spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တနေရာပြီးတနေရာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဘဝ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဖက်မှ မကြာခဏလေကြောင်းတိုက်ခိုက်မှု့တွေကိုပြုလုပ်လျက်ရှိပါတယ်။

ထိုသို့လေကြောင်းတိုက်ခိုက်မှု့ပြုလုပ်ရာမှာ စစ်ရှောင်ပြည်သူတွေရှိရာဖက်ကို နေ့စဥ်နေ့တိုင်းဝဲပျံလာသလို လက်နက်ကြီးအသံကိုလည်းနေ့တိုင်းကြားနေရတဲ့အတွက် စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံမှုမရှိတော့ပါဘူး။

အခုလို နေ့စဥ်ညတိုင်းလေယာဥ်ဝဲတာတွေ လက်နက်ကြီးတွေ ပစ်ခတ်နေတာတွေကြောင့် စစ်ရှောင်နေကြတဲ့ ကလေးနှင့်သက်ကြီးရွယ်အိုများတွေက ကြောက်ရွံခြင်းတွေနဲ့နေနေကြရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်းတွေကို လေယာဥ်နဲ့ ဗုံးလာကျဲမှာ ကိုစိုးရိမ်ပြီး ပိုမိုလုံခြုံမယ်ထင်တဲ့နေရာကိုရွှေ့ပြောင်းကြရပါတယ်။

” ဟုတ်ကဲ့ ကျမတို့ဒီမှာ အသက်ကြီးတဲ့လူအတွက်ရော၊ ကလေးတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရောပေါ့နော် လုံခြုံစိတ်ချရတဲ့အခြေအနေမရှိတဲ့အတွက်ကြောင့်မို့လို့ လုံခြုံစိတ်ချရတဲ့နေရာကို သွားရမယ်လို့ ကျမတို့ကတော့ ဆုံးဖြတ်ကြတယ်ပေါ့နော်” လို့ ဝါးရုံတောစစ်ရှောင်စခန်းက ကော်မတီတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ကတည်းက နေအိမ်ကနေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေဟာ လုံခြုံစိတ်ချရပြီလို့ထင်ပေမယ့် ယခုအခါမှာ အသက်ဘေးလွတ်ဖို့ နောက်တစ်ခေါက်ထပ်ပြေးရပြန်ပါတယ်။

စစ်ရှောင်စခန်းဆိုတာ မတူညီတဲ့ဒေသကလူတွေဟာ စစ်ဘေးဒဏ်ကြောင့်အသက်ဘေးလွတ်ရာရှောင်ပုန်းရင်း လာရောက်ဆုံစည်းကြတဲ့နေရာဖြစ်ပါတယ်။

ယခုလိုဆုံတွေ့ကြရပြီး ၅လ တာကာလအတွင်းမှာ အဆင်မပြေမှု့တွေ အခက်အခဲတွေကို အတူတကွရင်ဆိုင်ကြသလို အချင်းချင်းဖေးမမှုတွေကြောင့် သံယောဇဥ်တွေနဲ့ အနေသားကျနေပါပြီ။

ပျော်ရွှင်စရာကောင်းတဲ့အသိုက်အမြုံကိုစစ်ကောင်စီက ရက်စက်စွာဖြိုဖျက်ခဲ့သလို ယခုအခါတွင်လည်း ပျော်ရွင်စရာကောင်းတဲ့အသိုက်အမြုံဟာလည်း စစ်ကောင်စီ လက်ချက်ကြောင့် ထပ်မံပြိုကွဲရပြန်ပါတယ်။

