တပ်မတော်ရဲ့ လုပ်ရပ်အပေါ် ကယန်းအမျိုးသားပါတီက ထုတ်ပြန် ချက်

0
343

ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကယန်းအမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်မှာ ခေတ်နောက်ပြန်ဆွဲပြီး အာဏာရှင်ဆန်တဲ့ တပ်မတော်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းဖော်ပြထားပါတယ်။

ဒါ့အပြင် ကယန်းအမျိုးသားပါတီအနေနဲ့အဖိနှိပ်ခံပြည်သူတွေနဲ့ အတူရပ်တည်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မတရားဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်းခြွင်းချက်မရှိ ပြန်လွတ်ပေးဖို့ နဲ့ မဲဆန္ဒရှင် တွေရဲ့ သဘောထားကို အသိမှတ်ပြုဖို့ အပြင်နိုင်ငံရေး ပြသနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။