spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တရားစွဲခံ လူငယ် ၆ ဦးရဲ့ လုပ်ဆောင်ချက်က ဥပဒေဘောင်ကျော်သည့်အတွက် အစိုးရက ဥပဒေအတိုင်းပဲ ဆက်သွားဖို့ ရှိ

Author

Date

Category

နော်ဒွေးအယ်ခူ

တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးရဲ့ လုပ်ဆောင်ချက်ဟာ ဥပဒေဘောင်ထက်ကျော်လွန်ခဲ့တာကြောင့် ပြည်နယ် အစိုးရ အဖွဲ့ တွေက မည်သို့ မျှ ကူညီလုပ်ဆောင်ပေး ၍ မရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်ကပြောကြားလိုက်ပါသည်။

“သူတို့ကလည်း တွေ့ဆုံဆွေးနွေးလို့ရတဲ့ဟာကို သူတို့က ဘောင်နည်းနည်းကျော်သွားတာပေါ့နော စိတ်တော့မကောင်းပါဘူး ကျနော်လည်း။ ဘောင်ကျော်တော့ ဥပဒေအတိုင်းသွားရတယ် အဲလိုဖြစ်သွားတာပေါ့နော” ဟု ဦးတီရယ်ကဆိုသည်။

တရားစွဲဆိုခံရတဲ့ လူငယ် ၆ ဦးနဲ့ပါတ်သက်ပြီး ပြည်နယ် အစိုးရအနေဖြင့် မည်သို့ ဆောင်ရွက်ရန်ရှိကြောင်းကို ကန္တရဝတီတိုင်း(မ်)

နဲ့ တွေ့ဆုံမေးမြန်းခဲ့စဉ်မှာ ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ဖြင့် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်မှ တရားစွဲဆိုသည့် ကရင်နီလူငယ် ၆ ဦးမှာ ဥပဒေဘောင်ကျော်လွန်သည့် လုပ်ဆောင်ချက်ကြောင့် တရားရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောသည်။

လက်ရှိ တရားရင်ဆိုင်နေရတဲ့ ကရင်နီလူငယ် ၆ ဦးသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီးဦးမော်မော် တို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ရက်နေ့က လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာခဲ့သည့်အတွက် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်မှ လွိုင်ကော်မြို့မရဲစခန်းတွင် မေလ ၁၇ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဖရူဆိုမြို့မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်ကလည်း လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် တည်ဆောက်မည့် ဗိုလ်ချုပ်ကြေးရုပ်အတွက် အသုံးပြုသည့် ဘတ်ဂျက်ကို ပြည်နယ်လွှတ်တော်တွင် မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ပယ်ချခံလိုက်ရကြောင်း ဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့သည်လည်း လက်ရှိအနိုင်ရအစိုးရပါတီဖြစ်သည့်အတွက် ကြေးရုပ်နှင့်ပတ်သက်၍ မေးမြန်းပါက လက်ခံမည်မဟုတ်ကြောင်းနှင့် ကြေးရုပ်ပြဿနာဆက်လက်ရှိအုံးမည်ဖြစ်ကြောင်း ၎င်းကသုံးသပ်ပြောဆိုသည်။

ဦးသဲရယ်က “ရှေ့ဆက် ဒီကြေးရုပ်နဲ့ပတ်သက်ပြီးတော့မှ မေးလို့ရသလားဆိုတဲ့ဟာလည်း လက်ရှိ ပြည်နယ်အစိုးရမှာက NLD တွေပဲ ကြီးစိုးထားတယ်။ ကျနော်ထင်ပါတယ် မေးလည်း လက်ခံမှာမဟုတ်ဘူးလို့ပဲ ယူဆတာပေါ့နော။ ကြေးရုပ်ပြဿနာလည်းဆက်ရှိနေအုံးမှာပဲ နောက်ပြီး ပြည်နယ်လွှတ်တော်ထဲမှာလည်း မေးဖို့ ဘယ်သူမှ မကြိုးစားကြဘူးပေါ့။ ကျနော်ကြိုးစားခဲ့ပေမယ့်လည်း အလုပ်မဖြစ်ဘူးပေါ့”ဟု ဆိုသည်။

ကရင်နီသမိုင်းကြောင်းရေးထားသောစာတွေကို ပြည်သူလူထုတွေဆီ ဖြန့်ဝေခဲ့သည့်အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ) အပြင် ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ငြိမ်းစုစီပုဒ်မ (၁၉)(၂၀) ဖြင့်လည်း လက်ရှိ တရားစွဲဆိုခံရ လူငယ်အချို့က တရားစွဲဆိုခံခဲ့ရပြီး နောက်ပိုင်းတွင် အမှုကို ပြန်လည် ရုတ်သိမ်းပေးခဲ့သည်။

လူငယ်များကို တရားစွဲဆိုထားသည့် ပုဒ်မ၏ ဥပဒေပြဌာန်းချက်သည် နိုင်ငံသားတစ်ဦးမှ ၎င်း၏နစ်နာမှုများကို တိုက်ရိုက် တိုင်ကြားရမည်ဖြစ်သော်လည်း လက်ရှိမှာ ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်မှ တရားစွဲဆိုထားသည့်အတွက် ၎င်းဥပဒေသည် နိုင်ငံသားကို ကာကွယ်ပေးခြင်းမဟုတ်တော့ဘဲ ပြည်သူကို အစိုးရမှ တရားစွဲဆိုသည့်အနေအထားဖြစ်နေကြောင်း သြဂုတ်လ ၁၅ရက်နေ့ ရုံးထုတ်စစ်ဆေးခဲ့အပြီး တနင်္သာရီရှေ့နေများကွန်ယက်မှ ဦးအောင်ဇာနည်စိုး သုံးသပ်ပြောဆိုခဲ့သည်။

spot_img
spot_img

Recent posts