spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဂီတဖျော်ဖြေပွဲမှ ရရှိသည့် ပညာရေးရံပုံငွေ ၃၆ သိန်းကျော်ကို အနုပညာရှင်များအဖွဲ့ လှူဒါန်း

Author

Date

Category

ထ ျို း မြာ

ကယားပြည်နယ်၏ ပညာရေးရံပုံငွေပွဲအဖြစ် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက စင်ကာပူ၌ သွားရောက်ဖျော်ဖြေခဲ့ကြသည့် ကယား  ပြည်နယ်အနုပညာရှင်များအဖွဲ့သည် ရံပုံငွေပွဲမှ ရရှိလာသည့် အလှူငွေ (၃၆) သိန်းကျော်ကို ကယားပြည်နယ်အတွင်းရှိ စာသင်ကျောင်းများသို့ လာရောက်လှူဒါန်းခဲ့ကြသည်။

နာမည်ကြီး အဆိုတော်များဖြစ်ကြသည့် အောင်ထက်၊ ဟက်ကက်၊ သောမတ်စ်ကောင်းမြတ်နှင့် မော်ဒယ် ကယ်ရိုလိုင်းတို့ ပါဝင်သည့် ကယားပြည်နယ်မှ အနုပညာကြယ်ပွင့်များ (Karenni Artistes Association) အဖွဲ့သည် (၁၄၁) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် ဇွန်လအတွင်းက စင်ကာပူတွင် ဂီတဖျော်ဖြေပွဲတစ်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့ ယူဆမိုဆိုအလယ်တန်းကျောင်းသို့သွားရောက်လှူဒါန်းစဉ်ပုံ။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဂယက်စု(ခ)လိပ်ပုတ်ကုန်း မူလတန်းလွန်ကျောင်းတွင် ဆယ်သိန်းနှင့်ခုနှစ်သောင်း၊ ကယားပြည်နယ်၊ဒီးမော့ဆိုမြို့ အ.ထ.က ဒေါငံခါးကျောင်းတွင် အလှူငွေဆယ်သိန်း၊ ဒီးမော့ဆို ယူဆမိုဆို အခြေခံပညာအလယ်တန်းကျောင်းတွင် ဆယ်သိန်းနှင် ဖရူဆိုမြို့နယ် ဒါဝိဒ်ကျောင်းတော်တွင် ခြောက်သိန်းနှင့် လက်ဆောင်ပစွည်းများ စုုစုပေါင်း ကျပ်ငွေသုံးဆယ့်ခြောက်သိန်း ခုနှစ်သောင်းကို စင်္ကာပူတွင် ခေတ္တနေထိုင်သော ကိုသောမတ်စ်ကောင်းမြတ်နှင့် မကယ်ရိုလိုင်းတို့က လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဒီးမော့ဆို အထက ဒေါငံခါးကျောင်းသို့ သွားရောက်လှူဒါန်းပုံ။

“ ကျနော်တို့ ပထမဦးစားပေးလှူဖြစ်တာကတော့ ဘယ်သူမှမလှူရသေးတဲ့နေရာတွေကို ဦးစားပေးတာပေါ့။ ဒေါငံခါးအ.ထ.က.ဆိုတာကလည်းလိုတော့လိုအပ်တာပေါ့နော။ မြို့နယ်မှာရှိတဲ့ရွာသူရွာသားတွေအားလုံးလည်း အဲ့ဒီကျောင်းမှာပဲ မှီခိုပညာသင်ကြားတဲ့အခါကြတော့ အဲ့မှာ ရေတွင်းရေကန်လိုတယ်ဆိုလို့ အဲ့မှာပဲလှူဖို့ဆုံးဖြတ်ခဲ့တယ်ပေါ့နော ” ဟု အဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်သော ကိုကောင်းမြတ်က ရှင်းပြသည်။

Karenni Artistes Association အနေဖြင့် နောက်ပိုင်းတွင် ပညာရေးတက္ကသိုလ်သို့ တက်ရောက်ချင်သည့် ကလေးများကို ပညာသင်ဆုပေးသွားရန်လည်း စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

spot_img
spot_img

Recent posts