spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တပ်မတော်တပ်စခန်း တိုးချဲ့ခြင်းသည် ယုံကြည်မှုကိုလျော့နည်းစေသည်ဟု KNPP ပြော

Author

Date

Category

ကန္တာရဝတီတိုင်းမ်

မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှစ်ဖက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နေချိန် အတောအတွင်း တပ်မတော်ဖက်ကတပ်စခန်းတိုးချဲ့ခြင်းသည် ယုံကြည်မှုကိုလျော့နည်းလာစေသည်ဟု KNPP အတွင်းရေးမှူး ၂ ဆရာဒယ်နီယာယ် ကပြောပါသည်။

ဆရာဒယ်နီယာယ်က “ယုံကြည်မှုကခိုင်မာလာရမယ့်အစားပိုပိုလျော့ကျလာတယ်ပေါ့။ ဒါကတော့ လူထုကပဲဖြစ်စေကျနော်တို့ အဖွဲ့အစည်းကပဲဖြစ်စေ၊ နှစ်ဖက် ကျနော်တို့ ခံစားမှုကဒီလိုဖြစ်လာပါတယ်။” ဟု ပြောပါသည်။

ဒီဇင်ဘာ ၂၁ ကနေဧပြီလ ၃ဝ ရက်နေ့အထိ မြန်မာ့တပ်မတော်ဖက်က မြောက်ပိုင်းတိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများကို ၄ စစ်ဆင်ရေးရပ်စဲထားချိန် ကယားပြည်နယ်ဘက်ကိုတော့ တပ်စခန်းများ တိုးချဲ့နေသည်။

၂၀၁၈ခုနှစ် ဒီဇင်ဘာလကစပြီးကယားပြည်နယ်မော်ချီး၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ရှားတော မြို့နယ်ထဲတွင် ဒေသခံများနေထိုင်သွားလာသည့် နေရာများတွင် တပ်စခန်းများတိုးချဲ့နေပါသည်။  

“လက်ရှိတပ်တိုးချဲ့ထားမှုကတပ်မတော်နဲ့ အပစ်ခတ်ရပ်စဲရေးယူထားတဲ့ KNPP အကြားမှာသဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်ကိုချိုးဖောက်နေတာဖြစ်ပြီး နှစ်ဖက်ကြား တင်းမာမှုတွေမရှိသေးပေမဲ့လည်းဒီကိစ္စနဲ့ပါတ်သက်ပြီးတပ်နဲ့ဖြစ်ဖြစ် ငြိမ်းချမ်းရေးကော်မရှင်နဲ့ဖြစ်ဖြစ်တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်။” ဟု ဆရာဒယ်နီယာယ်ကပြောပါသည်။

တပ်မတော်ဘက်မှ တာဝန်ရှိသူများက ယာယီတပ်စခန်းများသာဟု ပြောဆိုထားပါသည်။

စခန်းဆောက်ထားသည့်နေရာများတွင် စစ်သားများ ကင်လှည့်သွားလာလှုပ်ရှားခြင်း၊ ကျေးရွာအတွင်းဝင်ရောက်ခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံများက စိုးရိမ်မှုတွေရှိနေကြပါသည်။

ကရင်နီလူအခွင့်အရေးအဖွဲ့မှ ကိုဗညားက “အခုကအေးအေးဆေးဆေးမနေပဲနဲ့ လိုက်ပြီးတော့ လျောက်သွားနေတော့ လူထုတွေပိုကြောက်တာပေါ့နော။ “ဟု ပြောပါသည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA ထိုးထားသည့်အဖွဲ့များကလည်း တိုက်ပွဲဖြစ်နေသည့်အတွက် ယခုလို စခန်းများချနေမှုအပေါ် လုံခြုံရေးအတွက်ကြောက်ရွံ့နေကြသည်ဟုသိရသည်။

နိုင်ငံရေးအကူးအပြောင်ကာလတွင် နှစ်ဖက်တပ်များအပြန်အလှန်ယုံကြည်မှုများရရှိစေရန် အရေးကြီးသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

“တဖက်နဲ့တဖက်ကရန်စတဲ့သဘောမျိုးပုံစံမျိုးဖြစ်တဲ့ခါကျတော့ ကျနော်တို့ ကြားကနေကြည့်ရတာလည် ငြိမ်းချမ်းရေးကိုတိုက်ရိုက်ထိခိုက်နိုင်တဲ့အတွက်ပေါ့နော၊ ဒါကိုလည်း ပြန်ပြီးသုံးသပ်စေချင်တယ်။”ဟု ပြောသည်။

၂၀၁၂ ခုနှစ် မြန်မာအစိုးရနှင့် ကေအဲန်ပီပီအကြား ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များတွင်လည်းတပ်နေရာချထားရေးကိစ္စ လျော့ချရေး၊ သွားလာလှုပ်ရှားမှုကိစ္စများကြိုတင်အသိပေးအကြောင်းကြားခြင်းတို့ကိုတံခါးပိတ် ဆွေးနွေးချိန် သဘောတူညီခဲ့ကြသည်ဟုသိရသည်။

spot_img
spot_img

Recent posts