ဘယ်ဂျီယံ၊ တရုတ် အစရှိသည့် နိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြသည်။

spot_img
spot_img

Recent posts