spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်တွေ သက်သာချောင်ချိရေးအတွက် တစ်ဝက်စျေးဆိုင်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်တစ်နေရာမှာ စစ်ဘေးရှောင်မိသားစုတွေ သက်သာချောင်ချိရေးအတွက် ကုန်စျေးနှုန်းတွေကို ပုံမှန်ထက် တစ်ဝက်လျော့ချပြီး ရောင်းနေတဲ့ တစ်ဝက်စျေးဆိုင်ကို Hope အဖွဲ့အစည်းကနေ ဆောင်ရွက်နေပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ရေရှည်လုံလောက်တဲ့ထောက်ပံ့မှု မရရှိနိုင်တော့တဲ့အနေအထားမှာ အခြေခံစားသောက်ကုန်တွေ လုံလောက်နိုင်ဖို့ အဓိက ရည်ရွယ်ပြီး ရောင်းချပေးနေတာဖြစ်ပါတယ်။

“ကျနော်တို့က အဓိက ဝမ်းရေးပေါ့နော။ ပြဿနာက ခပ်ရိုင်းရိုင်းပြောရမယ်ဆိုရင် ကျနော်တို့ မငတ်ဖို့ လိုတယ်ပေါ့နော။ သူတို့ကို ငါတို့ မငတ်အောင် သူတို့ရဲ့ ဝမ်းရေးပြဿနာကို ရေရှည်မှာ ဘယ်လိုတောင့်ခံထားလို့ ရနိုင်မလဲဆိုတဲ့အဖြေကို ကျနော်တို့ နည်းမျိုးစုံနဲ့ စဉ်းစားတယ်ပေါ့နော။ နည်းမျိုးစုံစဉ်းစားတဲ့အခါမှာ ကျနော်တို့ လုပ်ပေးနေကျ အပတ်စဉ် လစဉ် ရိက္ခာထောက်ပံ့ရေး အစီအစဉ်တွေက အဖြေမဟုတ်တော့ဘူး။ အဲဒါတွေက အလှူငွေ ထောက်ပံ့မှုတွေသာ မရှိဘူးဆိုရင် ကျနော်တို့ မသွားနိုင်ဘူး။ အဲဒီအခါမှာ ကျနော်တို့ တစ်ဝက်စျေးဆိုင်ဆိုတဲ့ အဖြေပြန်ပြီးတော့ ထွက်လာတယ်။” လို့ Hope – The Humantarial Organizatation ရဲ့ စီမံခန့်ခွဲရေးအပိုင်းမှာ ဆောင်ရွက်နေတဲ့ Linn NZ က ပြောပါတယ်။

လက်ရှိမှာတော့ တစ်ဝက်စျေးဆိုင်ကို တစ်ပတ်မှာ တစ်ကြိမ်ဖွင့်လှစ်ထားပြီး အဲဒီလိုဖွင့်လှစ်တာ ၉ လရှိသွားပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဲဒီစစ်ရှောင်စခန်းနေရာမှာ တစ်ဝက်စျေးဆိုင်ကို ၄ ဆိုင်အထိ ဖွင့်လှစ်ပေးထားပြီး တခြားစစ်ရှောင်စခန်းတွေမှာလည်း ပိုမိုတိုးချဲ့ဖွင့်လှစ်ဖို့ ဆက်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့ လက်ရှိအခြေအနေမှာ ဒီလိုတစ်ဝက်စျေးဆိုင်တွေရှိနေတဲ့အတွက်လည်း အပတ်စဉ် အခြေခံစားသောက်ကုန်တွေအတွက် သက်သာရရာတယ်လို့ အဲဒီမှာ နေထိုင်တဲ့ စစ်ရှောင်တွေက ဆိုကြပါတယ်။

“အဓိက ကြက်ဥ၊ ခေါက်ဆွဲ၊ မာမီး၊ ဆီ ကလေးအတွက်ပေါ့နော။ အဓိက၊ ဆား၊ ဆန် အဲဒါတွေပေါ့။ ဘယ်လိုမျိုးလဲဆိုရင် သူများက တစ်မျိုးကို ၅၀၀ ဆိုရင် ဒီမှာက ၂၅၀ ဆိုရင် ၂၅၀ ကွာသွားတာပေါ့နော။ ဘာပဲဖြစ်ဖြစ်ပေါ့နော။ အကုန်လုံးပေါ့နော။ တစ်မျိုးစီက တစ်ဝက်နှုန်းပဲဖြစ်တော့ အကုန်လုံးသက်သာတာပေါ့နော။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရိုဇားနာ ပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ စစ်ရှောင်ဦးရေ ၂ သိန်းကျော်ရှိနေပြီး ဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်သေးသလို စစ်ရှောင်လူထုတွေအတွက် အထောက်အပံ့ရရှိမှုဟာလည်း ပိုမိုနည်းပါးနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts