spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

စာသင်ကျောင်းမရှိသည့်အတွက် စုစည်းကျေးရွာမှ ကျောင်းသား ၅ဝ ခန့် အခက်အခဲဖြစ်နေ

Author

Date

Category

ကော်မိန်း

ဖားဆောင်းမြို့နယ် ခဲမဖြူအနီးရှိ စုစည်းကျေးရွာတွင် စာသင်ကျောင်းမရှိသည့်အတွက် ကျောင်းသား ၅ဝ ခန့် အခက်               အခဲဖြစ်နေကြပြီး မိုင်ဝက်ခန့်ဝေးသော ခဲမဖြူကျောင်းသို့ သွားရောက်၍ ပညာသင်ကြားမှု ပြုလုပ်နေရသဖြင့် ဒေသခံများမှ       ကျေးရွာစာသင်ကျောင်းတစ်ခုကို အလိုရှိနေကြသည်။

စုစည်းကျေးရွာမှ ခဲမဖြူကျောင်းသို့ ကျောင်းတက်ရသည့်လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် လွှတ်တော်ကိုယ်စား လှယ်များထံ တင်ပြတောင်းဆိုထားသည်ဟု ဒေသခံဒေါ်နှင်းဖြူက ပြောသည်။

“စားဝတ်နေရေးအတွက် ကလည်းတစ်ဖက်ဆိုတော့ ကလေးတွေကိုလှည့်မကြည့်နိုင်ဘူးလေ။ ဆိုင်ကယ်တွေရှိလို့ လိုက်ပို့နိုင်ရင်တော်သေးတယ်။ ဆိုင်ကယ်တွေလည်းမရှိတော့လိုက်မပို့နိုင်ဘူး။ ဆိုင်ကယ်တွေ သွားသွားလာလာနဲ့ ကျတော့             ကလေးတွေအတွက် အရမ်းကိုစိုးရိမ်ရတယ်” ဟု ၎င်းကပြောသည်။

ဖားဆောင်းမြို့နယ် စုစည်းကျေးရွာတွင် ကျောင်းသားဦးရေများလာပြီး စာသင်ကျောင်းမရှိခြင်းကြောင့် စာသင်ကျောင်းဆောက်ပေးနိုင်ရန် လိုအပ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၁၄တွင် ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ လူထုတွေ့ဆုံပွဲတွင် ဒေသခံများတင်ပြသွားခြင်းဖြစ်သည်။

စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသား ငါးဆယ်နှင့် ခြောက်ဆယ်အကြားရှိရမည်ဖြစ်ခြင်းကြောင့် ကျောင်းသားဦးရေများပါက ကျောင်းဆောက်ပေးနိုင်ရန် စီစဉ် ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူ ပြောသည်။

စုစည်းရွာအတွင်းပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ရွာတွင်းကိုယ်ထူကိုယ်ထ မူကြို ကျောင်းဖွင့်လှစ်ခဲ့ပြီး ဆရာမများအတွက် လစာ မပေးနိုင်သောကြောင့် လက်ရှိအချိန်တွင် ပိတ်ထားလိုက်ရကြောင်း သိရသည်။ ကယားပြည်နယ်၏ သွားလာရခက်ခဲသောနေရာအချို့တွင် ကျောင်းမရှိသည့်အတွက် ကိုယ်ထူကိုယ်ထဖြင့်ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၃ဝ ကျော်ရှိနေပြီး အဆိုပါ ကျောင်း အပေါ် အစိုးရမှ လက်ရှိအချိန်အထိ တာဝန်မယူပေး နိုင်သေးကြောင်း သိရသည်။

ယခုနှစ်ဘတ်ဂျက်တွင် ကယားပြည်နယ်အတွင်း ကျောင်းပေါင်း ၇ဝ ကျော်တည်ဆောက်ပေးရန် ရှိနေသည်ဟုလည်း ပြည်နယ်ပညာရေးဦးစီးဌာနမှ သိရသည်။

spot_img
spot_img

Recent posts