spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ အင်အားအလုံးအရင်း ထိုးစစ်ဆင်မှုကြောင့် မိုးဗြဲ-ပီကင်းလမ်း ယာယီပိတ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၇ရက်နေ့) က အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိမှာစစ်ကောင်စီဖက် လှုပ်ရှားမှု ရှိနေဆဲဖြစ်တဲ့အတွက် မိုးဗြဲ-ပီကင်းလမ်း ကိုလည်း ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားတယ်လို့ မိုးဗြဲPDFတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

“ လောလောဆယ် မိုးဗြဲက မနေ့က စစ်ကောင်စီဖက်က အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတော့ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တယ်ပေါ့နော။ သူတို့ ထိုးတက်လာတဲ့ ပုံစံလည်း မိုးဗြဲ-ပီကင်း လမ်းဖက်ကနေ ထိုးတက်တော့ ကျနော်တို့ ယာယီပိတ်ထားရခြင်းဖြစ်တယ်။ အခုလက်ရှိလည်း အဲ့လိုပဲ ထိုးစစ်ဆင်နေတယ်ပေါ့နော။ ထိတွေ့တိုက်ပွဲက မနေ့ညလည်း ဖြစ်တယ်။ ရှေ့ နှစ်ရက် သုံးရက်တုန်းကလည်း ဖြစ်တယ်ပေါ့နော။ “ လို့ မိုးဗြဲPDFတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

မိုးဗြဲမြို့နေရာအနှံ့အပြားမှာ နေရာယူထားပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သလို ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိဖို့အတွက် မိုးဗြဲ-ပီကင်း လမ်းမကြီး ကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပေးဖို့ ဆက်လက် တိုက်တွန်းထားပါတယ်။

“ သူတို့ရဲ့ လှုပ်ရှားမှုက မိုးဗြဲမှာက ဟိုး ၉လပိုင်းကတည်းက လှုပ်ရှားတဲ့ဟာတွေပေါ့နော။ အဲ့ဒီရဲ့ အကျန်တွေ လှုပ်ရှားနေဆဲပေါ့နော။ ရက်တိုင်းလို လှုပ်ရှားနေတာပဲပေါ့နော။ အခုမှ ပိုတိုးပြီးတော့ လှုပ်ရှားလာတော့ ကျနော်တို့ ပိုတိုးပြီး missionဖော်လိုက်တော့ သူတို့ အင်အားထပ်ဖြည့်တာလား ဘယ်လိုပုံစံမျိုးလဲဆိုတာ စောင့်ကြည့်တဲ့အနေအထားမျိုး ပြန်ရောက်သွားပြီပေါ့နော။ ပြန်စောင့်ကြည့်ရမှာပေါ့။ “ လို့ မိုးဗြဲPDFတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့နှစ် (၂၀၂၂ ခုနှစ် ) စက်တင်ဘာလကတည်းက ဝါရီဆူးပလိုင်ကျေးရွာကနေ မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ စက်တင်ဘာလ ၈ ရက် ကနေ ၁၂ ရက် နေ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ပြန်ဆုတ်ခွာခဲ့ပါတယ်။ တစ်ပတ်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်စောပိုင်းမှာ စစ်ကောင်စီမှ စစ်ကြောင်းနှစ်ကြောင်းနဲ့ မိုးဗြဲမြို့တွင်းကို တကြော့ပြန် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ၂ကြော့ ဖြစ်ပွားခဲ့ကြတာ ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts