spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

စစ်အာဏာရှင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းဖြိုလဲမယ်လို့ KSCC အသိပေး

ကန္တာရဝတီတိုင်း(မ်)

နှစ်ပေါင်း (၇၀)ကျော်ကြာ ကြီးစိုးလွှမ်းမိုးခဲ့တဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ အမြစ်ပြတ်ချေမှုန်းရာမှာ ၎င်းတို့ရဲ့ ယန္တယား လည်ပတ်နိုင်အောင် ထောက်ကူပြုနေတဲ့ ထောက်တိုင်အားလုံးကို ချေမှုန်းဖြိုလဲသွားမယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ယမန်နေ့(ဖေဖော်ဝါရီလ ၁၃ရက်) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်နီပြည်နယ်ကိုရောက်ရှိလာပြီး မြို့နယ်စီမံခန့်ခွဲရေးကောင်စီကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ တိုက်ပွဲကြောင့် တိမ်းရှောင်သွားတဲ့ အစိုးရဝန်ထမ်းတွေကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားခဲ့ပြီးတဲ့နောက်မှာ KSCC ကလည်း အခုလို ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်ကောင်စီကို သစ္စာခံပြီး တာဝန်ထမ်းဆောင်နေတဲ့ ကျန်ရှိနေတဲ့ ဝန်ထမ်းတွေကို CDM ပြုလုပ်ပြီး ပြည်သူတွေနဲ့ပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတွေက စည်းရုံးဖိတ်ခေါ်ခဲ့တာ တစ်နှစ်ကျော်ကြာလာပြီဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်း CDMမပြုလုပ်ဘဲ စစ်ကောင်စီကို သစ္စာခံနေတဲ့ စစ်ဘက်၊ အရပ်ဖက် ဝန်ထမ်းများအားလုံးကို CDM ပြုလုပ်ကြဖို့ KSCC က ထုတ်ပြန်ကြေးညာချက်မှာ ထပ်မံတိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်မှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို ထောက်ထား ငဲ့ညာခြင်းမရှိဘဲ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးငယ်၊ လေကြောင်းတိုက်ခိုက်ခြင်းတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းတာမလုပ်နိုင်ရင် နောက်ထပ်နှစ်ပေါင်း (၇၀) အာဏာရှင်စနစ်အောက်ကို ပြန်ရောက်ရှိသွားမှာဖြစ်ပြီး၊ အာဏာရှင်လက်အောက်ပြန်မရောက်သွားဖို့အတွက် CDM ရဲ့အခန်းကဏ္ဍက အလွန်အရေးကြီးတဲ့အတွက် ပြည်သူ့ဝန်ထမ်းCDMမှာ ဆက်လက်ပါဝင်ကြဖို့ KSCC ကတိုက်တွန်းထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ အခြေခံကျတဲ့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး နဲ့ အခြားယန္တရား ပြန်လည် လည်ပတ်နိုင်ခြင်းမရှိစေရေး နဲ့ ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ ခေါ်ယူခြင်းအပေါ် လုံးဝ လက်ခံခြင်းမပြုကြရန် နဲ့ လက်ခံမယ့် မည်သူမဆို စစ်ကောင်စီအား အားပေးထောက်ခံသူအဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

spot_img
spot_img