spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

တပ်သိမ်းမြေ ပြန်ပေးသင့်တဲ့ သဘောထားမှတ်ချက် ပြည်ထောင်စုအစိုးရထံတင်ပြထား

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တပ်ကနေတောင်သူတွေကိုသိမ်းထားတဲ့ မြေပြန်ပေးဖို့ကိစ္စ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် ပြည်ထောင်စုအစိုးရထံ ပြန်ပေးသင့်တယ်ဆိုတဲ့ သဘောထားမှတ်ချက်ကိုသာပေးနိုင်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပြောပါတယ်။

ဝန်ကြီးချုပ်က “ပြည်ထောင်စုကို ဒီအပေါ်မှာ စီမံပြီးမှ သူတို့ပေးတဲ့ ကဏ္ဍလေးကျန်နေတယ်။ သူတို့စီစစ်နေတယ် စီစစ်ပြီးမှသူတို့ပေးသင့်ပေးထိုက်တယ်ဆိုရင် သူတို့ပြန်ပေးဖို့ လုပ်မှာပေါ့။ ဒါကို ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်မှမရှိတာ”လို့ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလ ၃၁ရက်နေ့က ပြည်နယ်အစိုးရရုံးမှာ ကန္တာရဝတီတိုင်း(မ်)နှင့် သီးသန့်တွေ့ဆုံမေးမြန်းချိန်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တောင်သူမြေသိမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရရုံးမှာ တင်ပြစာတွေရောက်ရှိသလို ဆပ်ကော်မတီ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဝန်ကြီးချုပ်က တွေ့ဆုံရှင်းလင်းချပြမှုတွေလုပ်သလို အဲဒီဆွေးနွေးမှုတွေရဲ့ရလဒ်တွေကို ပြည်ထောင်စုကိုပေးပို့ထားပြီး ပြန်လည်စွန့်လွှတ်ပေးဖို့ တင်ပြထားတာရှိတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

“ဒီကိစ္စကိုတော့ ဒီအတိုင်းလက်ပိုက်ပြီး ကြည့်နေတာတော့မဟုတ်ပါဘူး မူဝါဒနဲ့အညီဖြစ်ဖို့အတွက် မူဝါဒနဲ့အညီဆောင်ရွက်ပေးနိုင်ဖို့အတွက် ကျတော်တို့ဆက်လက်တင်ပြထားတာရှိပါတယ်ဆိုတာကိုတော့ သူတို့ကိုပြောချင်ပါတယ်”လို့ ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

လက်ရှိတောင်သူတွေဟာ ပိုင်နက်ကျူးကျော်မှုဖြစ်တဲ့ ပုဒ်မ၄၄၇၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ-၆(၁) စတဲ့ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။

မြန်မာ့တပ်မတော်က ပြည်သူလူထုကို ကာကွယ်ရမယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားတာရှိတဲ့အတွက် တရားစွဲထားတာတွေရုတ်သိမ်းပြီးတောင်သူတွေကို မြေယာပြန်ပေးသင့်တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ခူးတူရယ် ပြောပါတယ်။

“တပ်တွေအနေနဲ့ တောင်သူတွေရဲ့ ဘဝကိုစာနာပါ၊ နားလည်ပါ၊ သနားပါ၊ ငဲ့ညာပါ သဘေားထားကြီးပေးပါ။ တောင်သူလယ်မားတွေအပေါ်မှာ စွဲဆိုထားတဲ့ အမှုအားလုံးကို အမြန်ဆုံးရုပ်သိမ်းပေးခြင်းအားဖြင့် တောင်သူလယ်သမား အပေါ်ထားတဲ့ သဘေားထားကြီးမှုကို ပြသနိုင်ရင်တော့အကောင်းဆုံးပါ။” လို့ ခူးတူရယ်က ပြောပါတယ်။

တရားစွဲဆိုခံနေရတဲ့ တောင်သူတွေဟာ စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုင်ရာအရပါ ရင်ဆိုင်ခံစားနေရတယ်လို့ ခူးတူရယ်က ပြောပါတယ်။

ကယားပြည်နယ်မှာ မြန်မာ့တပ်မတော်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဝန်ထမ်း၃ဦးနဲ့ တောင်သူလယ်သမား၁၀ဦးကို ပုဒ်မ ၄၄၇နဲ့ ထပ်မံတရားစွဲလိုက်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်က တောင်သူလယ်သမားတွေကို တရားစွဲဆိုတာ စုစုပေါင်း တောင်သူ ၄၁ ဦးရှိနေပါတယ်။

spot_img
spot_img

Recent posts