spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စုစည်းရွာမြေနေရာသစ် ထပ်မံဖော်ဆောင်ပေးရန် ဖောလော်ဒေသခံများလိုလား

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ဖရူဆိုမြို့နယ်၊ ကေကောကျေးရွာအုပ်စု၊ ဖောလော်ကျေးရွာတွင် အိမ်ခြေငါးဆယ်ခန့် ထပ်မံဝင်ရောက်မည့်အပေါ် ကျေးရွာနယ်မြေကျဉ်းသည့်အတွက် အခြားနေရာ သွားရောက်ဆောက်လုပ်ရန် ဖောလော်ကျေးရွာဒေသခံများက လိုလားနေကြသည်။

̏ ကျွန်မတို့ ဖောလော်ရွာက အိမ်ခြေငါးဆယ်ရှိတယ်ပေါ့နော၊ ဒီနေရာက နေရာအရမ်းကျဉ်းပါတယ်၊ အိမ်ခြေငါးဆယ် ရွှေ့ပြောင်းလာမယ်ဆို မဆံ့ဘူး။ ဟိုဘက်ခြမ်းမှာဆိုရင် ဖာဝယ်တွေနေမယ်လို့ ကြားတယ်၊ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ အိမ်တွေကို ရွှေ့လာမယ်ဆိုလို့ရှိရင် အရမ်းပဲ ကျဉ်းတဲ့အတွက် လူကြီးမင်းတို့ ကျွန်မတို့ကို ကူညီပေးပါ။ ဟိုးဘက်မှာနေရာရှိတယ် အဲ့နေရာမှာ အိမ်တွေဆောက်လို့ရသလို ကျောင်းလည်းဆောက်လို့ရတယ်။ ကျန်ရှိနေတဲ့ အိမ်တွေဆောက်လုပ်ဖို့အတွက် နေရာကဟိုဘက်မှာ၊ ကျေးရွာလူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ အိမ်တွေကော၊ ကျောင်းတွေကောဆောက်လုပ်နိုင်ဖို့ လူကြီးမင်းမှ ကူညီပေးပါ။˝ ဟု ကျေးရွာဥက္ကဌကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၆ရက်နေ့ ကေကောကျေးရွာအုပ်စု၊ ဖောလော်ကျေးရွာရှိ တန်ဖိုးနည်းအိမ်ရာသစ်ဖွင့်ပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ထံ ပြည်သူများတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိ ဖောလော်ကျေးရွာတွင် ဆောက်လုပ်ထားသည့် တန်ဖိုးနည်းအိမ်ရာ အလုံး ၃ဝတွင် လာရောက်နေထိုင်ကြသူများ ပြည့်နေပြီဖြစ်သောကြောင့် နောက်ထပ် ၅ဝလုံးထပ်ဆောက်မည်ဖြစ်ကြောင်း တန်ဖိုးနည်းအိမ်ရာကို တာဝန်ယူဆောက်လုပ်သည့် ကဲဖူးကုမ္ပဏီတည်ထောင်သူ ဦးထူးကော်က ဆိုသည်။

ထို့ကြောင့် အိမ်ရာများ ထပ်မံဝင်ရောက်နေထိုင်ရန် မြေနေရာနှင့် ကျောင်းဆောက်လုပ်ရန်မြေနေရာများကို အခြားတစ်နေရာတွင် ဆောက်လုပ်ပေးနိုင်ရန် တင်ပြလာကြခြင်းဖြစ်သည်။

ထို့အပြင် လူများလာရောက်နေထိုင်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် ရေများကိုလည်း တစ်ပါတည်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

̏ ကျွန်တော်တို့ ဒီမြေနေရာတွေကိုတော့ ဟိုဘက်မှာ ရွာသစ်တွေတည်ပြီးတော့ ဆောက်ပါလို့ပြောတာ ကျွန်တော် ဒီရောက်မှ သိရတာပါ၊ ဒါကို ကျွန်တော်တို့ဒီနေရာမှာ တာဝန်ယူနေတဲ့ ဦးထူးကော်တို့နဲ့ တိုင်ပင်ပြီးတော့ ဘယ်နေရာလဲ၊ ဘာတွေလိုအပ်သလဲ၊ ဘယ်လောက်ဝေးသလဲ၊ လမ်းဘယ်လိုဖောက်ပေးရမလဲ၊ အိမ်ရာကွက် ဘယ်လိုဖော်မလဲဆိုတာလေး အသေးစိပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားပါမယ် ˝ဟု ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။

ဆက်လက်ပြီး ရေရရှိရေးအတွက် ဖောလော်၊ ကေကော၊ ဘွယ်ဒိုးသာ၊ ယူလေးခို စသည့်ကျေးရွာများရေရရှိရေး အတွက် ယခုနှစ်အတွင်း မကြာမီလာရောက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းကျေးရွာများအတွက် ရေရရှိရေးဆောင်ရွက်ချိန်တွင် ဖြည့်စွက်ရံပုံငွေရရှိလျင် ယခုဖောလော်ကျေးရွာရှိ တန်ဖိုးနည်းအိမ်ရာများထိပါ ရေရရှိနိုင်ရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံများ တည်ဆောက်စေမည့်နေရာတွင် လမ်းအနေအထားများ အိမ်ရာဆောက်လုပ်ရန် မြေအနေအထားများကို ဒေသခံကုမ္ပဏီနှင့် တိုင်ပင်ကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts