spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တနီးလားလဲကျေးရွာမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီး ဒေသခံနှစ်ဦး ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာမှာ ယမန်နေ့ မတ်လ ၁၈ရက်နေ့ ည၈နာရီအချိန်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF B-10 ) က ပြောပါတယ်။

“ မိန်းကလေးတစ်ယောက်ရယ် ယောင်္ကျားလေးတစ်ယောက် ထိတယ်။ မိန်းကလေးတစ်ယောက်ကတော့ ပေါင်ထိသွားတော့ ပေါင်ကျိုးသွားတယ်လို့တော့ ပြောတယ်ဗျ။ “ လို့ KNDF B-10 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်နက်ကြီး လေးလုံးကျေးရွာထဲကို ကျရောက်ခဲ့ပါတယ်။ လက်နက်ကြီးစတွေကြောင့် နွားသုံးကောင်ထိပြီး နှစ်ကောင်သေသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့ မနက်၁နာရီကျော်အချိန်မှာလည်း တနီးလာလဲကျေးရွာကို လက်နက်ကြီးတွေကျရောက်ခဲ့ပြီး နေအိမ်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

တနီးလာလဲကျေးရွာဒေသခံတချို့ဟာ တောထဲမှာစစ်ဘေးရှောင်နေကြပြီး တချို့ကတော့ ကျေးရွာထဲမှာပဲ နေထိုင်ကြပါတယ်။

ထိခိုက်ဒါဏ်ရာရသွားတော့ ပြည်သူတဦး
spot_img
spot_img