Saturday, January 29, 2022

စံပြ ၆ မိုင်ကျေးရွာမှာ ပစ်သတ်ခံရတဲ့ လင်မယားနှစ်ဦး ယနေ့ သဂြိုလ်

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာလ ၁၈ ရက်နေ့ တိုက်ပွဲဖြစ်ပွားချိန် ဒီးမော့ဆိုမြို့နယ် စံပြ၆မိုင်ကျေးရွာ ဘုရားကျောင်းရှေ့မှာ ပစ်သတ်ခံရတဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ အလောင်းကို နိုဝင်ဘာလ ၁၉ရက်နေ့ မှာ ပြန်လည်တွေ့ရှိပြီး ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ သဂြိုလ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ ကိုထွန်းထွန်းငြိမ်နဲ့ မချစ်စုဝေဖြစ်ပြီးတော့ အသက် ၂၂ နှစ်သာရှိကြသေးတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ကနေ ဇနီးဖြစ်သူနေတဲ့ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာကို ဆိုင်ကယ်နဲ့ နိုဝင်ဘာလ ၁၈ရက်နေ့မှာ အလုပ်လုပ်ဖို့ ဂေါ်ပြားပေါက်ပြားတို့ ပြန်ယူတဲ့အချိန် အဆက်အသွယ်မရတော့ပဲ ပျောက်သွားခဲ့တာလို့ သိရပါတယ်။

ကိုထွန်းထွန်းငြိမ်ရဲ့ မိဘတွေက နိုဝင်ဘာလ ၁၉ရက်နေ့မှာ ပြန်ရှာဖို့အသွား စံပြ၆မိုင် ဘုရာကျောင်းရှေ့မှာ မချစ်စုဝေရဲ့ အလောင်းကို တွေ့ရပြီးနောက် ကိုထွန်းထွန်းငြိမ်ရဲ့အလောင်းကို မြောင်းထဲမှာ ထပ်မံတွေ့ရှိရတယ်လို့ သူကဆက်ပြောပါတယ်။

အလောင်းပြန်တွေ့တဲ့အချိန်မှာ ဦးခေါင်းပွင့်ထွက်နေတာကို တွေ့ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

” အမျိုးသားလည်း နောက်ကနေ ပစ်တဲ့ ပုံစံမျိုးပဲ။ ရှေ့ခေါင်းပိုင်း မျက်နှာ တစ်ခြမ်းက ဦးနှောက်ကအကုန်လုံး ပွင့်ထွက်ကုန်တယ်ကော။ သူတို့ လင်မယား နှစ်ယောက်လုံးပဲ။ “

စစ်ကောင်စီတပ် နဲ့ ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့ နိုဝင်ဘာလ ၁၈ရက်နေ့မှာ စံပြ၆မိုင် ကျေးရွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူ နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ ဇနီးမောင်နှံဟာ လက်ထပ်တာ နှစ်နှစ်ပဲရှိသေးတာဖြစ်ပြီး ကြုံရာဂျပန်း အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသွားတဲ့ ဒေသခံပြည်သူ ၁၀၂ ဦးရှိသွားပြီလို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF )က နိုဝင်ဘာလ ၁၆မှာ ထုတ်ပြန်ထားပါတယ်။

More from the blog

နှစ်လတာ ပညာရေးအစီအစဥ်ကို နွေဦးဂုရုလေးများပညာရေးစင်တာက ဖွင့်လှစ်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့တစ်နေရာမှာ နှစ်လတာ ပညာရေးအစီအစဉ်ကို နွေဦးဂုရုလေးများပညာရေးစင်တာကနေ ဒေသခံ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ နွေဦးဂုရုလေးများပညာရေးစင်တာကနေ မိခင်ဘာသာဖြစ်တဲ့ ကရင်နီစာပေ...

ရေယိုကျေးရွာအတွင်း သတ်ဖြတ်ခံရသူတွေမှာ အသက်၁၈နှစ်မပြည့်သေးသူ ၄ဦးပါဝင်

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့နယ် ရေယိုကျေးရွာအတွင်း သတ်ဖြတ်ခံရပြီး အိမ်သာကျင်းထဲ ပစ်ထည့်ခံရတဲ့သူတွေထဲမှာ အသက်၁၈နှစ်မပြည့်သေးတဲ့ နာနတ်တောက လူငယ်၄ဦးပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သတ်ဖြတ်ခံရသူမှာ အသက် ၁၇နှစ်အရွယ်သာရှိသေးတဲ့ မောင်ယူဂျင်း၊ မောင်ဖီဒေးလယ်နဲ့...

ယခုတော်လှန်ရေးဟာ ကိုယ့်သမိုင်းကိုယ်ဖန်တီးရေးသားရမယ့် အချိန်ကာလဖြစ်ကြောင်း KNPP ဥက္ကဌပြော

ကန္တာရဝတီတိုင်း(မ်) အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အင်လိုက်အားလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသလိုနည်းမှန်လမ်းမှန်နဲ့ ကိုယ့်သမိုင်းကိုယ် ဖန်တီးရေးသားရမယ့် ချိန်ကာလဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ ခူဦးရယ်က ပြောပါတယ်။