spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ငွေတောင်ဆည်၊ ပါဒေါဒူရေဝင်ပေါက် မယ်စလီတော၌ ဓါးထောက်၍ ဆိုင်ကယ်နှင့်ဖုန်း လုယက်မှုဖြစ်ပွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဒီမောဆိုမြို့နယ် ငွေတောင်ဆည် ၊ ပါဒေါဒူရေဝင်ပေါက် မယ်စလီတောတွင် ယမန်နေ့ညနေ၆ နာရီကျော်အချိန်၌ ဓါးကိုယ်စီကိုင်ဆောင်ထာပြီး Mask ဝတ်ဆင်ထားသည့် လူငယ်သုံးဦးက သမီးရည်းစားစုံတွဲထံမှ ဆိုင်ကယ်နှင့်ဖုန်းနှစ်လုံးကို ဓါးထောက်ပြီး လုယူသွားတယ်လို့ဆိုပါတယ်။

လုယက်ခံရသူဖြစ်သည့် ဒီမောဆို မြို့မရပ်ကွက်နေ အောင်သန်းနိုင်ဦး (ခ) ဂျော့ဟင်နရီက “ ဖြစ်တာက ၆ နာရီခွဲ၊ ကျနော့်ကောင်မလေးက ဒီမောဆို စိန်ဂျိုးဇက်ဘော်ဒါမှာ စာသင်တယ်လေ၊ စာမသင်ခင်မှာ တစ်ချက်တွေ့မယ်ဆိုပြီးသွားတွေ့ကြတာ မိုးတောင်မချုပ်သေးဘူး၊ ဆိုင်ကယ်ရပ်ပြီးစကားပြောနေတာ ငါးမိနစ်တောင်မရှိသေးဘူး၊ နောက်ကလိုက်လာတဲ့ဆိုင်ကယ်က ကန်ဘောင်အောက်လမ်းမကြီးကနေပြန်ကွေ့လားပြီး ဓါးနဲ့ကျနော့်လည်ပင်းမှာ လာချိန်တယ်၊ နောက်တစ်ယောက်က ကျနော့်ကောင်မလေးကို ဓါးနဲ့ချိန်ထားတယ်၊ ပြီးတော့ဖုန်းနှိုက်ယူတယ်၊ ဆိုင်ကယ်ပါယူသွားတယ်” လို့ပြောပါတယ်။

ဓါးထောက်ယူသွားသည့်ဖုန်းနှစ်လုံးမှာ Red Mi Note 7 နှင့် Red Mi 8A အမျိုးအစားဖုန်းဖြစ်ပြီး ဆိုင်ကယ်မှာ တရုတ်ထုတ် လော်ဂျားအမျိုးအစား ၊ နံပါတ်မှာ ၆၆ယ ၄၆၉၈၁ ဖြစ်တယ်လို့ဆိုပါတယ်။

လုယက်ခံရသူဖြစ်သည့် အောင်သန်းနိုင်ဦး (ခ) ဂျော့ဟင်နရီက သူ့တစ်သက်မှာ ငွေတောင်ဆည်ကန်ဘောင်ပေါ်မှာ ရန်ပွဲတွေရှိတာကိုကြားသိခဲ့ရပြီး အခုလိုဓါးထောက်လုပ်ယက်တာဟာ အရင်ကမရှိခဲ့ကြောင်းနဲ့ အခုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ရန်ရှာခံရကြောင်း ဆက်ပြောပါတယ်။

“ကျနော့်တစ်သက်ဒီမောဆိုမှာနေလာတာ ငွေတောင်ဆည်ကန်ဘောင်ပေါ်မှာ သောက်စားပြီးရန်ဖြစ်တာတွေရှိတယ် အခုလို ဓါးထောက်ပြီးလုတာကတော့ ဒါပထမဆုံးအကြိမ်ဘဲ၊ မနေ့ညကဆို သူတို့ဆီက ကျနော့်ဆိုင်ကယ်ကို ပြန်ဆွဲတော့ ဓါးနဲ့လူကိုရမ်းသေးတယ် ၊ ကျနော်ရှောင်တာမြန်လိုက်လို့ မဟုတ်ရင်ခုဆိုသေပြီလားမသိဘူး၊ ကျနော်က ဖုန်းယူရင်ရပြီပေါ့၊ ဆိုင်ကယ်ပြန်ပေးဆိုပြီးပြန်ဆွဲတာ၊ ဆိုင်ကယ်က ကျနော့်ကောင်မလေးဟာ” လို့ပြောပါတယ်။

အောင်သန်းနိုင်ဦး (ခ) ဂျော့ဟင်နရီက ဓါးထောက်လုယက်သူသုံးဦးထဲမှ တစ်ဦးက Mask ကို ရုတ်တရက်ချွတ်လိုက်ချိန်မှာ သူ့မျက်နှာကို မြင်လိုက်ရပြီး ဒေသခံထဲက ရုပ်ရည်မျိုးမဟုတ်ဘဲ တစ်ခြားနယ်က လူတွေ ပုံစံဖြစ်နေပြီး လူတွေ့မည်ဆိုပါက မှတ်မိတယ်လို့လည်းပြောပါတယ်။

ဓါးထောက်လုယက်ခံရတာနဲ့ပတ်သက်ပြီး ရဲ စခန်းကိုအကြောင်းကြားထားပေမဲ့ အမှုဖွင့်တာမလုပ်သေးဘူးလို့သိရပါတယ်။

spot_img
spot_img

Recent posts