spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တရားစွဲခံထားရတဲ့ လူငယ် ၆ ဦးထဲကတစ်ဦးကို ဖမ်းဆီးရမိ

Author

Date

Category

နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁ဝ နဲ့ တိုင်းကြားခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးထဲကတစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့မှာ ချုပ်ရမန်ရယူပြီးနောက် လွိုင်ကော်အကျဉ်းထောင်ဆီ ပြောင်းရွှေ့ထိန်းသိမ်းခဲ့ပါတယ်။ လာမယ့် ၁ရ ရက်နေ့မှာ တရားရင်ဆိုင်ဖို့ ပြန်လည်ချိန်းဆိုုထားပါတယ်။

လူငယ် ၆ ဦးထဲက ဖမ်းဆီးခံရတဲ့လူငယ်တစ်ဦးမှာ ခူးကြူးဖဲကေး (ခ) ဂူဂူးဖြစ်ပြီး ဇွန်လ ၂ ရက်နေ့ ညနေပိုင်း ဖရူဆိုမြို့အသွားလမ်းမှာ ဖမ်းဆီးခံရတာလို့ ပြောပါတယ်။

spot_img
spot_img

Recent posts