spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ခြောက်မိုင် ဇီးဖြူကုန်းရပ်ကွက်မှာ ရေတွင်းထဲ ရုပ်အလောင်း နှစ်လောင်းကို KNDF B-09 တွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မနေ့က (ဧပြီ ၂၇ရက်) KNDF B-09က နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ပြီး ခြောက်မိုင်အုပ်စု ဇီးဖြူကုန်းရပ်ကွက် အထဲ သောက်ရေတွင်းတစ်တွင်းမှာ ရုပ်အလောင်း နှစ် လောင်းတွေ့ရှိခဲ့တယ်လို့ KNDF B-09က ဒီကနေ့ မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

ထိုသူ နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ သောက်ရေတွင်းထဲ ပစ်ချခဲ့တာဖြစ်ပြီး ရုပ်အလောင်းတွေက ပျက်စီးနေတဲ့အတွက် မည်သူတွေဖြစ်ကြောင်းကို KNDF B-09က စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုပ်အလောင်း နှစ်လောင်းကို ဆယ်ယူပြီး KNDF B-09က ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၄ရက်နေ့မှာလည်း KNDF B-09 နယ်မြေရှင်းလင်းမှု လုပ်နေချိန် ခြောက်မိုင်ကျေးရွာအတွင်း စစ်ကောင်စီသတ်ဖြတ်ထားတဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တာရှိပါတယ်။

ကရင်နီပြည် တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ဒေသတွေမှာဆိုရင် အရပ်သားသတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို မကြာခဏ တွေ့ရှိနေတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ အရပ်သားသတ်ဖြတ်ခံရသူ ဧပြီ ၂၄ရက်နေ့အထိ (၂၄၇ ) ဦးရှိသွားပြီဖြစ်တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် KCSNက ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts