spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ဂျပန်ဆန်စပါးမျိုး ကယားပြည်နယ်မှာ စိုက်ပျိုးမယ်ဆို အောင်မြင်နိုင်ဟုဆို

Author

Date

Category

စိုးထိုက်အောင်

ကမ္ဘာ့ဈေးကွက်မှာဆိုလျှင် ဂျပန်ဆန်စပါးမျိုးဟာ ဈေးအကြီးဆုံးဖြစ်ပြီးတော့ ကယားပြည်နယ်အတွင်းမှာ စိုက်ပျိုးရင် အောင်မြင်နိုင်တယ်လို့ စိုက်ပျိုးရေးသုတေသနပြုလုပ်ခဲ့ကြတဲ့ Miunoru Keiwa Co.Ltd မှ ကွင်းတာဝန်ခံ ကိုသန်းတိုးအောင်က ပြောပါတယ်။

“ တင်းကလဲ ၉၀-၁၀၀ ဆိုတော့ ဒါမနည်းတော့ဘူးပြောရမှာပေါ့။ ကျတော်တို့အရည်အသွေးလေးကောင်းမယ်ဆိုရင်ဒါ ဈေးကွက်ကရနိုင်တယ်။ တောင်သူတွေအနေနဲ့လည်းတွက်ခြေကိုက်နိုင်တယ်ပြောရမှာပေါ့။” လို့ ကိုသန်းတိုးအောင်က ပြောပါတယ်။

လွိုင်ကော်စိုက်ပျိုးရေး သုသေတနခြံနှင့် Miunoru Keiwa Co.Ltd တို့ပူးပေါင်းပြီး၊ စိုက်ပျိုးရေး သုသေတနခြံဖြစ်ကြတဲ့ သပြေတောစိုက်ကွင်းနှင့် ငွေတောင်မျိုးသန့်ခြံ အမှတ်-၂ စိုက်ကွင်း အတွင်းမှာ ဂျပန်ဆန်စပါးမျိုး ၄မျိုး သုတေသနပြုလုပ်စိုက်ပျိုးခဲ့တာဖြစ်ပြီးတော့ မေလထဲမှာ ရိတ်သိမ်းရမှာဖြစ်ပါတယ်။

ဆန်၊ ၁ကီလို- ၁၀၀၀၀ကျပ်၊ (၅ကီလို- ၅သောင်းကျပ်) ရှိတဲ့အတွက် အခုလက်ရှိမှာ စိုက်ပျိုးနေကြတဲ့ ရွှေရင်အေး၊ တရုတ်မွှေးဆန်စပါးမျိုးတွေက ၅၀ကီလို (၃၀ပိသာတစ်အိတ်) ကို ၃၅၀၀၀မှ ၄၅၀၀၀ကျပ် တို့နှင့် နှိုင်းယှဉ်မယ်ဆိုရင် ဈေးပိုများပါတယ်။

မြန်မာနိုင်ငံမှာ ဂျပန်ဆန်စပါးမျိုးကို ကယားပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တွေလို အေးတဲ့နေရာတွေမှာသာ စိုက်ပျိုးနိုင်ပြီးတော့ ကယားပြည်နယ်မှာရာသီဥတုနဲ့စိုက်ပျိုးမယ်ဆိုရင် အသင့်တော်ဆုံးဖြစ်တယ်လို့သိရပါတယ်။

ဒီဒေသမှာ စိုက်ပျိုးနေတဲ့ နွေစပါးထက် ၁လလောက်စောပြီးတော့ စိုက်ပျိုးရတာဖြစ်တဲ့ အတွက်ကြောင့် ရေအခက်ခဲရှိနေတယ်လို့ Miunoru Keiwa Co.Ltd မှာ ကွင်းတာဝန်ခံ ကိုသန်းတိုးအောင်က ပြောပါတယ်။

“ ဟိုဆည်ကနေလဲ ရေကပေးဖို့ကအခက်အခဲရှိတယ်ပေါ့လေ နော် ဘာဖြစ်လို့လဲဆိုရင် အထက်ကတောင်သူတွေကလဲ သူတို့လယ်တွေပြင်တာတို့၊ ဘာတို့ နဲ့ဆိုကျတော်တို့ဘက်ကို ရေပေးလို့မဖြစ်နိုင်တော့ဘူး အဲ့ဒါရေပြသနာပေါ့။” လို့ပြောပါတယ်။

ဂျပန်နိုင်ငံက ပညာရှင်တွေရဲ့အကူအညီတွေနဲ့ ကယားပြည်နယ်အတွင်းမှာ စက်ဖြင့်စိုက်ပျိုးမှု ဧက ၃၀နဲ့ လက်ဖြင့်စိုက်ပျိုးမှု ( ပင်ကြား×တန်းကြား – ၁၀×၈) ၁၀ဧက စိုက်ပျိုးထားတယ်လို့သိရပါတယ်။

ဂျပန်စပါးမျိုးကို ပျိုးထောင်ပြီးနောက် ပျိုးပင် ပျိုးပင် ၃-၄ ပင်စိုက်မယ်ဆိုလျှင်ပင်ပွား ၁၇ပင် အထိပွားနိုင်တာဖြစ်ပါတယ်။ မကြာသေးမှီနှစ်များအတွင်း နိုင်ငံတကာ၏ ဂျပန်ဆန် ရောင်းချနေတဲ့ ဈေးနှုန်းမှာ (၁)တန်လျှင်မြန်မာငွေ ကျပ် ၁,၀၀၀,၀၀၀ခန့်လောက်ပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

စပါးပင်မှာ ကျရောက်တက်တဲ့ ပိုးတွေနဲ့ပတ်သတ်ပြီးတော့ ဆိုးဆိုးရွားရွားကျရောက်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

“ ရောဂါဒဏ်ကတော့ တအားဆိုးဆိုးရွားရွားမကျပါဘူး ရောဂါဒဏ်ကတော့ ဒီဖြုတ်တွေ၊ ဘာတွေတောင်နည်းသွားတယ် ဒီ တစ်ခြားပိုးတွေတော့ တအားကြီးမကျပါဘူး” လို့ Miunoru Keiwa Co.Ltd ဂျပန်ဆန်စပါးမျိုး သုသေတနခြံမှ Data ကောက်သူ ကိုသူရအောင်က ပြောပါတယ်။

ဂျပန်ဆန်စပါးမျိုးကို ကယားပြည်နယ်အတွင်းမှာ ဖြန့်ဖို့အတွက်တော့ မျိုးစေ့ထုတ်အထိတော့ မလုပ်ရသေးပေမဲ့ တောင်သူတွေစိတ်ဝင်စားလာမယ်ဆိုရင် အကျိုးတူပူးပေါင်းလုပ်ဖို့စီစဉ်တွေတော့ ရှိတယ်လို့သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာတော့ ဂျပန်စပါးမျိုးဈေးကွက်မရှိသေးပေမဲ့ အရေအသွေးပြည့်မှီမယ်ဆိုရင်တော့ ပြည်ပဈေးကွက်တွေရှိတယ်လို့သိရပါတယ်။

ဂျပန်စပါးမျိုး ၄ မျိုးမှာ Asahi ၊ Milky Queen၊ Dontokoi၊ Hanaechizen) တို့ပဲဖြစ်ကြပါတယ်။

spot_img
spot_img

Recent posts