spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက အာဏာသိမ်းပြီး ကရင်နီပြည်လူ့အခွင့်အရေးချိုးဖောက်မှု

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီကအာဏာသိမ်းပြီး တနိုင်ငံလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ စစ်ကောင်စီတပ်တွေက နေရာအတော်များများမျာ တိုက်ပွဲဖြစ်နေကြသလို ကယား(ကရင်နီ)ပြည်နယ်မှာလည်း ယနေ့ အချိန်ထိ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။

၂၀၂၂ ဇန်နဝါရီလ ၇ ရက်နေ့ကနေ ဖေဖော်ဝါရီလအထိ စစ်ကောင်စီက တိုက်လေယာဉ်တို့ ရဟတ်ယာဉ်တို့နဲ့ ဆက်တိုက် ဗုံးကျဲတိုက်ခိုက် ခဲ့ပါတယ်။ အဲဒီလထဲမှာပဲ ဗုံကျဲ တိုက်ခိုက် ပစ်ခတ်မှုမှာ စစ်ဘေးဒုက္ခသည်စခန်းတခုနဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နယ်မြေမှာ နှစ်ခုမှာလည်း တိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့ကြရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့ ၂၀၂၂ ခုနှစ် အာဏာသိမ်း တစ်နှစ်ပြည့်နေ့ထိမှာတော့ ကရင်နီပြည်မှာ စစ်ကောင်စီက သတ်ဖြတ်ခံရတာ ၂၁၂ ဦး ၊ အရပ်သား ဖမ်းဆီးခံရတာ ၂၆၈ ဦး ၊ အရပ်သားထိခိုက်ဒဏ်ရာရသူ ၁၅၈ ဦး နှင့် အဆောက်အဦးပျက်စီးဆုံးရှုံးမှုတွေက ၄၉၂ လုံးရှိနေပြီဖြစ်တယ်ဆိုတာ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်သမား ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ပြည်သူတွေရဲ့ အိုးအိမ်အဆောက်အုံတွေကို အကာကွယ်ယူပြီး တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေမှာ ပြောဆိုလေ့ရှိပါတယ်။

နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာဆိုရင် စစ်ကောင်စီတပ်တွေဟာ ပြည်သူအိမ်တွေမှာ ကျန်ခဲ့တဲ့ သူတွေကို သတ်ဖြတ်တာတို့ အိုးအိမ်းတွေမီးရှို့ပျက်စီးတာတို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်လေ့ရှိပါတယ်။


အဆိုးဆုံးလူ့အခွင့်အရေးချိုးဖောက်မှုကတော့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ခရစ်စမတ်အကြိုနေ့မှာ အရပ်သား ပြည်သူ အရပ်သား ၄၀ ဦးကို ဖမ်းဆီး မီးရှို့သတ်ခံရတာပါပဲ။ အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်ပါဝင်နေတယ်လို့ လည်း ကရင်နီပြည်ရဲတပ်ဖွဲ့က ပြောဆိုထားတာရှိပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ PDF တွေကနဲ့ အပြန်အလှန်ပစ်ခတ်ပြီး မီးလောင်ပေါက်ကွဲသွားတယ်လို့ RFA သတင်းဌာနမှာ ပြောဆိုထားတာရှိပါတယ်။


အခုဆိုရင် ဒီးမော့ဆိုမြို့ ၊ လွိုင်ကော်မြို့ နဲ့ ဖရူဆိုမြို့က ပြည်သူတွေက ကြောက်လန့်ကြပြီး ၎င်းမြို့ပေါ်က ပြည်သူတွေနဲ့ အနီးအနားက ကျေးရွာတွေ စုစုပေါင်း ၁၇၀၀၀၀ ကျော်လောက်က ထွက်ပြေးတိမ်းရှောင်နေကြရင်း စစ်ဘေးဒုက္ခသည်တွေ ဖြစ်ခဲ့ရတယ်လို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က “ကမ္ဘာကြီးသိပါစေ”ဆိုတဲ့ ကရင်နီလူ့အခွင့်အရးအဖွဲ့ (KnHRG) နှင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) တို့ ပူးတွဲ ပြုစုထားတဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

“ဒါတွေကို လူ့အခွင့်အရေးရှု့ထောင့်အနေနဲ့ကြည့်ရင် စစ်ကောင်စီတပ်က လုံးဝကို ချိုးဖောက်နေတာဖြစ်လို့ နိုင်ငံတကာ ခုံရုံးမှာ သူတို့ကို တင်ပြနိုင်ရမယ်။” လို့ ကရင်နီလူ့အခွင့်အရးအဖွဲ့ (KnHRG)က ညွန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

ဒီလိုလူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ၎င်းတို့အဖွဲ့ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူဆောင်ရွက်ဖို့လည်း တောင်းဆိုနေကြတာရှိနေပေမယ့်လည်း ခရီးသိပ်မရောက်လှသေးတာကြောင့် လက်တွေ့မှာပြည်သူတွေ ဒုက္ခနဲ့ခါးစည်းခံနေကြရဆဲပါ။

မြန်မာစစ်တပ်က ကရင်နီပြည်တွင်းစစ်တလျှောက် ပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက် နှိပ်ကွပ်ဖြိုခွင်းတတ်တာ အစဉ်အလာဖြစ်နေပါတယ်။

ဒါကြောင့် ကရင်နီပြည်က အဆင်းရဲဆုံး လူဦးရေအနည်းဆုံး ဖွံ့ဖြိုးမှု အနှောင့်နှေးဆုံး ပြည်နယ်တွေမှာ ပါဝင်နေရတာကလည်း စစ်အာဏာရှင်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုခံရတဲ့ နောက်ဆက်တွဲ အကျိုးတွေပဲဖြစ်ရပါတယ်။

spot_img
spot_img

Recent posts