spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ ပေါင် (၅၀၀)ဗုံးသီးတွေကို ဒရုန်းတပ် ဗုံးသီးအဖြစ် ပြန်လည်ပြုလုပ်နေတဲ့ လူငယ်တစု

Author

Date

Category

ကေးဒူ ( ကန္တာရဝတီ တိုင်း(မ်))

“ဒီအသီးတွေကို ပြန်လည် တူးဖော်တဲ့နေရာမှာတော့ ကျတော်တို့ အသက် အန္တရာယ် တွေအများကြီးရှိတာပေါ့နော်။ တကယ်လို့သာ မတော်တဆ ဒီလို တူးဆွရင်းနဲ့ ကွဲသွားခဲ့ရင် အသက် အန္တရာယ် ဆုံးရှုံးမှုတွေ အများကြီး ရှိနိုင်တယ်။”

အကြမ်းဖက် စစ်ကောင်စီရဲ့ မကွဲဘဲ ကျန်ရှိနေခဲ့တဲ့ လေယာဥ်ပစ် ဗုံးသီးတွေကို ဒရုန်းတပ် ဗုံးသီးတွေ အဖြစ်ပြန်လည် ပြုလုပ်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ T2S2 (The Teach Supporting Squad) အဖွဲ့ မှ ကိုအုပ်ကြီး က ပြောပြတာပါ။

အကြမ်းဖက် စစ်ကောင်စီဟာ လေကြောင်း တွေကို အဓိကထား အသုံးပြုလာပြီး အနှိမ့်ဆုံး ပေါင် (၁၀၀) ကနေ ပေါင် (၅၀၀) ထိရှိတဲ့ ဗုံးသီးတွေနဲ့ ကရင်နီပြည်ကို ထိုးစစ်ဆင်နေတာပဲ ဖြစ်ပါတယ်။

ပေါင် (၅၀၀) ရှိတဲ့ ဗုံးသီးတွေဟာ လူတရပ်စာလောက်ရှိပြီး အဲဒီဗုံးသီးတွေကို ပြန်ဖြုတ်ယူဖို့ နေနေသာသာ မြင်ရုံနဲ့တင် လူကို ထိတ်လန့်စေနိုင်တဲ့ အရာတခုပါ။ ဒါပေမယ့် ဒီလူငယ်တွေကတော့ စစ်ကောင်စီကို ပြန်လည်တော်လှန်ဖို့အတွက် ဗုံးသီး အထဲမှာ ပါရှိတဲ့ ယမ်းတွေကို ပြန်လည်ထုတ်ယူနေတာပဲ ဖြစ်ပါတယ်။

“ကျနော်တို့လည်း ယမ်းတွေဘာတွေကိုယ်တိုင် တချို့ဟာတွေလည်း ကိုယ်တိုင်လုပ်နေရတာ ရှိတော့ သူတို့အနေနဲ့ ဒါတွေ တူးလာတဲ့အခါမှာ ရလာတဲ့ဟာက ကျနော်တို့ တွက်များကြီး ကျိုးရှိတာပေါ့။ တချို့ဟာတွေဆို ကျနော်တို့ ဝယ်ရတာတွေရှိတယ်။ မဝယ်ရတာတွေရှိတယ်။ ပေးတာတွေရှိတယ်။ အဲလိုမျိုးဆိုတော့ ကျနော်တို့ ဒီကောင်တွေရလာတော့ ကျနော်တို့ ပိုပြီးတော အသီးတွေ များများထုတ်လုပ်နိုင်တာပေါ့” လို့ ကိုအုပ်ကြီးကပြောပါတယ်။

ပေါင် ၅ဝဝ ဗုံးသီးတွေကို ဒရုန်းတပ် ဗုံးသီးငယ်အဖြစ် ပြန်လည်လုပ်နေခြင်း

ကရင်နီပြည်မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ မကွဲဘဲ ကျန်နေခဲ့တဲ့ ဗုံးဆံတွေကို ရသလောက် စုဆောင်းပြီး အခုလို ဒရုန်းတပ်ဗုံးသီးငယ်တွေအဖြစ် ပြန်လည်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

