spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

စိုက်ပျိုးရေးနည်းပညာသိလိုက အချိန်မရွေး ဖိတ်ခေါ်နိုင်

Author

Date

Category

နောင်ပုလဲနှင့်ဆောင်ဒူလာကျေးရွာအုပ်စုရှိ ဒေသခံများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အသက်မွေးဝမ်းကြောင်း လုပ်ငန်း လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးနေကြစဉ်ဖြစ်သည်။ (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

ကန္တာရဝတီတိုင်း(မ်)

တောင်သူများ စိုက်ပျိုးရေး နည်းပညာသိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာနသို့ အချိန်မရွေး ဆက်သွယ် ခေါ်ယူနိုင်ကြောင်း ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးခင်မောင်ဦးက ပြောပါတယ်။

ပြုလုပ်လိုသည့် ကျေးရွာအမည် နေရာ ၊ အချိန်များကို အတိအကျလာရောက်အသိပေးနိုင်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာနေရာသို့ ပညာပေးဆွေးနွေးပွဲများ လာရောက်ပြောကြားပေးနိုင်တယ်လို့ ဆိုပါတယ်။

 “အနည်းဆုံးကျေးလက်နဲ့တောင်သူပညာပေးဝင်မယ်ဆိုရင် နှစ်ရက်နဲ့ သုံးရက် ဒါတောင်မှ ပညာပေးဟောပြောပွဲ မစုံသေးပါဘူး။ အဲဒါကြောင့် ကျနော်ဆိုလိုချင်တာက အုပ်ချုပ်ရေးမှူး ပြောတဲ့ဟာကို ကျနော်ပြောပြီးသွားပါပြီ တောင်သူပညာပေးဆွေးနွေးပွဲလေးလုပ်ချင်ပါတယ်.ကိုယ့်ရွာကိုယ်ပြန်ညှိပြီးတော့မှ လုပ်မည့်အချိန်ရယ်..နေရာရယ်..လုပ်ပေးပါ ကျနော်တို့ စိုက်ပျိုးရေးဦးစီးဌာနက ပညာပေးဆွေးနွေးပွဲ လာပေးပါ့မယ်။”

ပြီးခဲ့တဲ့မေလ ၁၁ ရက်နေ့က ဆိုဘောသဲကျေးရွာမှာ ကန္တာရဝတီတိုင်း(မ်)ကပြုလုပ်တဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောဆိုသွားတာဖြစ်ပါတယ်။

စကားဝိုင်းသွားရောက်ပြုလုပ်တဲ့ ဆောင်ဒူလာကျေးရွာ အုပ်စုနဲ့ နောင်ပုလဲကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူတွေအများစုဟာဆိုလျှင်လည်း အဓိက လုပ်ကိုင်စားသောက်တာ စိုက်ပျိုးရေး ၊ မွေးမြူရေးဖြစ်ပါတယ်။

 တချို့ကတော့ တပိုင်တနိုင် ၊ တချို့ကတော့ အသေးအမွားလုပ်ကိုင်စားသောက်ကြပါတယ်။ ဒါတွေအားလုံးနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်ကြတဲ့အတွက် စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းတွေနဲ့ မကင်းကြပါဘူးလို့ နောင်ပုလဲကျေးရွာအုပ်စု ဦးစောလေဝီးက ပြောပါတယ်။်

 “ဒီဟာစိုက်ရင် ဘာရာသီဥတုနဲ့ကိုက်ညီလဲဆိုတာ မသိကြဘူးလေး အဓိကလိုအပ်တာကတော့ စိုက်ပျိုးရေးနည်းပညာပေါ့။ ဒီဟာကို ဘယ်မြေဩဇာနဲ့ ထည့်ရင် သင့်တော်မလဲ ။ တချို့က ပိုးမွားတွေကျတယ် ဒါကိုဘာပိုးသတ်ဆေးနဲ့ထည့်ရင်ကောင်းမလဲဆိုတာ ဒါအဓိက လိုအပ်တာက အချက်အလက်တွေပေါ့ ။ ကျနော်တို့ ပိုးသတ်ဆေးတွေပေါ နည်းပညာမသိတော့ ဘယ်စိုက်ပျိုးရေးက အောင်မြင်သလို့ တချို့ကလည်း မအောင်မြင်တာရှိတယ်။” ဦးစောလေဝီးက ပြောပါတယ်။

တောင်သူတွေဟာ စပါးစိုက်ပျိုးရေး တစ်ခုတည်းနှင့် လုပ်ကိုင်စားသောက်လာကြတာဟာ ဝမ်းစာမဖူလုံနိုင်တဲ့အတွက်  တခြားသော စိုက်ပျိုးသီးနှံတွေကိုလည်း အသိပညာတိုးဖို့လိုအပ်တဲ့ စီမံကိန်းတွေ ဖြစ်တဲ့ သီးညှပ်စိုက်ပျိုးရေးစနစ် ၊ နှစ်ရှည်ပင်စိုက်ပျိုးရေးစနစ်  စတဲ့ တခြားသော ရာသီပေါ်သီးနှံတွေစိုက်ပျိုးရေး စနစ်တွေကိုလည်း လိုအပ်နေတယ်လို့ ဆိုဘောသဲကျေးရွာမှ ဒေသခံ ကိုဟေဗလုသောင်းက ပြောပါတယ်။

 “ခေတ်နှင့်လျှော်ညီစွာ ကျနော်တို့ဆီမှာရှိတဲ့ ပစ္စည်းတွေနဲ့ အင်အားကောင်းနိုင်ဖို့ အထွက်တိုးနှုန်းတွေ ပိုပြီးအားကောင်းလာအောင် ပိုပြီးတော့မှ အရေးကြီးတဲ့ ကဏ္ဍဖြစ်တယ်။ လုပ်လည်းလုပ်နေရမည့် အချိန်ဖြစ်တယ်။ ကျနော်တို့တောင်သူတွေက စိုက်ပျိုးရေးတခုတည်းနဲ့မဟုတ်ဘဲနဲ့ ကျန်တဲ့ နှစ်ရှည်ပင်နဲ့ ကြားညှပ်စိုက်ပျိုးသီးနှံနည်းစနစ်ကို ပိုပြီးဖြန့်ဝေပေးနိုင်ရင်တော့ ပိုအားကောင်းနိုင်တယ်လို့မြင်တယ်ပေါ့.ခေတ်အခြေအနေအရဖြစ်ဖြစ် ရာသီဥတုအခြေအနေအရဖြစ်ဖြစ် ကျနော်တို့ပြန်ကြည့်ရင် ရာသီတစ်ခုတည်းနဲ့ မှီခိုအားထားလို့မရတော့ဘူးဆိုတာကို တွေ့ရတာပေါ့။” ကိုဟေဗလုသောင်းက ဆက်ပြောသွားပါတယ်။

စိုက်ပျိုးရေးနည်းပညာနှင့်ပတ်သက်၍ အစိုးရဌာနဆိုင်ရာ တစ်ခုတည်းက ဆောင်ရွက်နေမဟုတ်ဘဲ ကယားပြည်နယ်အတွင်းမှာ တခြားသော လူမှုအသင်းအဖွဲ့အစည်းတွေ ကလည်း တစ်ဖက်တစ်လမ်းဆောင်ရွက်နေကြတာတွေရှိပါတယ်။

 

 

 

 

spot_img
spot_img

Recent posts