spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာနေဆဲ

မော်မီမြာ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအနီးတစ်ဝိုက်တွေမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာမှာဆိုရင် ယမန်နေ့ (ဧပြီ ၂၂ ) ရက်နေ့ကနေ ဒီကနေ့ ( ဧပြီလ ၂၃ ) ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ KA ၊ KNDF တို့ ထိတွေ့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတစ်ဦးက ဒီကနေ့ မနက် (၁၁)နာရီအချိန်မှာ ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြု ပြောကြားပါတယ်။

မိုးဗြဲ – ဝါရီဆူးပလိုင်အနီးတစ်ဝိုက်မှာလည်း မနေ့ကထိတွေ့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ သိရပါတယ်။

“ ဘာကြောင့် တိုက်ပွဲဖြစ်လဲဆိုရင်တော့ ဒီ အဓိက စစ်ကောင်စီတပ်တွေက ဒီ တကယ့် ဒီမြို့ထဲ ရွာထဲတွေအထိ စစ်ကြောင်းထိုးလာတာပေါ့နော။ ဒီ ဒေါကမီးတို့မှာဆို သူတို့က ရွာတွေထဲအထိ ဝင်ပြီးတော့မှ ရွာတွေ စာသင်ကျောင်းတွေထဲမှာနေတာပေါ့နော။ ဆိုတော့ ကျနော်တို့ KA ၊ KNDFအဖွဲ့ကနေသွားပြီးတော့ စစ်ဆင်ရေး လုပ်တာပေါ့နော။ အဓိက အကြမ်းဖက် စစ်ကောင်စီကို ကျနော်တို့ မောင်းထုတ်နိုင်ဖို့ လုပ်တာပေါ့နော။ ဆိုတော့ အဲ့လို ရည်ရွယ်ချက်နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ တွေ ပိုဖြစ်လာတာပေါ့နော။ ဘာလို့လဲဆိုရင် သူတို့က ရွာတွေ မီးရှို့တယ်။ မိုင်းတွေ ထောင်တယ် နောက်ပြီးတော့ ပစ္စည်းဥစ္စာတွေ လုယက်ဖျက်စီးတာ လုပ်တဲ့အတွက် ကျနော်တို့ဖက်က သွားရောက် စစ်ဆင်ရေးတွေ လုပ်ရတာဖြစ်ပါတယ်။ “ လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဖက် အထိနာတာတွေရှိနေတဲ့အတွက် ထပ်မံ အင်အား ဖြည့်တင်းလာနေတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တဲ့အတွက် နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ အသေးစိတ် မသိရှိရသေးဘူးလို့ ဆိုပါတယ်။

“ အခုလောလောဆယ်တော့ အဓိက တိုက်နေတာတော့ KA၊ KNDF ပဲ အဓိက တိုက်နေပါတယ်။ ကျန်တဲ့ တပ်ဖွဲ့တွေကတော့ ကျနော်တို့ မတွေ့ရဘူးပေါ့လေ။ ကျန်တဲ့ တပ်ဖွဲ့တွေက ဘယ်ဖက်မှာကူတိုက်နေလဲ ကျနော်တို့ ပြောရခက်တယ်ဗျ။ ဒါပေမယ့် ဝါ ရီဆူးပလိုင်တို့ဖက်မှာတော့ မိုးဗြဲ PDFတို့ကတော့ ပါဝင်တိုက်ခိုက်ကူတယ်။ “ လို့ KNDF တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (၂၀) ရက် နဲ့ ယမန်နေ့ ( ၂၂ ) က မိုးဗြဲ မှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ကနေပြီး လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူ့နေအိမ် ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

ယမန့်နေ့ နံနက် ၉နာရီ ဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်က ဒီးမော့ဆို မြို့နယ် ခေါက်ပလော့ရပ်ကွက်နဲ့ ငူးပလော့ ရပ်ကွက်ကြား လူနေအိမ်နှစ်လုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ KNDF B-08 က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img