spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းမှာ ကလေးတွေကို ပညာဆက်သင်ကြားပေးနေတဲ့ CDM ဆရာမ

ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် အစိုးရဝန်ထမ်းတွေဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ CDMကို ပြုလုပ် ကြပါတယ်။

CDM ပြုလုပ်ပြီး လက်နက်ကိုင်လမ်းစဥ်သွားတဲ့လူတွေရှိသလို နေရပ်ဇာတိကိုပြန်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်တဲ့သူတွေလည်းရှိပါတယ်။

CDM ပြုလုပ်ပေမယ့် စာသင်ရတာကို ဝါသနာပါတဲ့ ဒေါ်မိုးမြာကတော့ စစ်ရှောင်တဲ့နေရာက ကလေးတွေကို ပညာသင်ကြားပေးတဲ့အလုပ်လုပ်တယ်လို့ သူကပြောပါတယ်။

“ကျမပညာဒါနဘာလို့ လုပ်ဖြစ်လဲဆို ကျမ ရဲ့ အလုပ်လေးကို ကျမအရမ်းမြတ်နိုးတယ်ပေါ့နော။ စေတနာ၊ ဝါသနာ၊ အနစ်နာ လည်း ပါဝင်ပြီးတော့ လုပ်ခဲ့တယ်။ အခုချိန်ထိလည်း လုပ်ချင်စိတ်ရှိနေတယ်ပေါ့နော။ မစွန့်လွှတ်နိုင်ပါဘူး။ တို့ရဲ့ ပညာရေးကို။”

ပညာရေးဝန်ထမ်းမှာ လုပ်သက် ၂၁နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မိုးမြာ ဟာ ကယား( ကရင်နီ) ပြည်နယ်မှာ အလယ်တန်းကျောင်းအုပ် အဖြစ် ၃နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလမှာ CDM ပြုလုပ်ပြီး လက်ရှိမှာတော့ စစ်ရှောင်စခန်းမှာ ဖွင့်လှစ်ထားတဲ့ အခြေခံလွန်ကျောင်းမှာ မြန်မာစာဘာသာရပ်ကို သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိ သင်ကြားနေတဲ့နေရာမှာ ပညာရေးစနစ်တွေကွားခြားနေတာရှိတယ်လို့ သူကဆက်ပြောပါတယ်။

”အရင်တုန်းကသင်တဲ့စနစ်ကတော့ စာတစ်မျိုးတည်းနဲ့ပဲ အမှတ်ပေးသွားတာပေါ့။ အတန်းတွေအောင်သွားတာတွေ ရှိခဲ့တယ်။ ဒီဖက် မှာတော့ ကျမလေ့လာမိသလောက်တော့ activity ဖက်မှာလည်း အမှတ်ပေးတာတွေကို တွေ​့ရတယ်။ စာမေးပွဲက တစ်နှစ်လုံးဆိုရင်တော့ ရာခိုင်းနှုန်းအနေနဲ့ ဆိုရင်တော့ ၆၀ရာခိုင်နှုန်းပေါ့။ စာမေးပွဲက ပြီးရင် activity က ဒီဖက် state ကျောင်းမှာက activity က ၃၀ ကျောင်းတက်နှုန်းက ၁၀ ရာခိုင်းနှုန်းပေါ့။ အဲ့လိုလေးတွေ တွေ့ရတယ်ပေါ့နော။ အဲ့ဟာလေးတွေကျတော့ ကလေးအတွက် activity မှာ အားကောင်းတဲ့ ကလေးတွေအတွက်တော့ အဆင်ပြေတယ်ပေါ့နော။ ”

သင်ကြားနေတဲ့ ဘာသာရပ်အတွက် သင်ရိုးညွှန်းတမ်း မရေးဆွဲနိုင်သေးပေမယ့်လည်း အွန်လိုင်းပေါ်ကနေ ရှာဖွေပြီး ပြန်လည် ဝေမျှပေးတဲ့ စနစ်နဲ့ သင်ကြား‌ေနတယ်လို့ဆိုပါတယ်။

ဆရာမဒေါ်မိုးမြာ အနေနဲ့ သူ့အနာဂတ်မှာ တိုင်းရင်းသားအရေးတွေအတွက် ဖယ်ဒရယ် ပညာရေးရဖို့ မျှော်လင့်ပြီး အရေးတော်ပုံ အောင်တဲ့အထိ CDM လုပ်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားသူပါ။

“ကျမရဲ့ မျှော်လင့်ချက်ကတော့ ဖယ်ဒရယ် ပညာရေး ကိုဖော်ဆောင်ချင်တယ်။ ဖယ်ဒရယ်ပညာရေး ရရှိဖို့အတွက် ဒီအရေးတော်ပုံအောင်မှ ဖြစ်မယ်။”

အရေးတော်ပုံအောင်ရင်လည်း ပညာရေးပိုင်းကိုပဲ ဆက်လက်ပါဝင်လုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်။

အခုလက်ရှိမှာတော့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ လက်နက်ကိုင်တို့ နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။

အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကလည်း တစ်နေ့ထက်တစ်နေ့ များပြာလာနေပါတယ်။

ဆရာမဒေါ်မိုးမြာ မျှော်လင့်နေတဲ့ ကရင်နီပြည်နယ်က ဖယ်ဒရယ်ပညာရေးဖော်ဆောင်ဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။

spot_img
spot_img