spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဈေးပတ်သမားများ စားဝတ်နေရေးပိုမိုကြပ်တည်းလာကြ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်တွင်းက မြို့နယ်တွေမှာ ၅ရက် တစ်ဈေးဖွင့်လှစ်နေတဲ့ ဈေးတွေဆီ လှည့်လှည်ရောင်းချနေတဲ့ ဈေးပတ်သမားတွေဟာ လက်ရှိဒေသတွင်းအခြေအနေကြောင့် ဈေးမရောင်းနိုင်တဲ့အတွက် စားဝတ်နေရေးပိုမိုကြပ်တည်းလာကြသလို တခြားအလုပ်ကို ပြောင်းလုပ်ကိုင်နေသူတွေလည်းရှိပါတယ်။
လက်ရှိ လွိုင်ကော်မြို့ရှိ နောင်ယားဈေးမှာသာ ဈေးရောင်းကောင်းတယ်လို့ ဈေးသည်အမျိုးသားတစ်ဦးက ပြောပါတယ်။

“တောင်ဈေးမှာက သိပ်မရောင်းရတော့ဘူး။ လူသိပ်မစည်တော့ဘူး။ သီတင်းကျွတ်တုန်းကပဲစည်တယ်။ အဲ့နောက်ပိုင်းသိပ်မစည်တော့ဘူး။ ဘာလုပ်လို့ ဘာကိုင်စားရမှန်းလည်းသိတော့ဘူး ကုန်ဈေးနှုန်းတွေက တက် လိုက်စရာလည်း နောင်ယားဈေးလောက်ပဲကျန်တယ်။နောင်ယားဈေးတစ်ခုလောက်ပဲ လူစည်‌တော့တယ်။” လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။

ယခင်က ဈေးရောင်းရတဲ့ ငွေနဲ့ မိသားစုစားဝတ်နေရေးဖြေရှင်းနိုင်ခဲ့ပေမဲ့ လက်ရှိအခြေအနေမှာ ဈေးမရောင်းနိုင်တဲ့အတွက် အခက်အခဲပိုရှိတယ်လို့ ဖယ်ခုံ၊ မိုးဗြဲ စတဲ့ဒေသတွေအထိ ဈေးပတ်ရောင်းနေသူတစ်ဦးက ပြောပါတယ်။

“လက်ရှိက ဝင်ငွေကို မရှိသလောက်ပဲ ၊ အရင်က စုမိထားတာလေးတွေ သုံးလိုက် ဆိုင်ကယ်ရောင်းပြီးစား လိုက် နဲ့ နေနေရတာပဲ။” လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။

ဖွင့်လှစ်တဲ့ဈေးတွေဆီ သွားရောင်းတဲ့အခါမှာလည်း တိုက်ပွဲတွေ၊ စစ်ဆေးရေးဂိတ်တွေရှိနေတဲ့တွေရှိနေတဲ့အတွက် အခက်အခဲတွေဖြစ်ရတယ်လို့ ဈေးသည်တွေက ဆိုကြပါတယ်။

‘’ဒီဖက်မှာတော့ လူတွေကပုံမှန်ပါပဲ ကယားပြည်နယ်နဲ့ တစ်ခြားစီပဲ ၊ အရင်ကဆို လွိုင်ကော်ကလူတွေဆိုပြီး ပိုတောင်အားပေးပေမဲ့ ခုတော့ပုံမှန်ပါပဲ ။ ရောင်းရတာ ပြသနာ သိပ်မရှိပေမဲ့ မိုးဗြဲ လမ်းတွေ က ခဏခဏ စစ်ဖြစ်နေတော့ အချိန်နှောင့်နှေး တာမျိုး ၊ အစစ်ဆေးခံရတဲ့ အခါ စိတ်ရှုပ်ရတာမျိုးတော့ ရှိတယ်။” လို့ လွိုင်ကော်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမှာ ဈေးသွားရောင်းတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဈေးသည်တွေအများစုကတော့ လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ မိုးဗြဲ၊ ဖယ်ခုံ အစရှိတဲ့ မြို့တွေအပါအဝင် အနောက်ကယန်းဒေသတွေဖြစ်တဲ့ လအိ၊ လတိန် တွေအထိ ၅ရက်တစ်ကြိမ် ဖွင့်လှစ်တဲ့ဈေးတွေမှာ လိုက်လံရောင်းချ နေခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိဒေသတွင်းအခြေအနေတွေကြောင့် ဈေးပတ်သမားတွေဟာ ရေရှည်စားဝတ်နေရေးအတွက် အခြားလုပ်ငန်းတွေကို လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts