spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ငွေတောင်ရွာသစ်ကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့ကို KA၊ KNDF သိမ်းဆည်းရမိ

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့ အကြား ငွေတောင်ရွာသစ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ဒီကနေ့ ( စက်တင်ဘာလ ၄ ရက်နေ့ ) ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၄ရက်နေ့ မနက်ပိုင်း ၆နာရီခွဲအချိန်မှစ တိုက်ပွဲ ၄နာရီကြာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီရဲ့ MA-3 သေနတ် (၁)လက် ၊ ခဲယမ်းတချို့နဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကြောင်းထိုးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း – ၁၀ ( KNDF B – 10 )တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လည် ( ၁ ) နာရီခွဲအချိန်မှာလည်း ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာနဲ့ ထီးပေါ်ဆိုကျေးရွာအနီးမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KA KNDF B-04 KNDF B-15 တို့ ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က လက်နက်ကြီးပစ်ခတ်အသုံးပြုခဲ့ပေမယ့် KA ၊ KNDF ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်အထိ ဖရူဆို – ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုး တပ်စွဲတာတွေ ပြုလုပ်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတာပါ။

spot_img
spot_img