spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေး ဒုက္ခသည်စခန်းမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်သွားမည်

ဖရူဆိုဖက်က ကျေးရွာတစ်ချို့တွေမှာ စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်။

ကရင်နီပြည်နယ်က စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်နဲ့ ကျန်းမာရေးဝန်ဆောင်မှုလိုအပ်ချက် တွေအတွက် အရေးပေါ်ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ကျန်းမာရေးကော်မတီ တာဝန်ခံ တစ်ဦးက ပြောပါတယ်။

၎င်းက ” စစ်ဘေးရှောင်တဲ့နေရာမှာ ပုန်းခိုနေတဲ့ လူထုတွေရဲ့ ကျန်းမာရေး ေရာ နောက်ဒီကိုဗစ်ကာလပေါ့။ ကိုဗစ်ရောဂါအခြေအနေပေါ်မှာ တုံ့ပြန်ဆောင်ရွက်မှုတစ်ခုကို ပြုလုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပြီး ကျနော်တို့ လူထုတွေရဲ့ ကရင်နီပြည်နယ်မှာ လိုအပ်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ဖြည့်စည်းပေးနိုင်ဖို့ ကျနော်တို့ ချိတ်ဆက်လုပ်ဆောင်ပေးနိုင်ဖို့ ဆိုပြီးတော့ ကျန်းမာရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ရတာပါ။ ” လို့ ပြောပါတယ်။

စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါပြန့်ပွားမှုဘပိုများလာတဲ့အတွက် ဆေးဝါးကုသမှုတွေ ကာကွယ်မှုတွေ လိုအပ်ချက်တွေရှိနေသေးတယ်လို့ KSCC ကျန်းမာရေးကော်မတီ တာဝန်ခံ ကပြောပါတယ်။

” အခုကတော့ ဒီစစ်ဘေးရှောင်မှာပေါ့နော။ ဒီကိုဗစ်ပြဿနာက အဆိုးဝါးဆုံးပေါ့လေ။ နောက်ဒီကိုဗစ်ရဲ့ ဒဏ်ကိုပေါ့လေ။ ကိုဗစ်ရဲ့ ကူးစက်ပျံ့ပွားမှုပေါ့နော။ အရမ်းနဲ့ များပြားလာတာကို တွေ့ရတယ်။ အဲ့ဒီဆေးဝါးကုသမှု ဒီကာကွယ်မှုပေါ့နော။ အဲ့ဒီအစီအစဉ်တွေ အများကြီး လိုအပ်နေတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ ဒီမိခင်နဲ့ ကလေးပေါ့နော။ ပြုစုစောင့်ရှောက်မှု လုပ်ငန်းအပိုင်းမှာ အများကြီးလိုအပ်နေတာကို ကျနော်တို့ တွေ့ရတယ်။ “

ကရင်နီပြည်နယ်မှာ စစ်ကောင်စီကြောင့် သေဆုံးသူ တွေထဲမှာ စစ်ဘေးရှောင်ရင်း ကျန်းမာရေးစောင့်ရှောင့်မှုမခံရလို့ သေဆုံးသူတွေလည်းရှိတယ်လို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

” ဖေဖော်ဝါရီလကနေ အောက်တိုဘာလအထိ ၉၂ယောက်ရှိပြီ ၆၀%က ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတဲ့ပုံစံဖြစ်တယ် ဖျားနာသေ၊ လက်နက်ကြီးထိသေ၊ ပျောက်ဆုံးဖမ်းဆီးပြီးသေတဲ့စာရင်းက အများစုဖြစ်တယ်။”

ကရင်နီပြည်နယ်က စစ်ဘေး ဒုက္ခသည်တွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် KSCC က ကျန်းမာရေးကော်မတီကို နိုဝင်ဘာလ ၃ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီဖို့ အဖွဲ့ဝင် ၇ဦးနဲ့ အောက်တိုဘာလ ၂၃ရက်က ဖွဲ့စည်းထားပြီး လက်ရှိမှာတော့ NUG ရဲ့ အမျိုးသား ကိုဗစ် 19ကာကွယ်ထိန်းချုပ်ရေးကော်မတီနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာတွေရှိလို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာမေလက စတင်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေး ဒုက္ခသည်
တစ်သိန်းခွဲဝန်းကျင်ရှိနေပါတယ်။

spot_img
spot_img