spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဌာနဆိုင်ရာဆက်သွယ်ရေးကျန့်ကြာမှုကလည်း အခက်အခဲတခု

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် အစိုးရက ထုတ်ပြန်လိုက်တဲ့ လူမှုအသင်းအဖွဲ့အစည်း လုပ်ငန်းစဉ် စည်းမျဉ်းစည်းကမ်းတွေဟာ ဌာနဆိုင်ရာဝန်ထမ်းတွေမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်ဆိုတာ လစဉ် NGOs ၊ INGOs တွေရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးတွေ့ဆုံတဲ့ အစည်းအဝေးမှာ ကြားသိလိုက်ရပါတယ်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ စာပေးစာယူတာဝန်ကျဝန်ထမ်းတွေ ပို့ဆောင်ဆက်သွယ်ရေး လျင်မြန်စေဖို့ INGOs အဖွဲ့တဖွဲ့ကနေ ဆီဖိုးအလှူထည့်ပေးခဲ့ရတဲ့ ဖြစ်စဉ်တခုကို ကြားသိလိုက်ရလို့ပါပဲ။

အကြောင်းကတော့ INGOs NGOs တွေ လစဉ်ဆောင်ရွက်မည့်လုပ်ငန်းတွေကို ပြည်နယ်အစိုးရအဖွဲ့သို့ ခွင့်ပြုချက် တင်ပြတောင်းခံတဲ့ကိစ္စတွေ အဆင့်ဆင့်ဆောင်ရွက်ချက်တွေကို ဆောင်ရွက်တဲ့အချိန်မှာ မြို့နယ် အထွေအုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတွေ အခက်အခဲရှိလို့ မြန်မြန်ဆန်ဆန် စာအရောက်ပေးဖို့ ထိုင်စောင့်ရင်း ဆိုင်ကယ်ဆီဖိုး ပါထည့်ပေးရတာလို့ ဆိုပါတယ်။

“…….မြို့နယ်ဘက်က မြို့နယ်ကနေ အပေါ်တက်ဖို့ခက်ခဲတယ်။ နောက်ဆုံးပြင်ဆင်တာစောင့်ပြီး သွားပေးပေးရတယ်။ ကြားထဲမှာသူတို့ သွားဖို့လာဖို့ အခက်အခဲရှိတယ်။ တခါတလေ သူတို့အခက်အခဲဖြေရှင်းဖို့ ဆီဖိုးနည်းနည်းပေးသွားလိုက်တယ်။”
လမ်းပန်းဆက်သွယ်ရေးဝေးတဲ့ မြို့နယ်ဘက်မှာဆိုရင် INGOs ၊ NGOs တွေက စာတင်တဲ့အခါ သူတို့ရဲ့ စာတွေဟာ ကားဂိတ်မှာ ကျန့်ကြာတာမျိုးလည်း ရှိနေတတ်တယ်လို့ သိရပါတယ်။

အမြန်ဆုံးဆောင်ရွက်ဖို့ ကလည်းသက်ဆိုင်ရာ ဝန်ထမ်းတွေမှာ ဆင့်ကဲဆင့်ကဲ စီစစ်ရတာတွေ ၊ သွားလာရတာတွေက အချိန်နှင့် တပြေးညီလုပ်ဖို့ မစွမ်းနိုင်ကြတာပဲ။

“ကားသမားတွေကလည်း စာပို့ရင် အလကားမယူသွားပေးဘူး ပို့ခ ထည့်ပေးဖို့လိုနေသေးတယ်။ ဝန်ထမ်းတွေဘက်က ပို့လိုသေးတယ်။”
အစည်းအဝေးတို့ ၊ သင်တန်းတို့ စတဲ့လုပ်ငန်းတွေလုပ်ဖို့ စည်းကမ်းချက် ၁ဝချက်အပါအဝင် ခွင့်ပြုမိန့် ၁၅ ရက်ကြိုတင်ပေမယ့်လို့ အစိုးရဌာနဆိုင်ရာတွေရဲ့ မြို့နယ်အဆင့် ၊ ခရိုင်အဆင့် ၊ ပြည်နယ်အဆင့် အဆင့်ဆင့် စာပြန်ကျလာဖို့ အနည်းဆုံး ရက် ၂ဝ ကြာပါတယ်။

