spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

တစ်ကျော့ပြန်လာတဲ့ COVID – 19

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ လက္ခဏာတွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ COVID-19 (CO-corona VI-virus D-disease 19-2019) လို့ အမည်ပေးခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ COVID-19 ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ၂ နှစ်ကျော်အတွင်း COVID-19 ကူးစက်ရောဂါဆိုးကြီးဟာက အခုဆိုရင် ကမ္ဘာတစ်လွှားမှာ ကူးစက်ခံရသူ ၂၉ သန်းနီးပါးနဲ့ သေဆုံးသူ ၁ သန်းနီးပါးအထိ ရှိလာနေပါပြီ။ လက်ရှိမှာ COVID-19 က မျိုးရိုးဗီဇကွဲအသစ်များ ထပ်မံဖြစ်ပေါ်လာခြင်းနှင့်အတူ တစ်ကျော့ပြန်လာ ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

COVID-19 နဲ့ ရာသီတုပ်ကွေးက ရောဂါလက္ခဏာတူလား

နှာစီးခြင်း၊ နှာပိတ်ခြင်း ၊ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲပြီး ခေါင်းကိုက်ခြင်း၊ ကြွက်သား နာခြင်း၊ မအီမသာဖြစ်ခြင်း စတဲ့ လက္ခဏာတွေဟာ COVID-19 နဲ့ ရာသီတုပ်ကွေးဖြစ်ရင် ပြလေ့ရှိပါတယ်။ သို့ပေမယ့် COVID-19 ဟာ အနံ့ပျောက်ခြင်းအပြင် တခါတလေမှာ ဘာရောဂါ လက္ခာဏာမှ မပြတာလည်း ဖြစ်ပေါ်နိုင်သလို ကိုဗစ်ကူးစက်ပြီး ဆေးရုံတွေမှာ အောက်စီဂျင် အသုံးပြုနေရတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ရာသီတုပ်ကွေးဖြစ်ချိန်မှာ ဖျားခဲ့ရင် test စစ်ဖို့လိုပါတယ်။

မျိုးရိုးဗီဇကွဲအသစ်များနဲ့ COVID-19

COVID-19 ဟာ မျိုးစိတ်အမျိုးမျိုး ပြောင်းလဲလာနေပါတယ်။ အဲဒီထဲမှာမှ လူသိများတဲ့ အိုမီခရွန် မျိုးစိတ်ဟာ ကူးစက်မှုမြန်သလောက် ရောဂါဟာ ထင်သလောက် မပြင်းထန် တာကိုလည်း တွေ့ရပါတယ်။ ယခုလက်ရှိ COVID-19 လူနာသစ်တွေ့ရှိမှု မြင့်တက်လာချိန်တွင် COVID-19 မျိုးရိုးဗီဇကွဲများဖြစ်တဲ့ B.A.5 နှင့် B.A.4 ဖြစ်ပွားနှုန်း များပြားလာခြင်းတို့ ဆက်စပ်မှု ရှိနေပြီး B.A.5 ဟာ ကူးစက်မှုနှုန်း အမြန်ဆုံး ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။


COVID-19 ဟာ ဘယ်လိုပုံစံနဲ့ တစ်ကျော့ပြန်လာတာလဲ

ရာသီတုပ်ကွေးဖြစ်နေချိန်မှာ ကိုဗစ်မျိုးရိုးဗီဇအသစ် ပြန်လည်ခေါင်းထောင် လာနိုင်တယ်လို့ ဆေးပညာရှင်တွေက ကြိုတင်သုံးသပ်ပြောဆိုထားတာရှိပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှာ ပိုးကူးစက်နှုန်း နေ့စဉ်ရာနဲ့ချီ ပြန်လည်တိုးပွားလာပြီး အရှေ့တောင်အာရှဒေသတွင်းမှာလည်း ဖြစ်ပွားမှု (၂၀) ရာခိုင်နှုန်းနဲ့ သေဆုံးမှု (၁၆) ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှာလည်း ၄ လ လောက် အခြေအနေတွေတည်ငြိမ်ခဲ့ပြီး ကိုဗစ်ဟာ ပြန်လည်ခေါင်းထောင်လာကာ ဩဂုတ် လ ၂ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၁၉၄၃၄ ဦး ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထား ပါတယ်။


COVID-19 နဲ့အတူယှဉ်တွဲပြီး ဘယ်လိုနေထိုင်သွားမလဲ

လက်ရှိအချိန်အထိ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေအရ COVID-19 ရောဂါဆိုးကြီးဟာ ဘယ်တော့မှ ရပ်တန့်မယ်မထင်ဘူးလို့ ဆိုထားကြပေမယ့် လူတစ်ဦးရဲ့ ခံနိုင်ရည်ဟာ အဲဒီရောဂါရဲ့ဒဏ်ကို ပိုပြီးခံနိုင်လာချိန်မှာ ရာသီပေါ်ရောဂါတစ်မျိုးဖြစ်သွားနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဒါကြောင့် COVID-19 ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင် ရန်အတွက် Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လေဝင်လေထွက်မကောင်းသော အခန်းတွေကို ရှောင်ရှားခြင်း၊ (၆) ပေအကွာ ခပ်ခွာခွာနေခြင်း၊ ချောင်းဆိုး/နာချေတိုင်း ပါးစပ်နဲ့ နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ခြင်း၊ လူနာနဲ့ လူအများမကြာခဏ ထိတွေ့ကိုင်တွယ် လေ့ရှိတဲ့ အရာဝတ္ထုတွေနဲ့ နေရာတွေကို ပိုးသတ်သန့်စင်ခြင်း စတာတွေကို လိုက်နာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒါ့အပြင် COVID-19 ကာကွယ်ဆေးကိုလည်း ထိုးနှံရမှာ ဖြစ်ပါတယ်။

ကိုးကား- Hello Sayarwon page
-WHO Myanmar page
-MOH, NUG Facebook page

spot_img
spot_img