” ကျမတို့ရွှေ့ပြောင်းနေရတဲ့အခြေအနေကတော့ စစ်ကောင်စီတွေက လေယာဥ်မြောက်များစွာနဲ့ လာကျဲနေပါတယ်။ ကျမတို့အနီးတစ်ဝိုက်မှာပဲရှိပါတယ်။အဲ့တော့ ကျမတို့က ထိတ်လန့်ပြီးတော့ ရှောင်ပြေးနေရပါတယ်။ ကျမတို့ဒီမှာနေရတာကတော့ ၅လ ကျော်ရှိပြီ နေရတာကလည်း အင်မတန်မှပျော်ရွှင်ကောင်းတဲ့နေရာတစ်ခုဖြစ်ပြီ။ စည်းစည်းလုံးလုံးလေးနဲ့ ချစ်ချစ်ခင်ခင် ကျမတို့နေရပြီ။ ဒါပေမယ့် စစ်အာဏာရှင်တွေက လေယာဥ်မြောက်များစွာနဲ့ လာကျဲနေပါတယ်။ ကျမတို့ရဲ့ ကျောင်းနေတဲ့ကလေးမြောက်များစွာကလည်း ကျောင်းတစ်ဝက်တစ်ပျက်ဖြစ်သွားပါပြီ။ စစ်အာဏာရှင်လေယာဥ်လာကျဲသွားတဲ့နောက်ပိုင်းမှာ လူတွေက စိတ်ကယောင်ကချားဖြစ်သွားတယ်ပေါ့။ သူတို့ကထိတ်လန့်ကုန်ပြီ အဲ့တာကြောင့် သူတို့အကုန်လုံးက ရှောင်ပြေးကုန်ကြတယ်ပေါ့။” လို့စစ်ရှောင်ပြည်သူ တစ်ဦးကပြောပါတယ်။

အိမ်ထောင်စု ၈၉ စု ရှိတဲ့ဝါးရုံတောစစ်ရှောင်စခန်းဟာ အခုဆိုရင် တစ်ကွဲတစ်ပြားဖြစ်ကုန်ရပါပြီ။ ယခုအခါမှာ အိမ်ခြေ ၄၀ သာကျန်ရှိပြီး စစ်နဲ့ဝေးတဲ့နေရာတစ်ခုမှာ တစ်စုတစ်စည်း ထပ်ရွှေ့ပြောင်းကြရပါတယ်။

ယခုလိုထပ်မံရွှေ့ပြောင်းရပေမယ့် ဝေဟင်မှာ လေယာဥ်ဝဲနေသ၍ လုံခြုံမှုမရှိဘူးလို့ စစ်ရှောင်ပြည်သူတစ်ဦးကဆိုပါတယ်။

“ကျမတို့စိတ်ထဲမှာက စစ်ရှောင်တွေမများသေးရင်တော့ စစ်ရှောင်တွေကို မမဲမချင်းတော့ အန္တရာယ်ကင်းတယ်လို့တော့ ‌ေမျှာ်လင့်ထားတယ်ပေါ့။ အဲ့တော့စစ်ရှောင်များတဲ့နေရာလည်းသူမဲမှာပဲ စစ်ရှောင်တွေကိုကြံစည်မယ် လေယာဥ်ကျဲချမယ်ဆိုလည်း မတတ်နိုင်ဘူး။ ကျမတို့ထပ်သွားနေရမယ့်နေရာက အာမခံချက်လုံးဝမရှိပါဘူး။ လုံခြုံမှုက လုံးဝမရှိပါဘူး။ ဒီစစ်ဖြစ်နေသ၍ ကျမတို့ကယားပြည်နယ် မြန်မာနိုင်ငံအတွက် ဘယ်တော့မှ မလုံခြုံပါဘူး။” လို့​ပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ ကုန်ခြောက်တွေ မရရှိတာလည်းကြာပြီဖြစ်တဲ့အတွက် အခုလို စစ်ဖြစ်လို့ ထပ်မံပြေးနေကြရတဲ့အချိန်မှာ စားဝတ်နေရေးအခက်အခဲရှိနေကြရပါတယ်။

နေရာထိုင်ခင်းအနေနဲ့ လက်ရှိအသုံးပြုနေတဲ့ ဝါး၊ မိုးကာတွေကိုပြန်လည်အသုံးပြုချင်ပေမယ့် ဆွေးမြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့် လိုအပ်ချက်တွေဟာ အသစ်လိုဖြစ်နေပါတယ်။

ယခုထပ်မံရှောင်ပြေးရမယ့်နေရာဟာ ရေအခက်အခဲရှိနေပြီး သွားဖို့လာဖို့ ယာဥ်အခက်အခဲလည်း ရှိပါတယ်။

လက်ရှိမှာ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်း ၁၄ ခု၊လူဦးရေ ၄၀၀၀ ကျော်ဟာ စစ်ဘေးလွတ်ရာကို ထပ်မံပြောင်းရွှေ့ရပြန်ပါတယ်။ စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးတွေ ၊ တိုက်လေယာဉ်တွေနဲ့ ပြည်သူတွေ ရှိတဲ့ဘက်ကို ပစ်ခတ်တိုက်ခိုက်နေနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ လုံခြုံမယ်ထင်တဲ့နေရာကို တနေရာပြီး တနေရာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲပါ။

spot_img
spot_img

Recent posts