ဒီလိုအခက်အခဲတွေရှိနေတာကို ပြည်နယ်အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးမှာ လူမှုအသင်းအဖွဲ့တွေက တင်ပြခဲ့ကြပေမယ့်လို့ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချပြီး ဖြေလျှော့ပေးတာမရှိခဲ့ဘူးလို့သိရပါတယ်။

ယခုကဲ့သို့ပြည်နယ်အစိုးရက ဆောင်ရွက်ခြင်းဟာ အောက်ခြေမှ အထက်ကိုတက်လာတဲ့ စနစ်ဖြစ်တဲ့အတွက် ဒီမိုကရေစီနည်းလမ်းကျတဲ့ လုပ်ငန်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလိုပြောဆိုထားပေမယ်လို့ ဌာနဆိုင်ရာ အတွင်းမှာကျတော့ အောက်ခြေမှ အထက်မဟုတ်ပဲ အထက်မှ အောက်ခြေ ပြန်ဖြစ်နေတဲ့အတွက် ဒါဟာ ဘယ်လိုမှ ဒီမိုကရေစီနည်းလမ်းမကျဘူးလို့လည်း အစည်းအဝေးမှာ အပြန်အလှန်ပြောဆိုဝေဖန် သုံးသပ်သွား ကြပါတယ်။
လူမှုအသင်းအဖွဲ့တွေမှာ လုပ်ငန်းအခက်အခဲတွေ့ရသလို့ ဌာနဆိုင်ရာဝန်ထမ်းတွေမှာလည်း အပြန်အလှန် အခက်အခဲ ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။ သို့ပေမယ့်လို့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ အခက်အခဲကို အထက်ကို တင်ပြဖို့ ၊ ဆွေးနွေးဖို့ ပြည်နယ်အစိုးရကို ဘယ်ဝန်ထမ်းမှ ဘယ်သူမှ မပြောရဲကြပါဘူး။

“ပြည်နယ်အစိုးရက ညွန်ကြားတဲ့ အလုပ်ကိုဆောင်ရွက်ပေးရတယ်။ အရမ်းခက်ခဲရင် ပြည်နယ်အစိုးရကိုတင်ပြ ၊ ဒါတွေ ဖြေလျှော့ပေးဖို့ ဆိုတာတွေ။ ”
အထွေထွေအုပ်ချုပ်ရေးမှူးတာဝန်ရှိသူတစ်ဦးက NGO၊ INGOတွေနဲ့ အခက်အခဲတွေအပြန်အလှန် ဆွေးနွေးခဲ့ စဉ် ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအရ ပြုလုပ်မည့် ပေါင်းစပ်လုပ်ငန်းတွေမှာဆိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာတွေရဲ့ သဘောထားမှတ်ချက်ကို ယူရပါသေးတယ်။

ဒီအကြောင်းအရာတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ ၂၀၁၈ ခုနှစ် ရက်စွဲက ပြည်နယ်အစိုးရ ကယားပြည်နယ်ရှိ UN Organization , နိုင်ငံတကာအစိုးရမဟုတ်သော အသင်းအဖွဲ့ (INGOs)၊ အစိုးရမဟုတ်သော အသင်းအဖွဲ့(NGOs)များအားလုံး သိရှိလိုက်နာရန်ဆိုပြီး စည်းကမ်းချက် ၁ဝ ချက်ထုတ်ပြန်လိုက်တဲ့ စာကြောင့်ဖြစ်ပါတယ်။

spot_img
spot_img

Recent posts