spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို ကူညီနိုင်ဖို့ အတွက် နှီးနှောဖလှယ်ပွဲပြုလုပ်



ကန္တာရဝတီတိုင်း ( မ် )

စစ်ဘေးရှောင်ရှိရာစခန်းတွေကို အကူအညီပေးနိုင်ဖို့အတွက် စစ်ဘေးရှောင်ရေးရာ နှီးနှောဖလှယ်ပွဲကို ကရင်နီပြည် အနောက်ဘက်ခြမ်းတစ်နေရာမှာ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့တယ်လို့ စစ်ရှောင်းရေးရာ ကူညီပါဝင်သူတစ်ဦးက ပြောပါတယ်။

“တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကို တစ်လကို တစ်ကြိမ်၊ တစ်ကြိမ်တွေ့ဆုံဆွေးနွေးတဲ့ဟာပေါ့နော။ ဘယ်ဖက်ရောက်လဲ၊ ဘယ်ဖက်မရောက်လဲ။ ပစ္စည်းက နေရာတိုင်းရအောင် အဲ့လိုမျိုးပေါ့နော။ ပြီးတော့မှ အဆင်ပြေအောင် မထပ်အောင် အဲ့လိုမျိုးတွေပါတယ်ပေါ့နော။” လို့ စစ်ရှောင်ကူညီသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့နဲ့ ၁၀ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး လူဦးရေ ၁၅၀ ဝန်းကျင် ပါဝင်တက်ရောက်ခဲ့ပါတယ်။ စစ်ဘေးရှောင်ကူညီပေးနေတဲ့ NGO၊ CSO ၊ ဒေသအလိုက် စစ်ဘေးရှောင်ကူညီသူတွေ၊ စစ်ရှောင်စခန်းကော်မတီဝင်တို့ ပူးပေါင်းပြီး နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

စစ်ရှောင်တွေကို ကူညီတဲ့နေရာမှာ မဟာဗျူဟာချမှတ်နိုင်ဖို့လည်း ဆွေးနွေးသွားတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးဖြစ်တဲ့ မူအဲလ်မာရီက ပြောပါတယ်။

“ဘာတွေပံ့ပိုးကူညီမလဲဆိုတဲ့ဟာတွေကို ပိုပြီးတော့ သိရှိဖို့အတွက်လည်းဖြစ်တယ်။ ရှေ့ဆက် စစ်ဘေးရှောင်ပံ့ပိုးကူညီတဲ့အဖွဲ့အစည်းအနေနဲ့ပေါ့နော။ လုပ်ငန်းမဟာဗျူဟာတွေ ပိုပြီး ချမှတ်နိုင်ပြီးတော့မှ စစ်ရှောင်ကြားအတွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ အခြေအနေတွေကော လိုအပ်ချက်ရှိနေတဲ့အခြေအနေတွေကော သူတို့ရဲ့အသံပေါ့နော။ ဘုံသဘောတူညီချက်ထွက်လာဖို့အတွက်ကို ဒီဖိုရမ်ကို ကျင်းပပြုလုပ်ခြင်းဖြစ်တယ်ပေါ့နော။” လို့ မူအဲလ်မာရီက ပြောပါတယ်။




စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ပညာရေးပိုင်းမှာ အဓိကကူညီဆောင်ရွက်ပေးနေတဲ့ ကယန်းမျိုးဆက်သစ်လူငယ်ဥက္ကဌ ခွန်းအားသိုက်က စစ်ရှောင်တွေမှာ စားနပ်ရိက္ခာမလုံလောက်ဘူးလို့ ပြောပါတယ်။

“အဓိကကတော့ စားနပ်ရိက္ခာမလုံလောက်မှုတွေ ရှိတယ်ပေါ့နော။ အရပ်ဖက်အဖွဲ့အစည်းတွေ ၊ အခြားအခြားသော အဖွဲ့အစည်းတွေ ကူညီတယ်ဆိုပေမယ့် လည်း သူတို့မှာလည်း ကူညီနိုင်တဲ့ အတိုင်းအတာလောက်ပဲ ကူညီတာဖြစ်တယ်။ ဥပမာအားဖြင့် တစ်လစာမျိုးပဲ ပေးနိုင်တာရှိတယ်ပေါ့နော။ လူဦးရေနဲ့ အိမ်ထောင်စုအပေါ်မူတည်ပြီးတော့ပေါ့။ ဆိုတော့ စားနပ်ရိက္ခာကတော့ လုံလောက်တဲ့ အခြေအနေမှာ မရှိဘူး။ လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။” လို့ ခွန်းအားသိုက်က ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင် နှစ်သိန်းနှစ်ထောင်ကျော်ရှိနေပြီး ဒီးမော့ဆိုမြို့နယ်က ခုနှစ်သောင်းကျော်ပါဝင်တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img