spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်တပ်မှ တောင်သူများကို ပိုင်နက်ကျူးကျော်မှုနှင့် အကျိုးပျက်စီးစေသည့်ပုဒ်မတို့ဖြင့် အမှုဖွင့်တိုင်ကြားထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာမှ တောင်သူများကို စစ်တပ်မှ အကျိုးပျက်စီးစေသည့် ပုဒ်မနှင့် ပိုက်နက်ကျူးကျော်မှု ပုဒ်မတို့ဖြင့် ဒီးမော့ဆိုမြို့မ ရဲ့စခန်းသို့ အမှုဖွင့် တိုင်ကြားထားသည်ဟု ဒီးမော့ဆို မြို့မ ရဲစခန်းမှ သိရှိရပါသည်။

တောင်သူ ၆ ဦးက အကျိုးပျက်စီးစေသည့် ပုဒ်မ ၄၂ရ နှင့် တောင်သူ ၃၆ ဦးကို ပိုင်နက်ကျူးကျော်သည့် ပုဒ်မ ၄၄ရ တို့ဖြစ် တိုင်ကြားထားသည်ဟု သိရသည်။

၃၆ဝ အမြောက်တပ်မှ သိမ်းယူထားသည့် မြေယာတွေပေါ်မှာ တောင်သူများက သွားရောက်ရောက်ထွန်ယက်စိုက်ပျိုးခဲ့တာကြောင့် ယခုလို စစ်တပ်မှ တိုင်ကြားထားခြင်း ခံရသည်ဟု ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဌ ကိုတူရယ်က ပြောပါသည်။

“ပြဿနာဖြစ်တိုင်းသာ တရားစွဲ စတမ်းဆိုတော့ ဒီမြေယာကိစ္စကပြီးမှာမဟုတ်ဘူးပေါ့။ တိကျရှင်းလင်းတဲ့ အဖြေတခုရှာပေးရမယ်။ ပြီးတော့ လယ်သမားတွေရဲ့ ဘဝကို စာနာပြီးတော့ တပ်ဖက်ကလည်း လုပ်ဖို့လိုပါတယ်။”ဟု ကိုတူရယ်က ပြောပါသည်။

ဇွန်လ ၈ ရက်နေ့မှာပင် တောင်ယာအတွင်း အလုပ်လုပ်နေသည့် တောင်သူ ၄ ဦးကို ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားပြီး ရဲစခန်းတွင် အမှုစစ်ဆေးပြီး ပြန်လွတ်ပေးထားသည်ဟု သိရသည်။

ယခုလို တောင်သူများအမှုဖွင့်တိုင်ကြားခံထားရသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး တရားမျှတမှုကို လိုလားကြောင်း ဒေါဆုရှေ့ရွာမှ တောင်သူ ဦးခူးရီက ပြောပါသည်။

“တရားစွဲခံရတဲ့ အပေါ်မှာက တရားမမျှတဘူးပေါ့နော။ ဘာဖြစ်လဲဆို ကိုယ်ပိုင်တဲ့ မြေထဲမှာ ကိုယ့် ကိုတရားလာစွဲတော့ ဘယ်ဖက်က မှားတယ်ဆိုတာ သိမှာပေါ့။” ဟု ဦးခူးရီ ကပြောပါသည်။

Advertisement

တပ်သိမ်းမြေယာအပေါ်တွင် ထွန်ယက်စိုက်ပျိုးပါက တရားစွဲဆိုသွားမည်ဆိုသည့်အကြောင်းကို စစ်တပ်မှ တောင်သူများကို ယခင်လကတည်းကပင် ပြောဆိုသတိပေးထားခဲ့ဖူးသည်။

တပ်သိမ်းဆည်းထားသည့် မြေယာအပေါ်တွင် နှစ်စဉ်နှစ်တိုင်းပြန်လည်စိုက်ပျိုးလာခဲ့ကြသော်လည်း ယခုနှစ်တွင် လုံးဝစိုက်ပျိုးခွင့် မပေးတော့ခြင်းဖြစ်သည်ဟု သိရသည်။

အမြောက်တပ်ကို ၂၀၀၂-၂၀၀၃ခုနှစ်နောက်ပိုင်းတွင် လာတည်ထားတာဖြစ်ပြီး ဒေသခံများက ယခင် ဘိုးဘွားစဉ်ဆက် လက်ထက်ကတည်းကပင် စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြတဲ့သူများဖြစ်ကြသည်။

spot_img
spot_img

Recent posts