spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု မိုးရေထဲမှာ ပြုလုပ်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကယားပြည်နယ် ဒီးမော့ဆိုမြို့ ကန်ခုနစ်ဆင့်မှာ ဧပြီ ၆ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုသပိတ်ကို မိုးရေထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ရေးမှာ အသက်ပေးသွားတဲ့လူတွေအတွက် ဆက်လက်တိုက်ပွဲဝင်ပေးရမယ်ဆိုတဲ့စိတ်နဲ့ ဒီသပိတ်ကို လာရခြင်းဖြစ်တယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။

“ အိမ်ကလူတွေလည်းစိတ်ပူတယ်မသွားခိုင်းဘူး။ ကိုယ်မပါလိုက်ရရင် လိပ်ပြာမလုံသလိုခံစားရတယ်ပေါ့နော။ ပထမဆုံးကတော့ ကျဆုံးသွားတဲ့သူတွေအတွက် တိုက်ခိုက်ပေးရမယ်ဆိုတဲ့ စိတ်နဲ့ သွားတယ်ပေါ့နော။ သူတို့တွေလည်း ခက်ခက်ခဲခဲအသေခံရတယ်။ ကိုယ်တွေက ဒီလောက်ရာသီဥတု ခက်ခဲတာက မဆိုစလောက်ပါပဲပေါ့။ သွားကို သွားရမယ်အဲ့လိုမျိုးစိတ်ထားနဲ့ သွားဖြစ်ခဲ့တယ်ပေါ့နော။ နိုင်ငံအတွက် ဒီလိုမျိုးတွေလည်း သွားစုဖြစ်တယ်ပေါ့နော။ ကိုယ်တွေမှမသွားဘူးဆိုရင်လည်း ကျန်တဲ့ လူကြီးတွေကလည်း ဒီနေ့ဆိုမသွားကြဘူးလေ။ ရှိတဲ့ သူငယ်ချင်းတွေလိုက်စုပြီးတော့မှ ကားနဲ့ သွားကြတယ်ပေါ့နော။ ဒီလိုမျိုးလူငယ်တွေ ပူးပေါင်းစေချင်လို့ ဒီလိုမျိုးအတူတူတော်လှန်ချင်လို့ ဒီလိုမျိုးနေ့မှာ အခက်အခဲရှိပေမယ့် လာရခြင်းဖြစ်ပါတယ်။”

စစ်အာဏာရှင်ဆန့်ကျင်တဲ့လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်လာတာ ရက်ပေါင်း ၆၀ကျော်ပြီးဖြစ်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာ စစ်တပ်နဲ့ ရဲက သပိတ်တွေကို ဖြိုခွင်းတာတွေရှိနေပါတယ်။
ဒီးမော့ဆို သပိတ်စစ်ကြောင်းကို ဖြိုခွင်းတာတွေမရှိသေးတဲ့အတွက် လူထုအင်အားဆက်လက်ပြသသွားမယ်လို့ သပိတ်မှာပါဝင်သူတစ်ဦးကပြောပါတယ်။

“ မြို့ပေါ်မှာတော့ စစ်တပ်က သတ်ဖြတ်တော့ လူတွေ လျော့တာတော့ အမှန်အကန်ပဲ။ ဒီးမော့ဆိုမှာတော့ သိပ်ပြဿနာမရှိသေးတဲ့အတွက် ကျနော်တို့ အင်အားပြနိုင်တဲ့ အခြေအနေရှိသေးတဲ့ အချိန်အထိ အင်အားပြသွားမှာပါ။ ကျနော်တို့ ဆက်ပြလို့ ရမယ့်အခြေအနေရှိမယ်လို့လည်း မျှော်လင့်တယ်။ ဒီအသံမကြားမရမချင်းပေါ့။ ဒီစစ်အစိုးရကို ကျနော်တို့ မနိုင်မချင်း တိုက်ထုတ်မှာပဲ။ ကျနော်တို့ လုပ်နိုင်တာ ဒီသပိတ်ပဲဆိုရင်လည်း ဒီအာဏာရှင်မပြုတ်မချင်း ကျနော်တို့ လုပ်မယ်။ ဒီထက် အရေးကြီးလာမယ်ဆိုရင်လည်း ကျနောတို့ အရေးကြီးတဲ့ အရာမှာ ပါဝင်ဖို့အသင့်ပါ။ “

ဒီးမော့ဆိုမြို့နယ်မှာ ဧပြီလ ၆ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး သပိတ်မှောက် ပြည်သူတွေကလည်း မိုးကာ၊ ထီးကိုယ်စီကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ သပိတ်မှောက်ခဲ့ကြပါတယ်။ အဲ့ဒီသပိတ်မှာလည်း လူအင်အားထောင်ချီပါဝင်ခဲ့ပါတယ်။

spot_img
spot_img

Recent posts