spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်စခန်းတွေမှာ ကိုယ်ထူကိုယ်ထကျောင်း ၂၀၀ နီးပါးဖွင့်လှစ်ထား၊ သင်ထောက်ကူပစ္စည်းများ လိုအပ်နေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုနယ်နဲ့ ဖရူဆိုမြို့ အတွင်း စစ်ဘေးရှောင်စခန်းနဲ့ ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထကျောင်း ၂၀၀ နီးပါး ဖွင့်လှစ်ထားပြီး သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ပညာရေးတော့အခုနောက်ပိုင်း ကျောင်းတွေ တော်တော်များများပြန်ဖွင့်နေပြီ၊ ကျနော်တို့သိသလောက် ကျောင်းပေါင်းကလေ တစ်ရာကျော်ရှိသွားပြီပေါ့၊ ၂၀၀ နီးပါးတောင်မှ ရှိလာပြီ။ IDPs စခန်းတွေမှာပေါ့နော။ ဒါပေမယ့် အဓိက သူတို့သင်တဲ့ပုံစံကတော့ ကလေးတွေပျော်ရွှင်ဖို့အတွက်ဖြစ်တယ်။ အခြေခံဘာသာဖြစ်တဲ့ မြန်မာ၊ အင်္ဂလိပ်၊ သချာ မိခင်ဘာသာစကားလေးပေါ့ ဒီဟာအဓိက သင်တာများတာပေါ့။ အဓိက ကလေးတွေ ပျော်ရွှင်ဖို့အတွက် လုပ်ပေးတာရှိတယ်။ တစ်စိတ်တစ်ဒေသအားဖြင့်တော့ မိခင်အတွက်ဖြစ်စေ ကလေးအတွက်ဖြစ်စေ။ စိတ်ထွက်ပေါက်တစ်ခုလို့ပဲ သူတို့တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ဆိုင်းဆိုင်ရာ ဖြေသိမ့်မှုတစ်ခုလည်းဖြစ်တယ်။”လို့ စစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး လက်လှမ်းမှီသလောက် စာရင်းကောက်ယူထားတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

ဒီးမော့ဆိုမြို့အရှေ့ဖက်၊ အနောက်ဖက်၊ ဖရူဆိုမြို့အနောက်ဖက် စတဲ့ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အရေအတွက်သာရှိပြီး လွိုင်ကော်၊ ရှားတော၊ ဖားဆောင်း စတဲ့ မြို့နယ်၊ ကျေးလက်စာရင်း မပါဝင်သေးဘူးလို့ သိရပါတယ်။

သက်ဆိုင်ရာဒေသအလိုက် ကော်မတီမှ ဦးစီးဆောင်ရွက်လျက်ရှိပြီး CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေက စေတနာ့ဝန်ထမ်းအဖြစ် သင်ကြားပေးနေသလို၊ ဒေသအတွင်း လူငယ်တွေကလည်း ပါဝင်ကူညီသင်ကြားပေးနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်စခန်းနဲ့ ကျေးရွာတွေမှာ အများစုက ကလေးသူငယ်တွေဖြစ်ကြပြီး စစ်ရှောင်စခန်းတစ်ခုမှာ အနည်းဆုံး ကျောင်းသားအရွယ်ဦးရေ ၅၀ နဲ့အထက်ရှိတယ်လို့ သိရပါတယ်။ မူလတန်းကျောင်းသားတွေကို အဓိက သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ ကလေးပညာရေးအတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှလည်း တစ်လတာ ပညာရေးအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၀ရက်နေ့ကစ ဒေသတွင်းတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ စစ်ဘေးရှောင်ကာလအတွင်း ကလေးတွေရဲ့ ပညာရေးအတွက် KNDF ကနေ တစ်နိုင်တစ်ပိုင် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

KNDF တပ်ရင်း(၁) က ဦးဆောင်ပြီး ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်း ၃ ခုနဲ့ ကျေးရွာတစ်ရွာမှာ ၁ လတာ ပညာရေးအစီအစဉ်ကိုစတင်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နဲ့ ၃၀ရက်မှာတော့ ကျင်းပပြီးစီးတဲ့အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။

စစ်ရှောင်စခန်းအချို့နဲ့ ကျေးရွာမှာ ကလေးတွေကို ပညာသင်ကြားရေးနဲ့ပတ်သက်ပြီး အခြေခံလိုအပ်တဲ့ အထောက်အကူပစ္စည်း၊ စာရေးကိရိယာ၊ စာသင်ဆောင်နေရာ စတဲ့အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ

“စာရေးကိရိယာတွေ အခက်အခဲရှိပါတယ်။ အရှေ့ခြမ်းမှာဆိုရင်လည်း လိုအပ်ချက်တွေမြင့်နေဆဲဖြစ်တယ် စာရေးကိရိယာက နေရာတိုင်းမှာပေါ့။ လိုအပ်ချက်ရှိတယ်ပေါ့နော။ Whiteboard တွေ၊ ဆော့ပင်တွေ လိုအပ်တယ်ပေါ့နော။ အဲ့ဒီဟာတွေနဲ့ ဝယ်ယူရေးအပြင် ပို့ဆောင်ရေးပါအခက်အခဲဖြစ်တဲ့အတွက်ကြောင့် စာရေးကိရိယာက လောလောဆယ်အခြေအနေအထိကတော့ တောင်းဆိုမှုအများဆုံးထဲမှာ စာရေးကိရိယာက တောင်းဆိုမှုအများဆုံး ဖြစ်တယ်။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

သင်ထောက်ကူပစ္စည်းတွေအပြင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကို ကူညီထောက်ပံ့နိုင်ဖို့လည်း လိုအပ်ချက်တွေ မြင့်မားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းမှာ ကလေးပညာရေးအတွက် CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမအဖြစ် ကိုယ်ထူကိုယ်ထ စာသင်ပေးခဲ့တာရှိခဲ့ပေမယ့် ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် ရပ်နားထားခဲ့ရပါတယ်။

spot_img
spot_img

Recent posts