spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

“ဆီးသူတော်”စစ်ရှောင်စခန်းမှာ ကယားရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲ ပြုလုပ်

ကန္တာရဝတီတိုင်း( မ် )

ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာဖြစ်တဲ့ ဆီးသူတော် စစ်ရှောင်စခန်းမှာ ကယားရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲ ကို စက်တင်ဘာလ ၁၈ရက်နေ့က စုပေါင်းပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ ကယားရိုးရာဓလေ့ဖြစ်တဲ့ ဒီးကူပွဲဟာ ခါတိုင်း ခေတ်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကျနော်တို့အားလုံး သစ္စာရှိရှိနဲ့ ကျင်းပပြီးတော့ ဝေမျှတတ်ပါတယ်။ ဒီနေ့လည်း အခက်အခဲတွေကြားထဲက စစ်ရှောင်နေရသော်လည်း ကျနော်တို့ရိုးရာကိုတန်ဖိုးထားလွန်းလို့ ကျနော်တို့ရိုးရာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှိတဲ့အင်အားလေးနဲ့ လုပ်ဆောင်နေရခြင်းဖြစ်ပါတယ်” လို့ ဒီးကူပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအပြင် အခြေခံကုန်ဈေးနှုန်းကအစ ဈေးမြှင့်တက်နေတာကြောင့် ပွဲကျင်းပနိုင်ဖို့အတွက် အခက်အခဲရှိခဲ့သလို လက်နက်ကြီးကျရောက်မှာကိုလည်းစိုးရိမ်မှုရှိပေမယ့် ရိုးရာကိုထိန်းသိမ်းတဲ့အနေနဲ့ ဒီးကူပွဲကို ဖြစ်မြောက်အောင် ကျင်းပခဲ့တယ်လို့ သူက ပြောပါတယ်။

ဆီးသူတော်စစ်ရှောင်စခန်းမှာ လူဦးရေ၁၄၀၀ ကျော်ရှိပြီး ဒီးကူပွဲကို အနီးအနားရှိ စစ်ရှောင်စခန်းတွေကလည်း လာရောက်ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

“ဒီထဲမှာမှ ကယားလူမျိုးတစ်ခုထဲမဟုတ်ပါဘူ။း ကယန်းကငန် ကယန်းပဒေါင်လူမျိုးတွေလည်း ပါဝင်ပံ့ပိုးမှုတွေနဲ့အတူ ကျနော်တို့စုစည်းပြီးတော့ လုပ်ဆောင်ရခြင်းဘဲဖြစ်ပါတယ်။ ခုကတော့ ခေတ်ကာလ အခြေနေမကောင်းတဲ့ချိန်ဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်ကြောက်ရွံမှုတွေရှိတယ် ဘေအန္တာရာယ်ကင်းကင်းနဲ့ကျင်းပချင်တဲ့စိတ်ကတော့အမြဲရှိတယ်။ မမျော်မှန်းနိုင်တဲ့အခက်အခဲတွေတွေ့နိုင်တာပေါ့။ နောက်တစ်ခုက ရာသီဥတု ကျနော်တို့စစ်ရှောင်မှာလမ်းပန်းဆက်သွယ်ရေးအခက်အခဲ ဖုန်းဆက်သွယ်ရေးဖြစ်နိုင်တယ်။ နောက်ပြီးတော့ တစ်ကွဲတစ်ပြားစီ ဖြစ်တဲ့အတွက်ကြောင့် ညီကိုမောင်နှမတွေ ဆွေမျိုးရင်းချာတွေ ပြန်လာမလည်နိုင်တာ အခက်အခဲတစ်ခုလို့မြင်ပါတယ် “လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို ဩဂုတ်၊ စက်တင်ဘာလ၊ အောက်တိုဘာလအတွင်းမှာ နှစ်စဉ် ပုံမှန်ကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒေသခံလူဦးရေ နှစ်သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်နေကြရပါတယ်။ သို့ပေမယ့်လည်း တန်ဖိုးထားကြတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တာကြောင့် ကျေးရွာ၊ စစ်ရှောင်စခန်းတချို့တွေမှာ အကျဉ်းချုံးကျင်းပကြနေတာပဲဖြစ်ပါတယ်။

spot_img
spot_img