“တခြားနေရာမှာ မရှိပါဘူး။ ကျနော်တို့ အခုလက်ရှိမှာတော့ ကရင်နီပြည်က တိုက်ပွဲအတွင်းမှာပဲ ရတဲ့ဟာလေးကိုပဲ ကျနော်တို့ စုဆောင်းပြီးတော့မှ လုပ်ဆောင်နေတာပေါ့။” လို့ ကိုအုပ်ကြီးကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေကို ဒရုန်းတပ်ဗုံးသီးတွေနဲ့ တိုက်ခိုက်တာဟာ စစ်ကောင်စီတပ်ကို တော်တော်လေး အထိနာစေတယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ အသုံးပြုနေသလိုမျိုး ယခုနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ အတုယူပြီး အသုံးပြုလာတာကိုလည်း တွေ့မြင်နေရပါတယ်။

“လက်ရှိမှာတော ကျနော်တို့ မြေပြင်တိုက်ပွဲတွေမှာ တော်တော်လေး အသုံးပြုနေပါပြီ။ အသုံးပြုနေတယ်ဆိုတာလည်း တိုက်ပွဲတွေ တော်တော်များများ သိလိမ့်ပါမယ်။ စကစ အနေနဲ့ အတော်လေးအထိနာနေတယ်။ ဒရုန်းတွေနဲ့ ကျဲတော့ အထိနာတဲ့ဟာတွေ အများကြီး ရှိတယ်။ ဒီသတင်းထုတ်ပြန်တဲ့ အခါတွေထဲမှာ မိဘပြည်သူတွေ တွေ့မြင်လိမ့်မှာပေါ့” လို့ ကိုအုပ်ကြီးကပြောပါတယ်။

ကိုအုပ်ကြီးတို့ရဲ့ T2S2 (The Teach Supporting Squad) အဖွဲ့ဟာ လက်ရှိမြေပြင်မှာ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပြီး၊ သီးသန့်ဖွဲ့စည်းထားတဲ့ အဖွဲ့ မဟုတ်ဘဲ တခြားသော အဖွဲ့တွေနဲ့ပဲ ပူးပေါင်းပြီး တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

” အခက်အခဲဆိုပေမယ့် အနည်းအများတော့ ရှိမှာပဲ။ ဘာလို့ဆိုတော့ တဖက်မှာလည်း စားဝတ်နေရေး ရှိမယ်။ တခြားသော ဒီထုတ်လုပ်ရေးပိုင်းမှာ ကုန်ကြမ်းတွေ ဘာတွေ ဝယ်စုဆောင်းရတာပေါ့။ အဲအပေါ်မှာတော့ လိုအပ်ချက်တွေ အများကြီး ရှိတာပေါ့။ တကယ်လို့ ကျနော်တို့ကို ထောက်ပံ့ပေးမယ့် လူတွေ ပိုရှိရင်တော့ ကျနော်တို့ အများကြီး ပိုပြီးလုပ်ဆောင်နိုင်မှာပေါ့။” လို့ ကိုအုပ်ကြီးကပြောပါတယ်။

စစ်ကောင်စီဟာ အသေးငယ်ဆုံးဖြစ်တဲ့ ကရင်နီပြည်ကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေပြီး၊ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်ကို လေတပ်အင်အားတွေ အလွန်အကျွံအသုံးပြုကာ တိုက်ခိုက်နေပါတယ်။ မေလ တလအတွင်းမှာ လေတပ်သုံးပြီးတိုက်ခိုက်တဲ့ အကြိမ်အရေအတွက်က ၁၀၀ ကျော်ရှိနေပြီး အာဏာသိမ်းပြီးနောက် လေတပ်အသုံးပြုမှု အများဆုံးဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုကပြောပါတယ်။

spot_img
spot_img

Recent posts