spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ တော်လှန်သင်္ကြန်

Author

Date

Category

ကန္တာရဝတီတိုင်းမ်

အတာသင်္ကြန်အကြတ်နေ့လိုမျိုးမှာတောင် လွိုင်ကော်မြို့ရဲ့ လမ်းမတွေပေါ်မှာ လူအသွားအလာ မရှိသလောက်နည်း ပါးနေသလို ရေပက်သူတွေမရှိပဲ မြို့တော်ဟာ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။
ဒီလိုအချိန်ဆိုရင် နှစ်ဟောင်းက အညှစ်အကြေးတွေကို အတာသင်္ကြန်ရေတွေနဲ့ ဆေးကြောပြီး နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်ကြိုဆိုရမယ့် အချိန်ပဲလို့ ဆိုရမှာဖြစ်ပါတယ်။

ယခင်နှစ်ကတောင် COVID – 19 ရောဂါကူးစက်မှာကို ကြောက်ရွံ့စိုးရိမ်ကြပေမယ့် ကိုဗစ်စည်းကမ်းနဲ့အညီ အစဉ်အလာမပျက် ရေကစားကြတာကို မြင်တွေ့ရပါတယ်။

ဒီနှစ်သင်္ကြန်က စစ်အာဏာရှင်ကို မုန်းလို့ ပျော်ရွှင်မှုဆိုတာမရှိဘူးလို့ သင်္ကြန်ကာလမှာ လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“အရင်နှစ်သင်္ကြန်က ရေလောင်းတာတွေ့တယ်။ ဘယ်လိုရေလောင်းကြလဲဆို မတ်တွေတပ်ကြတယ်။ ၅ ယောက်ထက်ပို မစုကြဘူး။ ဖြတ်လာတဲ့သူတွေကလည်း မတ်တပ်တယ်။ ရေလောင်းတယ်။ ပျော်သေးတယ်။ ကိုဗစ်ကို ကျမတို့ ဒီလောက်ထိမကြောက်ဘူး။ ဘာဖြစ်လဲဆို ကိုယ့်နှစ်ကိုယ်ကိုယ် ကာကွယ်မယ်ဆို ဒီကိုဗစ်က ကြောက်စရာမလိုဘူးပေါ့နော်။ ဒီနှစ်မှာဆို စစ်အာဏာရှင်ကို မုန်းလို့၊ ရွံလို့၊ သူတို့ကို မုန်းတဲ့အတွက်ကြောင့် ကျမတို့မှာ ပျော်ရွှင်မှုဆိုတာမရှိဘူး။”

လွိုင်ကော်မြို့တွင်း ရပ်ကွက်တချို့ရဲ့ လမ်းမတွေမှာ ပြည်သူတွေဟာ ဆိုင်းဘုတ်ကိုင်ပြီး တော်လှန်သင်္ကြန်ကို ဆင်နွှဲနေကြပါတယ်။

“မပျော်နိုင်ဘူးလေ။ ဘယ်လိုလို့ မပျော်နိုင်တာတုန်း၊ အာဏာရှင်စနစ်ဆိုးကို တွန်းလှန်နေရတယ်။ သူတို့က နှိပ်စက်တယ်။ သတ်ဖြတ်တယ်။ လုပ်နေတဲ့အခါကျတော့ ကိုယ့်ဆီမှာ မရောက်သေးပေမယ့် သူများဆီမှာ ဖြစ်နေတဲ့အခါကျတော့ ဒီရဲ့ ခံစားချက်တွေက ကိုယ့်ရင်မှာလာပြီးတော့ မြှားပစ်သလိုပဲ ခံစားရတဲ့အတွက်ကြောင့် ဒီလိုသင်္ကြန်ပွဲကို မကျင်းပနိုင်ဘူး။ ကျင်းလည်း မကျင်းပချင်ပါဘူး။ ပျော်လည်းမပျော်ပါဘူး။”လို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေပြီးတော့ ကိုယ်တိုင်လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်နေတဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်အစိုးရတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရှင်သန်ခဲ့ရတဲ့အတွက် ဒီတစ်ကြိမ်မှာ တော့ မနိုင်မချင်းအဆုံးထိ တိုက်သွားမယ်လို့ သူက ဆိုပါတယ်။

အခုလို စစ်အာဏာရှင်စနစ်ကို တွန်းလှန်တဲ့ကာလတစ်လျှောက်မှာ သပိတ်ကို အကြမ်းဖက်ဖြိုခွင်းတာတွေအပြင် ဖမ်းဆီးသတ်ဖြတ်မှုတွေကြုံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ကယား(ကရင်နီ)ပြည်နယ်က ပြည်သူတွေဟာ အတာသင်္ကြန်ကာလမှာလည်းပဲ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်သင်္ကြန်ဆင်နွှဲပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးက တိုင်းရင်းသားပြည်သူတွေနဲ့ ထပ်တူတိုက်ပွဲဝင်နေတဲ့အကြောင်း နေ့စဉ်ပြုလုပ်နေတဲ့ သပိတ်တွေကနေ မြင်တွေ့နိုင်ပါတယ်။

spot_img
spot_img

Recent posts