spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဇူလိုင် ပထမ ပတ်အတွင်း စစ်ကောင်စီရဲ့တပ်စခန်းတွေကို သွားရောက်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီ ၄၉ဦး သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီး ဇူလိုင် လပထမပတ်အတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်း၊ ကင်းပုန်း၊ ဂိတ်စခန်းတွေကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် ၄၉ဦးအထိ ထိခိုက်ကျဆုံးမှု ရှိခဲ့ပါတယ်။

ဇူလိုင်လ ၆ ရက်နေ့မှာ လွိုင်ကော်မြို့နယ်၊ လောပိတ ကျေးရွာအနီး စစ်ကောင်စီရဲ့ သင်္ဘောပင်စခန်းကို KA၊ KNDF တို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ် ၁၁ ကြိမ်၊ တိုက်လေယာဉ် ၉ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ သင်္ဘောပင်စခန်း သွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဖက် ဗိုလ်လေးအဆင့်ရှိသူ တစ်ဦး သေဆုံးခဲ့ပါတယ်။

သင်္ဘောပင်စခန်း တိုက်ခိုက်မှုကို စစ်ကူဖို့ အတွက် လာရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဆိုလဆယ်နဲ့ လောကထူး ကျေးရွာအကြား KNDF ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် ၅ဦးသေဆုံးပြီး၊ ၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၆ ရက်နေ့ မှာ ငွေတောင် အခြေစိုက် ခမရ (၄၂၇)အနီး ကင်းပုန်း တစ်ခုကို KNDFသွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ၃ ဦး သေဆုံးခဲ့ပါတယ်။ ဘောလခဲ-ရွာသစ် လမ်းမပေါ် က ပွန်ချောင်းကူးတံတား ဂိတ်စခန်း တစ်ခုကို KNDFကနေ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ နာရီဝက်ကြာ ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင် ၄ ရက်နေ့ ဖယ်ခုံမြို့နယ် လွယ်ပသာကုန်းစခန်း နဲ့ ရွှေပြည်အေးကုန်းစခန်း ကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီး သွာရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက် ၄၀သေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက် ၁၁ ဦး ကျဆုံးခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၁၃၄၁ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဇူလိုင်လ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img