spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတွင် ပြုလုပ်သော ၁၆ ရက်တာ လှုပ်ရှားမှု အခမ်းအနား

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ပြုလုပ်လျှက်ရှိတဲ့ ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေထဲမှ စစ်ရှောင်စခန်း တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆိုတရှားမြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်တဲ့ ဦးဒါဝီ က အမျိုးသားနဲ့ အမျိုးသမီး အခွင့်အရေးကို နားလည်ဖို့ လိုအပ်ကြောင်း အခမ်းအနားမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

“ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အမျိုးသမီး အခန်းကဏ္ဍ အမျိုးသမီးရဲ့ အခွင့်ေရးတွေ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အခွင့်အရေးကိုလည်း သိရှိနားလည်ကြဖို့ အများကြီး လိုအပ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားလိုမျိုး ခုခံအားမရှိသော်လည်း တစ်ဖက်တစ်လှမ်းကနေ ခဏက ဆရာမတွေလည်း ပြောပြီးသွားပါပြီ။ တစ်ဖက်တစ်လှမ်းကနေ နှုတ်ဖြစ်ဖြစ် စာဖြစ်ဖြစ် အမူအရာဖြစ်ဖြစ် ပါဝင်ပြီးတော့မှ အများကြီး လုပ်ဆောင်ခဲ့တာလည်း ရှိပါတယ်။ “ လို့ ဆိုတရှားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒါဝီ ကဆိုပါတယ်။

အခမ်းအနား မပြုလုပ်ခင်မှာလည်း စစ်ရှောင်ပြည်သူများ ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းခြင်းများကို အထောက်အကူပြုနိုင်မယ့် အားကစားပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲ၊ အကပြိုင်ပွဲများ ကို ပြုလုပ်ပေးခဲ့ပါတယ်။

KNWO အဖွဲ့အနေနဲ့ ကရင်နီပြည်နယ်ထဲမှာလည်း ၁၆ရက်တာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှု ပပျောက်ဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ KNWO အတွင်းရေးမှူး(၂) မော်ဖရေးမြာက ဆိုပါတယ်။

“ ခါတိုင်းလိုပဲ ကျမတို့ KnWOက ဒီ နေရာမှာပဲ မဟုတ်ဘူး။ ဒီကရင်နီပြည်နယ်မှာလည်း ကျမတို့ ၁၆ရက်တာ လှုပ်ရှားမှု ပြုလုပ်တယ်ပေါ့နော။ ဒီရက်ဆိုရင်လည်း လူ့အခွင့်အရေးနေ့ဖြစ်သလို ကျမတို့ ၁၆ရက်တာ လှုပ်ရှားမှု တစ်ရက်လည်းဖြစ်တယ်ပေါ့နော။ အဓိက ကျမတို့ စစ်ရှောင်ရင်းနဲ့ ဒီအကြမ်းဖက်မှုတွေပေါ့နော။ တခါတလေ ကြလို့ရှိရင် အမျိုးသားတွေရဲ့ အိမ်တွင်းအကြမ်းဖက်မှုခံရသလို အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေလည်း ရှိတယ်။ အထူသဖြင့် ဒီနှစ်ထဲမှာဆိုရင်တော့ စစ်ကောင်စီကနေပြီးတော့မှ ကျမတို့ ပြည်သူလူထုအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရမ်းများတယ်။ အထူးသဖြင့် ခံရတာက အမျိုးသမီးနဲ့ ကလေးဖြစ်တယ်ပေါ့။ စစ်ရှောင်စခန်းထဲမှာ ကျမတို့ရဲ့ အကြမ်းဖက်မှု ပပျောက်ဖို့အတွက် ကျမတို့ အသိပေးလုပ်ဆောင်တဲ့ လှုပ်ရှားမှုဖြစ်သလို ကျမတို့ ဒီစစ်ရှောင်ရင်းနဲ အမျိုးသမီးအပေါ် နည်းအမျိုးမျိုး နဲ့ အကြမ်းဖက်တဲ့ ဟာမျိုးတွေ ရှုပ်ချဖို့အတွက် ရည်ရွယ်တာ တစ်ခုဖြစ်တယ်။ “ လို့ KNOWအတွင်းရေးမှူး(၂)မော်ဖရေးမြာ ကပြောပါတယ်။

ယနေ့အခမ်းအနားကို ကရင်နီအမျိုးသမီးအစည်းအရုံး KNWO မှ ဦးဆောင်ပြုလုပ်ပြီး ကရင်နီတပ်မတော် KA မှ တာဝန်ရှိသူများ၊ စစ်ရှောင်စခန်းအတွင်း ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

spot_img
spot_img