ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ခေတ္တရဲတွေဖြစ်‌ကြောင်း ထုတ်ပြန်မှုမှာ မှန်ကန်မှုမရှိကြောင်း ကယားကသပိတ်ကော်မတီအဖွဲ့ ထုတ်ပြန်

0
491

ဖေဖော်ဝါရီ(၁၀)ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့ သုံးရက်မြောက် CDM ဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့ဝင်(၅၂)ဦး ပြည်သူနဲ့အတူ ပါဝင်လာခဲ့ပါတယ်။ အဲ့ဒီအတွက် ရဲတပ်ဖွဲ့ဝင် ဟုတ်၊ မဟုတ် ဝေဖန်မှုတွေရှိသလို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း သန္ဓေရဲတပ်ဖွဲ့ဝင် မဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းအတွက် ဒေသခံ တွေကို စုဖွဲ့ ခန့်အပ်ထားတဲ့ သူတွေသာ ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ကယားပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု သပိတ်ကော်မတီ က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်မှုမှာ လုံးဝမှန်ကန်မှုမရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ တုံ့ပြန်ထုတ်ပြန်ပါတယ်။

အဲ့ဒီအတွက် ပါဝင်ဆန္ဒပြခဲ့တဲ့ ရဲတပ်သားတွေရဲ့ အမည်မှန်နဲ့ အမှတ်စဉ်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

လူထုမနာခံရေး လှုပ်ရှားမှု CDM ကအရေးကြီးတဲ့အတွက် ဆက်လက် ဝန်းရံ ဆန္ဒပြဖို့လည်း တိုက်တွန်းထားပါတယ်။